Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာ​ချုပ် 26:31 - Common Language Bible

31 ယေ​ရိ​ယ​သည်​ဟေဗြုန်​၏​သား​မြေး​တို့​တွင်​ခေါင်း ဆောင်​ဖြစ်​၏။ ဒါ​ဝိဒ်​မင်း​နန်း​စံ​အ​နှစ်​လေး​ဆယ် မြောက်​တွင်​ဟေ​ဗြုန်​၏​သား​မြေး​ဆွေ​စဉ်​မျိုး​ဆက် များ​ကို​စုံ​စမ်း​ရှာ​ဖွေ​၍​ကြည့်​ရာ ယင်း​အ​ဆက် အ​နွယ်​များ​ထဲ​မှ​ထူး​ချွန်​သော​စစ်​သူရဲ​များ သည်​ဂိ​လဒ်​ပြည်​ယာ​ဇာ​မြို့​၌​နေ​ထိုင် လျက်​ရှိ​ကြောင်း​တွေ့​ရ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31-32 ယေ ရိ သည် ဟေ ဗြုန့် အ နွယ်၊ ဆွေ စဉ် မျိုး ဆက် အိမ် ထောင် များ တွင် အ အုပ် အ ချုပ် ဖြစ် ကြ၏။ ဒါ ဝိဒ် မင်း နန်း စံ လေး ဆယ် တွင် လိုက် ရှာ ရာ ဂိ လဒ် နယ်၊ ယာ ဇာ မြို့၌ ယေ ရိ၏ ဆွေ မျိုး သား ချင်း အိမ် ထောင် အ အုပ် အ ချုပ်၊ ခွန် အား စွမ်း ရည် ကောင်း သူ နှစ် ထောင့် ခု နစ် ရာ တို့ ကို တွေ့ သ ဖြင့် ရု ဗင့် အ နွယ်၊ ဂဒ် အ နွယ် သား တို့ နှင့် မ နာ ရှေ့ အ နွယ် တစ် ဝက် တို့ အ ပေါ် တွင် ဘု ရား သ ခင့် အ မှု တော် နှင့် မင်း မှု များ ကို ဆောင် ရွက် ကြ စေ ရန် ဒါ ဝိဒ် မင်း ခန့် ထား လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 ဟေ​ဗြုန်​အ​မျိုး​သား​တို့​တွင်၊ အ​ဆွေ​အ​မျိုး​အ​လိုက် ယေ​ရိ​ယ​သည် အ​ကြီး​အ​ကဲ​ဖြစ်၏။ ဒါ​ဝိဒ်​မင်း​နန်း​စံ​လေး​ဆယ်​တွင်၊ ထို​အ​မျိုး​သား​တို့​ကို စာ​ရင်း​ယူ၍ ဂိ​လဒ်​ပြည်​ယာ​ဇာ​မြို့၌ ခွန်​အား​ကြီး​သော​သူ​ရဲ​တို့​ကို တွေ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 ဟေဗြုန်​အမျိုး​ဖြစ်​သော ယေရိယ​သည် ဘိုးဘေး​အိမ်ထောင်စု​၏​ဆွေစဉ်မျိုးဆက်​အရ ဟေဗြုန်​အမျိုး​၏​အကြီးအမှူး​ဖြစ်​၏​။ ဒါဝိဒ်​မင်းကြီး​နန်းစံ​အနှစ်​လေးဆယ်​အတွင်း ရဲစွမ်းသတ္တိ​ရှိ​သူ​များ​ကို ရှာဖွေ​ရာ သူ​တို့​ကို ဂိလဒ်​ပြည်​၊ ယာဇာ​မြို့​တွင် တွေ့​ခဲ့​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 26:31
8 ပူးပေါင်းရင်းမြစ်များ  

ကော​ဟတ်​၏​တ​တိ​ယ​သား​ဟေ​ဗြုန်​တွင်​ယေ​ရိ၊ အာ​မ​ရိ၊ ယ​ဟာ​ဇေ​လ​နှင့်​ယေ​က​မံ​ဟူ​သော သား​လေး​ယောက်​ရှိ​၏။-


ယ​ခု​အ​ခါ​ငါ​သည်​ယာ​ဇာ​မြို့​အ​တွက်​ငို ယို​မိ​သ​ကဲ့​သို့ စိ​ဗ​မာ​စ​ပျစ်​ပင်​များ​အ​တွက် လည်း​ငို​ယို​မိ​ပါ​၏။ လူ​တို့​ဝမ်း​မြောက်​စွာ​စု သိမ်း​ရန်​အ​သီး​အ​နှံ​များ​မ​ရှိ​တော့​သ​ဖြင့် ငါ​သည်​ဟေ​ရှ​ဘုန်​မြို့​နှင့်​ဧ​လာ​လေ​မြို့ တို့​အ​တွက်​မျက်​ရည်​ကျ​ပါ​၏။-


ဟေ​ရှ​ဘုန်​မြို့၊ ယာ​ဇာ​မြို့​နှင့်​ယင်း​တို့​၏​အ​နီး တစ်​ဝိုက်​ရှိ​မြက်​ခင်း​များ​ကို​လည်း​ကောင်း​ရ​ရှိ ကြ​လေ​သည်။


သူ​သည်​ဟေ​ဗြုန်​မြို့​၌​ခု​နစ်​နှစ်၊ ယေ​ရု​ရှ​လင် မြို့​၌​သုံး​ဆယ့်​သုံး​နှစ်၊ စု​စု​ပေါင်း​အ​နှစ်​လေး ဆယ်​ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ဖြင့်​နန်း​စံ တော်​မူ​၏။-


သူ​တို့​၏​နယ်​မြေ​သည်​ယာ​ဇာ​မြို့​နှင့်​ဂိ​လဒ် ပြည်​ရှိ​မြို့​အား​လုံး၊ ရဗ္ဗာ​မြို့​အရှေ့​ဘက်​တွင် ရှိ​သော​အာ​ရော်​မြို့​အ​ထိ​ကျယ်​ပြန့်​သော အမ္မုန်​ပြည်​တစ်​ဝက်​ပါ​ဝင်​သည်။-


ဒါ​ဝိဒ်​ဘုရင်​ဖြစ်​သော​အ​ခါ​အ​သက်​သုံး ဆယ်​ရှိ​၏။ သူ​သည်​နှစ်​ပေါင်း​လေး​ဆယ်​တိုင် တိုင်​နန်း​စံ​တော်​မူ​ရ​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ