၁ ရာချုပ် 23:24 - Common Language Bible24 ဤသူတို့ကားသားချင်းစုနှင့်အိမ်ထောင်စု အလိုက်ဖော်ပြသည့် လေဝိအဆက်အနွယ် များဖြစ်ကြ၏။ ထိုသူအပေါင်းတို့အားတစ် ဦးစီ၏နာမည်ကိုမှတ်ပုံတင်ထားလေသည်။ အသက်နှစ်ဆယ်နှင့်အထက်ရှိသူလေဝိ၏ သားမြေးတိုင်းပင်လျှင် ထာဝရဘုရား၏ ဗိမာန်တော်တွင်ပါဝင်၍အမှုတော်ထမ်း ဆောင်ရကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible24 ဆို ခဲ့ သော သူ တို့ သည် အ သက် နှစ် ဆယ် ကျော်၍ ဗိ မာန် တော် ဝေ ယျာ ဝ စ္စ ကို ဆောင် ရွက် ရ လျက် ဦး ရေ အ လိုက် စာ ရင်း ဝင် သူ တို့၏ အိမ် ထောင် များ တွင် အ အုပ် အ ချုပ်၊ လေ ဝိ အ နွယ် သား များ ဖြစ် ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible24 ဤရွေ့ကား အသက်နှစ်ဆယ်လွန်၍ ထာဝရဘုရား၏ အိမ်တော်အမှုကိုဆောင်ရွက်ရသော လေဝိအမျိုးသား အဆွေအမျိုးအလိုက် စာရင်းဝင်သော အဆွေအမျိုးသူကြီးဖြစ်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း24 ဤသူတို့ကား ထာဝရဘုရား၏အိမ်တော်တွင် အမှုတော်ထမ်းဆောင်ရန် လေဝိသားမြေးတို့ကို သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အသက်နှစ်ဆယ်နှင့်အထက်ရှိသူများအား စာရင်းကောက်ယူရာတွင် နာမည်နှင့်တကွစာရင်းဝင်သောအကြီးအမှူးများ ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍သူတို့သည် ယေရုရှလင်မြို့ရှိဗိမာန် တော်တည်ခဲ့ရာသို့ပြန်လည်ရောက်ရှိလာသည့် နှစ်၊ ဒုတိယလ၌ဗိမာန်တော်တည်ဆောက်မှု လုပ်ငန်းကို စတင်လုပ်ကိုင်ကြလေသည်။ ဇေရုဗ ဗေလ၊ ယောရှုနှင့်ဆွေမျိုးသားချင်းများ၊ ယဇ် ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များမှစ ၍ ယေရုရှလင်မြို့သို့ပြန်လာကြသည့်ပြည် နှင်ဒဏ်သင့်သူအပေါင်းတို့သည် တည်ဆောက် မှုလုပ်ငန်းတွင်ပါဝင်ကြလေသည်။ အသက် နှစ်ဆယ်နှင့်အထက်ရှိသူလေဝိအနွယ် ဝင်တို့သည် ဗိမာန်တော်တည်ဆောက်မှုကို ကြီးကြပ်ရန်တာဝန်ယူကြရ၏။-
ဒုတိယလ၊ ပထမနေ့ရက်တွင်ဣသရေလအမျိုးသားအားလုံးကိုစုရုံးလာစေ၍ သားချင်းစုနှင့်မိသားစုအလိုက်စာရင်းကောက်ယူလေသည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းအသက်နှစ်ဆယ်နှင့်အထက်အရွယ်ရှိသောအမျိုးသားအားလုံးတို့ကို စာရင်းကောက်၍မှတ်တမ်းတင်လေသည်။ မောရှေသည်သိနာတောကန္တာရထဲတွင်လူများကိုစာရင်းကောက်ယူခဲ့၏။-