၁ ရာချုပ် 15:13 - Common Language Bible13 ပထမအကြိမ်ပင့်ဆောင်စဉ်အခါကသင် တို့မပါမရှိခဲ့ကြ။ သို့ဖြစ်၍ငါတို့သည် မိမိတို့၏ဘုရားသခင်ထာဝရဘုရား အား လျောက်ပတ်စွာဝတ်ပြုကိုးကွယ်မှုကို မပြုကြသဖြင့် ကိုယ်တော်သည်ငါတို့အား အပြစ်ဒဏ်ခတ်တော်မူခဲ့၏'' ဟုမိန့်တော် မူလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible13 ဥ ပ ဒေ သ တော် အ တိုင်း မ ဟုတ်၊ သင် တို့ မ ပါ ဘဲ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ယ မန် ငါ တို့ လိုက် ရှာ မိ သည့် အ တွက် ငါ တို့ ကို ခွင်း ဖောက် တော် မူ ခဲ့ လေ စွ ဟု မိန့် ဆို သည့် အ ရ၊ အခန်းကိုကြည့်ပါ။Judson Bible13 အရင်ကမသန့်ရှင်း၊ တရားလမ်းသို့ မလိုက်ဘဲ ငါတို့ဘုရားသခင် ထာဝရဘုရားကို ရှာသောကြောင့် ဒဏ်ခတ်တော်မူသည်ဟု သတိပေး၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ယခင်က သေတ္တာတော်ကိုသယ်ဆောင်ရာတွင် သင်တို့မပါခဲ့၊ ငါတို့လည်း စီရင်ထုံးဖွဲ့ချက်အတိုင်း မမေးလျှောက်ဘဲ သယ်ဆောင်ခဲ့သောကြောင့် ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို ဒဏ်ခတ်တော်မူခဲ့ပြီ”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်မင်းကြီးက``ထာဝရဘုရားသည် မိမိ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ရန် နှင့် အစဉ်အမြဲကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်ရန် လေဝိအနွယ်ဝင်တို့ကိုသာ လျှင်ရွေးချယ်ခန့်ထားတော်မူသည်ဖြစ်၍ ထိုသူတို့သာလျှင်ပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်ရကြပေမည်'' ဟုမိန့်တော် မူလျက်၊-
စခန်းသိမ်းချိန်ရောက်၍အာရုန်နှင့်သူ၏သား များက သန့်ရှင်းသောအသုံးအဆောင်ပစ္စည်း အားလုံးတို့ကိုဖုံးအုပ်ပြီးမှသာလျှင် ကော ဟတ်၏သားချင်းစုတို့သည်လာ၍ထိုပစ္စည်း များကိုထမ်းရကြမည်။ ကောဟတ်၏သား ချင်းစုတို့သည်ထိုပစ္စည်းများကိုလက်နှင့် မထိရ။ ထိမိလျှင်အသက်သေဆုံးရ ကြမည်။ တဲတော်ကိုပြောင်းရွှေ့သည့်အခါတိုင်း ကောဟတ်၏သားချင်းစုတို့သည်အဆို ပါတာဝန်များကိုထမ်းဆောင်ကြရမည်။