၁ ရာချုပ် 27:1 - Common Language Bible1 ဘုရင်၏အမှုတော်ကိုထမ်းရွက်ရသူ ဣသရေလ အမျိုးသားအိမ်ထောင်ဦးစီးများ၊ သားချင်းစု ခေါင်းဆောင်များနှင့်နိုင်ငံတော်အုပ်ချုပ်ရေး အရာရှိများစာရင်းမှာအောက်ပါအတိုင်း ဖြစ်၏။ သူတို့သည်လူပေါင်းနှစ်သောင်းလေး ထောင်စီရှိသည့်အဖွဲ့များဖွဲ့၍တစ်လလျှင် တစ်ဖွဲ့တာဝန်ယူရကြ၏။ ထိုအဖွဲ့တိုင်းကို သက်ဆိုင်ရာတပ်မဟာမှူးတစ်ယောက်က ကွပ်ကဲအုပ်ချုပ်လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible1 တစ် နှစ် အ တွင်း လ စဉ် အ မှု တော် ကို ထမ်း ဆောင် ရန် ဘု ရင် မင်း ထံ အ လှည့် ကျ ဝင် ထွက် ရ သူ ဣ သ ရေ လ လူ မျိုး အိမ် ထောင် အ အုပ် အ ချုပ် များ၊ ထောင် တပ် မှူး၊ ရာ တပ် မှူး များ နှင့် ဗိုလ် မှူး တို့ စာ ရင်း ကား တစ် လှည့် တွင် နှစ် သောင်း လေး ထောင် ဖြစ် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible1 ရှင်ဘုရင်အမှုတော်ကို စောင့်သော ဣသရေလအမျိုးသားတို့သည် အဆွေအမျိုးသူကြီး၊ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ အရာရှိတို့နှင့်တကွ၊ တစ်နှစ်တွင် တစ်ဆယ်နှစ်လ အစဉ်အတိုင်း တပ်ဖွဲ့၍၊ တစ်လစီတစ်လစီ အလှည့်လှည့်စောင့်ရသော တပ်သားအမှုထမ်း နှစ်သောင်းလေးထောင်စီ ရှိကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 နှစ်တစ်နှစ်တွင် တပ်ဖွဲ့အလိုက် ရှင်ဘုရင်၏အမှုကိစ္စအလုံးစုံကို တစ်လစီအလှည့်ကျထမ်းဆောင်သော အစ္စရေးအမျိုးသားတို့၏စာရင်းမှာ တပ်ဖွဲ့တစ်ဖွဲ့တွင် ဘိုးဘေးအိမ်ထောင်စုတို့၏အကြီးအမှူးများ၊ တပ်မှူးများ၊ လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်နှင့် သူတို့ကို ကြီးကြပ်အုပ်ချုပ်သောသူများ ပါဝင်၍ လူပေါင်းနှစ်သောင်းလေးထောင်ပါ၏။ အခန်းကိုကြည့်ပါ။ |
တစ်လလျှင်တစ်ယောက်ကျရိက္ခာပေးဆက် ရန် တာဝန်ပေးခြင်းခံရသည့်ဘုရင်ခံတစ် ဆယ့်နှစ်ယောက်တို့သည် ရှောလမုန်မင်းကိုယ် တိုင်စားသုံးရန်အတွက်နှင့် နန်းတွင်းသား အပေါင်းတို့အတွက်လိုအပ်သောရိက္ခာများ ကိုပေးဆက်ရကြ၏။ သူတို့သည်နန်းတော် တွင်လိုအပ်သောအရာမှန်သမျှကိုအစဉ် အမြဲပေးဆက်ရကြလေသည်။-
တစ်လစီတာဝန်ကျသည့်တပ်မဟာမှူးများ မှာ၊ ပထမလ၌ဇာဗဒေလ၏သားယာရှောဗံ (သူသည်ယုဒအနွယ်ဝင်ဖာရက်၏သားချင်း စုဝင်ဖြစ်၏။) ဒုတိယလ၌အဟောဟိ၏သားမြေးဒေါဒဲ။ (သူ၏လက်ထောက်တပ်မှူးမှာမိကလုပ်ဖြစ်၏။) တတိယလ၌ယဇ်ပုရောဟိတ်ယောယဒ ၏သားဗေနာယ။ သူသည်နာမည်ကျော်သူရဲ ကောင်းသုံးကျိပ်တို့၏ခေါင်းဆောင်ဖြစ်သတည်း၊ (သူ၏သားအမိဇဗဒ်သည်သူ၏ရာထူးကို ဆက်ခံရရှိ၍တပ်မဟာမှူးဖြစ်လာ၏။) စတုတ္ထလ၌ယွာဘ၏ညီ၊ အာသဟေလ (သူ၏သားဇေဗဒိသည်ရာထူးကိုဆက်ခံ ရရှိ၏။) ပဉ္စမလ၌ဣဇဟာ၏သားမြေးရှံဟုတ်။ ဆဋ္ဌမလ၌တေကောမြို့မှဣကေရှ၏ သားဣရ။ သတ္တမလ၌ပေလာနိမြို့မှဧဖရိမ်အနွယ် ဝင်ဟေလက်။ အဋ္ဌမလ၌ဟုရှမြို့မှသိဗေကဲ (သူသည် ယုဒအနွယ်၊ ဇာရသားချင်းစုမှဖြစ်၏။) နဝမလ၌အနေသောသိမြို့ဗင်္ယာမိန် အနွယ်ဝင် ဒေသမှအဗျေဇာ။ ဒသမလ၌နေတောဖာသိမြို့မှမဟာရဲ (သူသည်ဇာရသားချင်းစုဝင်ဖြစ်၏။) ဧကဒသမလ၌ပိရသောနိမြို့မှဧဖရိမ် အနွယ်ဝင် ဒေသမှဗေနာယ။ ဒွါဒသမလ၌နေတောဖာသိမြို့မှဟေလဒဲ (သူသည်သြသနေလ၏သားမြေးဖြစ်၏။)
ဒါဝိဒ်သည်ဣသရေလအမျိုးသားအရာရှိ အပေါင်းတို့ကို ယေရုရှလင်မြို့တွင်စုရုံးစေ တော်မူ၏။ လူမျိုးနွယ်တို့ကိုအုပ်ချုပ်ရသူ အရာရှိအပေါင်းနှင့် နိုင်ငံအုပ်ချုပ်မှုတာဝန် ကိုထမ်းဆောင်ရသူအရာရှိအပေါင်းသည် လည်းကောင်း၊ သားချင်းစုခေါင်းဆောင်များ၊ ဘုရင်နှင့်သားတော်များ၏ဥစ္စာပစ္စည်း၊ မြည်း၊ နွားအစရှိသောတိရစ္ဆာန်များကိုကြီးကြပ် ထိန်းသိမ်းရကြသူတို့သည်လည်းကောင်း စုရုံးကြ၏။ တစ်နည်းအားဖြင့်နန်းတော် အရာရှိများ၊ ထင်ရှားသောစစ်သူရဲကြီး များနှင့်အရေးပါအရာရောက်သူရှိ သမျှတို့သည်ယေရုရှလင်မြို့တွင်စုရုံး ကြကုန်၏။
သို့ဖြစ်၍ငါသည်သင်တို့အနွယ်ထဲမှပညာ ရှိ၍ အတွေ့အကြုံများသောခေါင်းဆောင်များ ကိုရွေးချယ်ပြီးလျှင်သင်တို့အားအုပ်ချုပ် စေ၏။ အချို့တို့ကိုလူတစ်ထောင်အုပ်၊ အချို့ တို့ကိုလူတစ်ရာအုပ်၊ အချို့တို့ကိုလူငါး ဆယ်အုပ်၊ အချို့တို့ကိုလူတစ်ဆယ်အုပ်အဖြစ် ခန့်ထားခဲ့သည်။ ထို့ပြင်သင်တို့အနွယ်အား လုံး၌ အခြားသောအရာရှိများကိုလည်း ခန့်ထားခဲ့၏။