ဆာလံ 99:5 - Common Language Bible5 ငါတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြလော့။ ကိုယ်တော်၏ရာဇပလ္လင်တော်ရှေ့၌ ပျပ်ဝပ်ကိုးကွယ်ကြလော့။ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်တော် မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible5 ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဂုဏ် တော် ကို ချီး မြှောက် ကြ လျက်၊ ခြေ တော် တင် ရာ ခုံ ရှေ့၊ ရှိ ခိုး ကြ လော့။ ကိုယ် တော် သည် သန့် ရှင်း တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible5 ငါတို့ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ ခြေတော်တင်ရာခုံအောက်၌ ပျပ်ဝပ်ကိုးကွယ်ကြလော့။ အကြောင်းမူကား ကိုယ်တော်သည် သန့်ရှင်းတော်မူသတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ငါတို့၏ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့။ ကိုယ်တော်၏ခြေတင်ခုံရှေ့၌ ပျပ်ဝပ်ကြလော့။ ကိုယ်တော်သည် သန့်ရှင်းတော်မူ၏။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရားကိုယ်တော်ရှင်သည်၊ ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုချီးမြှောက်၍ နာမတော်ကိုထောမနာပြုပါမည်။ ကိုယ်တော်ရှင်သည်အံ့သြဖွယ်ရာအမှုတို့ကို ပြုတော်မူပါပြီ။ ရှေးမဆွကပင်ပြုတော်မူခဲ့သည့် အကြံအစည်တော်တို့ကို၊ တိကျစွာအကောင်အထည်ဖော်တော်မူပါပြီ။
ထာဝရဘုရားအားထောမနာပြုကြလော့။ ကူမတော်မူရန်တောင်းလျှောက်ကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။ ကိုယ်တော်၏ကြီးမြတ်တော်မူပုံကို သူတို့အားပြောကြားကြလော့'' ဟု လူတို့သီဆိုကူးဧမည့်အချိန်ကာလ ကျရောက်လာလိမ့်မည်။
ဒါဝိဒ်မင်းသည်ထိုသူတို့ရှေ့တွင်ရပ်လျက် မိန့်ခွန်းမြွက်ကြားတော်မူ၏။ မင်းကြီးက``ငါ ၏ပြည်သူပြည်သားတို့၊ နားထောင်ကြလော့။ ငါသည်ငါတို့ဘုရားသခင်ထာဝရဘုရား ၏ခြေတင်ခုံဖြစ်သော ပဋိညာဉ်သေတ္တာတော် ကိုထားရှိရန်အတွက်အိမ်တော်တစ်ဆောင် ကိုတည်ဆောက်လိုပေသည်။ ဘုရားသခင် နာမတော်ကိုချီးမြှောက်ရန်ဗိမာန်တော် တည်ဆောက်ရေးအတွက်ငါသည်ပြင်ဆင် မှုများကိုပြုခဲ့လေပြီ။-