ဒါဝိဒ်မင်းသည်ယေရိယ၏ဆွေမျိုးများ ထဲမှ ထူးချွန်သူအိမ်ထောင်ဦးစီးနှစ်ထောင့် ခုနစ်ရာကိုရွေးချယ်၍ရုဗင်ပြည်၊ ဂဒ် ပြည်နှင့်မနာရှေအရှေ့ပိုင်းတို့တွင်ဘာသာ ရေးနှင့် မြို့ပြရေးရာအမှုကိစ္စမှန်သမျှ တို့ကိုစီမံအုပ်ချုပ်ရန်တာဝန်ပေးအပ် တော်မူ၏။
ယေရိယ၏ပေါက်ဖော်တည်းဟူသော သူရဲကြီး၊ အဆွေအမျိုးသူကြီး နှစ်ထောင်ခုနစ်ရာတို့သည် ဒါဝိဒ်မင်းကြီးခန့်ထားသည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်ကိုအုပ်စိုး၍ ဘုရားသခင်၏အမှုတော်နှင့် ရှင်ဘုရင်အမှုအမျိုးမျိုးတို့ကို စောင့်ရကြ၏။
ယေရိယ၏ညီအစ်ကိုများတွင် ရဲစွမ်းသတ္တိရှိသူနှစ်ထောင့်ခုနစ်ရာရှိ၍ သူတို့သည် ဘိုးဘေးအိမ်ထောင်စုတို့၏အကြီးအမှူးများ ဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးက သူတို့ကို ရုဗင်အမျိုးအနွယ်၊ ဂဒ်အမျိုးအနွယ်၊ မနာရှေအမျိုးအနွယ်တစ်ဝက်တို့ကို အုပ်ချုပ်စေပြီး ဘုရားသခင်၏အမှုတော်အလုံးစုံနှင့် ရှင်ဘုရင်၏အမှုကိစ္စကိုလည်း ထမ်းဆောင်စေ၏။
သူတို့အား``သင်တို့သည်လေဝိသားချင်းစု တို့၏ခေါင်းဆောင်များဖြစ်ကြ၏။ ငါအသင့် ပြင်ဆင်ထားသည့်ဌာနတော်သို့ ဣသရေလ အမျိုးသားတို့ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာ နိုင်စေရန် သင်တို့သည်မိမိတို့ကိုယ်ကိုလည်း ကောင်း၊ သင်တို့၏ညီအစ်ကိုများဖြစ်သော လေဝိအနွယ်ဝင်တို့ကိုလည်းကောင်းသန့် စင်စေကြလော့။-
ဤသူတို့ကားသားချင်းစုနှင့်အိမ်ထောင်စု အလိုက်ဖော်ပြသည့် လေဝိအဆက်အနွယ် များဖြစ်ကြ၏။ ထိုသူအပေါင်းတို့အားတစ် ဦးစီ၏နာမည်ကိုမှတ်ပုံတင်ထားလေသည်။ အသက်နှစ်ဆယ်နှင့်အထက်ရှိသူလေဝိ၏ သားမြေးတိုင်းပင်လျှင် ထာဝရဘုရား၏ ဗိမာန်တော်တွင်ပါဝင်၍အမှုတော်ထမ်း ဆောင်ရကြ၏။
မိမိတို့၏ဆွေမျိုးများဖြစ်သောအာရုန်မှ ဆင်းသက်လာသော ယဇ်ပုရောဟိတ်များပြုခဲ့ ကြသည့်နည်းတူ၊ အိမ်ထောင်စုတိုင်းမှအိမ် ထောင်ဦးစီးနှင့်ယင်းအိမ်ထောင်မှညီဖြစ်သူ တစ်ယောက်သည်မဲချ၍ တာဝန်ဝတ္တရားများ ကိုယူရကြ၏။ ဤသို့ပြုရာ၌ဒါဝိဒ်မင်း၊ ဇာဒုတ်၊ အဟိမလက်၊ ယဇ်ပုရောဟိတ်တို့ ၏အိမ်ထောင်ဦးစီးများနှင့်လေဝိအနွယ် ဝင်တို့၏အိမ်ထောင်ဦးစီးများသည်အသိ သက်သေဖြစ်ကြ၏။
ဘုရင်၏အမှုတော်ကိုထမ်းရွက်ရသူ ဣသရေလ အမျိုးသားအိမ်ထောင်ဦးစီးများ၊ သားချင်းစု ခေါင်းဆောင်များနှင့်နိုင်ငံတော်အုပ်ချုပ်ရေး အရာရှိများစာရင်းမှာအောက်ပါအတိုင်း ဖြစ်၏။ သူတို့သည်လူပေါင်းနှစ်သောင်းလေး ထောင်စီရှိသည့်အဖွဲ့များဖွဲ့၍တစ်လလျှင် တစ်ဖွဲ့တာဝန်ယူရကြ၏။ ထိုအဖွဲ့တိုင်းကို သက်ဆိုင်ရာတပ်မဟာမှူးတစ်ယောက်က ကွပ်ကဲအုပ်ချုပ်လေသည်။
ဘာသာရေးအမှုအခင်းရှိသမျှတွင်ယဇ်ပုရော ဟိတ်မင်းအာမရိသည်လည်းကောင်း၊ တရားအမှု မှန်သမျှတွင် ဣရှမေလ၏သား၊ ယုဒဘုရင်ခံ ဇေဗဒိသည်လည်းကောင်းနောက်ဆုံးအာဏာပိုင် ဖြစ်စေရမည်။ တရားရုံးများမှချမှတ်သည့် စီရင်ချက်များကိုအရေးယူဆောင်ရွက်ရန်မှာ လေဝိအနွယ်ဝင်တို့၏တာဝန်ဖြစ်၏။ သင်တို့ သည်ဤညွှန်ကြားချက်များကိုရဲရင့်စွာ ဆောင်ရွက်ကြလော့။ ထာဝရဘုရားသည် ဖြောင့်မှန်သူတို့ဘက်၌ရှိတော်မူပါစေသော'' ဟုမိန့်တော်မူ၏။
ထိုနောက်ယောရှုသည်ရုဗင်အနွယ်၊ ဂဒ်အနွယ် နှင့်မနာရှေအနွယ်တစ်ဝက်တို့အား၊-