၁ ရာချုပ် 15:12 - Common Language Bible12 သူတို့အား``သင်တို့သည်လေဝိသားချင်းစု တို့၏ခေါင်းဆောင်များဖြစ်ကြ၏။ ငါအသင့် ပြင်ဆင်ထားသည့်ဌာနတော်သို့ ဣသရေလ အမျိုးသားတို့ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာ နိုင်စေရန် သင်တို့သည်မိမိတို့ကိုယ်ကိုလည်း ကောင်း၊ သင်တို့၏ညီအစ်ကိုများဖြစ်သော လေဝိအနွယ်ဝင်တို့ကိုလည်းကောင်းသန့် စင်စေကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible12 သင် တို့ သည် လေ ဝိ ဂိုဏ်း တွင် အိမ် ထောင် အ အုပ် အ ချုပ် များ ဖြစ် ကြ သည် နှင့် ငါ ပြု ပြင် ပြီး နေ ရာ တော် သို့ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ကို ပင့် ဆောင် အံ့ သော ငှါ ကိုယ် တိုင် နှင့် ဆွေ မျိုး သား ချင်း တို့ ပါ သန့် ရှင်း ကြ စေ။ အခန်းကိုကြည့်ပါ။Judson Bible12 သင်တို့သည် လေဝိသား အဆွေအမျိုးသူကြီး ဖြစ်ကြ၏။ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၏သေတ္တာတော်အဖို့ ငါပြင်ဆင်သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှာ ကိုယ်ကိုလည်းကောင်း၊ ညီအစ်ကိုတို့ကိုလည်းကောင်း၊ သန့်ရှင်းစေကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သူတို့အား “သင်တို့သည် လေဝိအမျိုးဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများ ဖြစ်ကြ၏။ ထို့ကြောင့် ယခု သင်တို့ကိုယ်တိုင်နှင့် သင်တို့၏ဆွေမျိုးသားချင်းများကိုယ်တိုင် ကိုယ်ကိုသန့်ရှင်းစေပြီး ငါပြင်ဆင်ထားသောနေရာသို့ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၏သေတ္တာတော်ကို သယ်ဆောင်လာကြလော့။ အခန်းကိုကြည့်ပါ။ |
မိမိတို့၏ဆွေမျိုးများဖြစ်သောအာရုန်မှ ဆင်းသက်လာသော ယဇ်ပုရောဟိတ်များပြုခဲ့ ကြသည့်နည်းတူ၊ အိမ်ထောင်စုတိုင်းမှအိမ် ထောင်ဦးစီးနှင့်ယင်းအိမ်ထောင်မှညီဖြစ်သူ တစ်ယောက်သည်မဲချ၍ တာဝန်ဝတ္တရားများ ကိုယူရကြ၏။ ဤသို့ပြုရာ၌ဒါဝိဒ်မင်း၊ ဇာဒုတ်၊ အဟိမလက်၊ ယဇ်ပုရောဟိတ်တို့ ၏အိမ်ထောင်ဦးစီးများနှင့်လေဝိအနွယ် ဝင်တို့၏အိမ်ထောင်ဦးစီးများသည်အသိ သက်သေဖြစ်ကြ၏။
သင်တို့သည်ပသခါသိုးများ၊ ဆိတ်များ ကိုသတ်ရမည်။ ယခုမိမိတို့ကိုယ်ကို ဘာသာရေးထုံးနည်းအရသန့်စင်မှုရှိ အောင်ပြု၍ မောရှေအားဖြင့်ထာဝရဘုရား ပေးတော်မူသောညွှန်ကြားချက်များကို အမျိုးသားချင်းတို့လိုက်နာကျင့်သုံးနိုင် ကြစေရန် ယဇ်ပူဇော်မှုကိုပြင်ဆင်ကြ လော့'' ဟုမိန့်တော်မူ၏။
ယဇ်ပုရောဟိတ်အပေါင်းတို့သည်မည်သည့် အဖွဲ့တွင်ပါဝင်သည်မဆို မိမိတို့ကိုယ် ကိုဆက်ကပ်ပြီးဖြစ်ကြ၏။ လေဝိအနွယ် ဝင်ဂီတဆရာများဖြစ်ကြသောအာသပ်၊ ဟေမန်၊ ယေဒုသုန်နှင့်သူတို့၏တပည့်အပေါင်း တို့သည်ပိတ်ချောထည်ကိုဝတ်ဆင်၍လင်း ကွင်းများ၊ စောင်းများကိုကိုင်လျက်တံပိုး ခရာမှုတ်သူယဇ်ပုရောဟိတ်ပေါင်းတစ်ရာ့ နှစ်ဆယ်တို့သည်သူတို့နှင့်အတူယဇ်ပလ္လင် ၏အရှေ့ဘက်တွင်ရပ်နေကြလေသည်။ သီ ဆိုသူတို့သည်တံပိုးခရာသံ၊ လင်းကွင်း သံနှင့်အခြားတူရိယာသံများနှင့်စည်း လိုက်ဝါးလိုက်ညီညာစွာထာဝရဘုရား အားသီဆိုထောမနာပြုကြကုန်၏။ သူတို့က ``ထာဝရဘုရားသည်ကောင်းမြတ်တော်မူ သည်ဖြစ်၍ကိုယ်တော်အားထောမနာပြု ကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ်တည် သတည်း'' ဟုသီဆိုကြလေသည်။ ယဇ်ပုရောဟိတ်တို့သည်ဗိမာန်တော်မှထွက်လာ စဉ်ဗိမာန်တော်သည်ရုတ်တရက်မိုးတိမ်ဖြင့် ပြည့်လာပြီးလျှင် ထာဝရဘုရား၏ဘုန်းအသ ရေတော်ထွန်းတောက်သည်ဖြစ်၍သူတို့သည်ဝတ် ပြုကိုးကွယ်ခြင်းကိုဆက်လက်၍မပြုနိုင်ကြ ချေ။
ဤသန့်ရှင်းမြင့်မြတ်သည့်နယ်မြေသည်ဇာဒုတ်၏သားမြေးများဖြစ်ကြသောယဇ်ပုရောဟိတ်တို့အတွက်ဖြစ်ရမည်။ သူတို့သည်ငါ၏အမှုတော်ကိုသစ္စာရှိစွာထမ်းဆောင်ခဲ့ကြ၏။ အခြားဣသရေလအမျိုးသားတို့မှောက်မှားလမ်းလွဲကြသောအခါ သူတို့သည်လေဝိအနွယ်ဝင်တို့ကဲ့သို့လမ်းမလွဲကြ။-