ရှောလမုန်ဆောင်ရွက်ခဲ့သည့်အခြားအမှုအရာ များ၊ နေထိုင်ပြုမူပုံနှင့်ပညာဉာဏ်ရှိပုံအကြောင်း တို့ကိုရှောလမုန်အတ္ထုပ္ပတ္တိစာစောင်တွင်ရေးသား ဖော်ပြထားလေသည်။-
ဧသတာ 10:2 - Common Language Bible မင်းကြီးသည်အဘယ်မျှတန်ခိုးကြီးတော် မူကြောင်းနှင့်ကြီးမြင့်သောရာထူးဖြင့် မော်ဒ ကဲအားအဘယ်သို့ချီးမြှင့်တော်မူကြောင်း ကိုပေရသိနှင့်မေဒိဘုရင်တို့၏တရား ဝင်မှတ်တမ်းများတွင်ရေးသားထားပေ သည်။- Garrad Bible အာ ဏာ တန် ခိုး ဆိုင် ရာ အ မှု အ ရေး များ နှင့်၊ ဘု ရင် မင်း သူ ကောင်း ပြု၍ မော် ဒ ကဲ ဘုန်း ကြီး ခြင်း အ ကြောင်း ပါ၊ မေ ဒိ၊ ပေ ရ သိ ရာ ဇ ဝင် တွင် ရေး ထား လျက် ရှိ၏။ Judson Bible အာဏာတန်ခိုးတော်နှင့် စီရင်သမျှသော အမှုအရာများနှင့်တကွ၊ ချီးမြှောက်တော်မူခြင်းကို ခံရသော မော်ဒကဲ၏ ဘုန်းတန်ခိုး၊ ထင်ရှားသော အခြင်းအရာတို့သည် မေဒိ၊ ပေရသိရာဇဝင်တို့၌ ရေးထားလျက်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရင်၏စွမ်းဆောင်ရည်နှင့် တန်ခိုးသြဇာကြီးမားပုံ၊ ရှင်ဘုရင်ချီးမြှောက်သဖြင့် မော်ဒကဲဘုန်းတန်ခိုးကြီးမားပုံတို့ကို မေဒိနှင့်ပါးရှားရှင်ဘုရင်တို့၏ရာဇဝင်မှတ်တမ်းစာလိပ်၌ မှတ်တမ်းတင်ထား၏။ |
ရှောလမုန်ဆောင်ရွက်ခဲ့သည့်အခြားအမှုအရာ များ၊ နေထိုင်ပြုမူပုံနှင့်ပညာဉာဏ်ရှိပုံအကြောင်း တို့ကိုရှောလမုန်အတ္ထုပ္ပတ္တိစာစောင်တွင်ရေးသား ဖော်ပြထားလေသည်။-
ယေရောဗောင်မင်းဆောင်ရွက်ခဲ့သည့် အခြားအမှု အရာအလုံးစုံကိုလည်းကောင်း၊ သူတိုက်ခဲ့သည့် စစ်ပွဲများနှင့်တိုင်းပြည်အုပ်ချုပ်ပုံတို့ကိုလည်း ကောင်း ဣသရေလရာဇဝင်တွင်ရေးထားသတည်း။-
အာဟပ်မင်း၏ဆင်စွယ်နန်းတော်အကြောင်း နှင့် သူတည်ထောင်ခဲ့သောမြို့များအပါဝင် သူဆောင်ရွက်ခဲ့သည့်အခြားအမှုအရာရှိ သမျှကိုဣသရေလရာဇဝင်တွင်ရေး ထားသတည်း။-
ထိုအမှုကိုစုံစမ်းစစ်ဆေးသောအခါ မော်ဒကဲပေးသည့်သတင်းမှန်ကန်ကြောင်း တွေ့ရှိရသဖြင့် ထိုသူနှစ်ယောက်စလုံးပင် လည်ဆွဲတိုင်၌ကွပ်မျက်ခြင်းကိုခံရကြ လေသည်။ မင်းကြီးသည်ဤအမှုကိုအင် ပါယာနိုင်ငံတော်မှတ်တမ်းများတွင်ရေး မှတ်ထားစေတော်မူ၏။
ထိုည၌မင်းကြီးသည်စက်တော်ခေါ်၍မရ သဖြင့် အင်ပါယာနိုင်ငံတော်မှတ်တမ်းများ ကိုတောင်းယူကာဖတ်ပြစေတော်မူ၏။-
မော်ဒကဲသည်မင်းမြောက်တန်ဆာတည်းဟူ သောဝတ်လဲအဖြူနှင့်အပြာကိုလည်းကောင်း၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုလည်းကောင်း ဝတ်ဆင်ကာခန့်ညားသည်ရွှေသရဖူကို ဆောင်း၍ နန်းတော်မှထွက်ခွာသွားလေသည်။ ထိုအခါရှုရှန်မြို့တစ်မြို့လုံးသည်သြဘာ သံများ၊ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော် သံများနှင့်ဆူညံသွား၏။-
မင်းကြီးသည်ဟာမန်၏ထံမှပြန်သိမ်းသည့် တံဆိပ်လက်စွပ်တော်ကိုချွတ်၍မော်ဒကဲ အားပေးတော်မူ၏။ ဧသတာသည်လည်း ဟာမန်၏အိမ်ရာပစ္စည်းများကိုမော်ဒကဲ အားအုပ်ထိန်းစေ၏။
ယခုအခါမော်ဒကဲသည်နန်းတော်တွင် တန်ခိုးကြီးသူတစ်ဦးဖြစ်ကြောင်း၊ သူ ၏တန်ခိုးအာဏာသည်တစ်နေ့တစ်ခြား တိုးတက်လာကြောင်းအင်ပါယာနိုင်ငံ တော်တွင်ကျော်ကြားလျက်ရှိသဖြင့်၊-
အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်၍ကယ်တော်မူပါ၏။ ကိုယ်တော်ရှင်ကြည့်ရှုပြုစုတော်မူသဖြင့် ကျွန်တော်မျိုးသည်ကြီးမြင့်လာရပါ၏။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ဘေးမဲ့ လုံခြုံစွာ နေရပါ၏။
ထိုနောက်မင်းကြီးသည်ဒံယေလအားကြီး မြင့်သောရာထူးဖြင့်ချီးမြှင့်တော်မူပြီး လျှင် အဖိုးတန်ဆုတော်လာဘ်တော်အမြောက် အမြားကိုပေးအပ်ကာဗာဗုလုန်နိုင်ငံရှိ အတိုင်ပင်ခံအရာရှိအပေါင်းတို့၏ခေါင်း ဆောင်အဖြစ်ဖြင့်လည်းကောင်း၊ ဗာဗုလုန် ပြည်နယ်ကိုအုပ်စိုးရသောမင်းအဖြစ် ဖြင့်လည်းကောင်းခန့်ထားတော်မူ၏။-