Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 22:14 - Common Language Bible

14 ငါ​သည်​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် ရွှေ​တန်​ချိန်​လေး​ထောင်​ခန့်​ကို​လည်း​ကောင်း၊ ငွေ​တန်​ချိန်​လေး​သောင်း​နီး​ပါး​မျှ​ကို​လည်း ကောင်း​ကြိုး​စား​၍​စု​ဆောင်း​ထား​ခဲ့​၏။ ထို​မှ တစ်​ပါး​လည်း​အ​ချိန်​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​သော​ကြေး​ဝါ​နှင့်​သံ​များ​လည်း ငါ့​မှာ​ရှိ​၏။ သစ်​များ၊ ကျောက်​များ​လည်း အ​ဆင်​သင့်​ရှိ​၏။ သို့​ရာ​တွင်​သင်​သည် ထပ်​မံ​၍​စု​ဆောင်း​ရ​လိမ့်​ဦး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ငါ သည် ဆင်း ရဲ ခံ စဉ် ပင် ရွှေ ချိန် ခွက် သုံး သန်း၊ ငွေ ချိန် ခွက် သုံး ကု ဋေ၊ ပေါ များ သ ဖြင့် မ ချိန် တွယ် နိုင် သော ကြေး၊ သံ၊ သစ် သား၊ ကျောက် များ ကို ထာ ဝ ရ ဘု ရား ဗိ မာန် တော် အ ဖို့ အ သင့် ပြင် ဆင် ခဲ့ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ငါ​သည် ဆင်း​ရဲ​ခံ​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​အ​ဖို့ ရွှေ​အ​ခွက်​တစ်​ထောင်​နှင့် ငွေ​အ​ခွက် တစ်​သောင်း​ကို​လည်း​ကောင်း၊ အ​ချိန်​မ​မှတ်​နိုင်​အောင် များ​စွာ​သော ကြေး​ဝါ​နှင့်​သံ​ကို​လည်း​ကောင်း၊ သစ်​သား​များ​နှင့် ကျောက်​များ​ကို​လည်း​ကောင်း ပြင်​ဆင်​ပြီ။ သင်​သည်​လည်း ထပ်၍ ပြင်​ဆင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ထာဝရဘုရား​၏​အိမ်​တော်​အဖို့ ရွှေ​တာလန်​တစ်သိန်း​၊ ငွေ​တာလန်​တစ်သန်း​၊ မ​ချိန်တွယ်​နိုင်​လောက်အောင် များပြား​လှ​သော​ကြေးနီ​၊ သံ​၊ သစ်​၊ ကျောက်​များ​ကို အပင်ပန်းခံ​ပြီး ငါ​ပြင်ဆင်​ပေး​ခဲ့​ပြီ​။ သင်​သည်​လည်း ထပ်ဖြည့်​နိုင်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 22:14
10 ပူးပေါင်းရင်းမြစ်များ  

နှစ်​စဉ်​နှစ်​တိုင်း​ရှော​လ​မုန်​သည်​ရွှေ​ချိန်​နှစ်​ဆယ့် ငါး​တန်​ရ​ရှိ​၏။-


ထို​ပစ္စည်း​တန်​ဆာ​တို့​သည်​အ​လွန်​များ​သော ကြောင့်​မ​ချိန်​တွယ်​ဘဲ​ထား​၏။ ထို့​ကြောင့်​ယင်း တို့​၏​အ​လေး​ချိန်​ကို​မ​သိ​နိုင်။


ဗိ​မာန်​တော်​အ​တွက်​ရှော​လ​မုန်​မင်း​ပြု​လုပ်​ခဲ့ သော​ကြေး​ဝါ​ပစ္စည်း​များ​ဖြစ်​သည့်​တိုင်​ကြီး​နှစ်​လုံး၊ လှည်း​များ​နှင့်​ရေ​စည်​ကြီး​တို့​သည်​ချိန်​တွယ်​၍ မ​ရ​အောင်​ပင်​လေး​လံ​ပေ​သည်။-


သင့်​မှာ​များ​စွာ​သော​အ​လုပ်​သ​မား များ​ရှိ​၏။ ကျောက်​ဆစ်​သ​မား​များ၊ ပန်း​ရံ များ၊ လက်​သ​မား​များ​နှင့်၊-


မင်း​ကြီး​သည်​အိမ်​ရိုက်​သံ​များ​ပြု​လုပ်​ရန် နှင့်​ဝင်း​တံ​ခါး​ကြီး​များ​အ​တွက် ပျဉ်​ဆက် ကိ​ရိ​ယာ​များ​ပြု​လုပ်​ရန်​သံ​အ​မြောက် အ​မြား​ကို​ထုတ်​ပေး​တော်​မူ​၏။ ချိန်​တွယ်​၍ ပင်​မ​ရ​နိုင်​အောင်​များ​ပြား​သော​ကြေး​ဝါ များ​ကို​ထုတ်​ပေး​တော်​မူ​၏။-


ငါ​သည်​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​ပစ္စည်း များ​ဖြစ်​သည့်​ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သစ်၊ ကျောက်​မျက်​ရ​တ​နာ၊ ကျောက်​စီ​ပန်း​ဖော် ကျောက်​များ​နှင့် မြောက်​မြား​စွာ​သော​ကျောက် ဖြူ​တို့​ကို​စု​ဆောင်း​ပြင်​ဆင်​ထား​ရန်​အ​စွမ်း ကုန်​ကြိုး​စား​အား​ထုတ်​ခဲ့​၏။-


ဗိ​မာန်​တော်​အ​တွက်​ရှော​လ​မုန်​မင်း​ပြု လုပ်​ခဲ့​သော​ကြေး​ဝါ​ပစ္စည်း​များ​ဖြစ်​သည့် တိုင်​ကြီး​နှစ်​လုံး၊ အောက်​ခံ​ခုံ​များ၊ ရေ​ကန် ကြီး​နှင့်​အောက်​ခံ​နွား​ရုပ်​တစ်​ဆယ့်​နှစ်​ခု တို့​သည်​ချိန်​တွယ်​၍​မ​ရ​အောင်​ပင်​လေး​လံ ပေ​သည်။-


ထို​အ​သင်း​တော်​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​များ​ကို အ​လူး​အ​လဲ​ခံ​ခဲ့​ရ​ကြ​၏။ သို့​သော်​လည်း လွန်​စွာ​ရွှင်​လန်း​ဝမ်း​မြောက်​လျက်​ပင်​ရှိ​ရ​ကား သူ​တို့​သည်​အ​လွန်​ဆင်း​ရဲ​ကြ​သော်​လည်း ပေး​ကမ်း​စွန့်​ကြဲ​မှု​တွင်​အ​တိုင်း​ထက်​အ​လွန် ရက်​ရော​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ