ဧသတာ 10:1 - Common Language Bible1 ဇေရဇ်မင်းသည်မိမိ၏အင်ပါယာနိုင်ငံ တော်ကမ်းရိုးတန်းဒေသများတွင်နေထိုင် သူများနှင့် နိုင်ငံတော်အတွင်းပိုင်းတွင်နေ ထိုင်သူများကို ချွေးတပ်များတွင်အမှု ထမ်းစေတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 အာ ရွှေ ရု မင်း သည်၊ ပြည် တော် တွင်၊ သ မု ဒ္ဒ ရာ ကမ်း ခြေ အ ထိ၊ အ ခွန် ခွဲ ခန့် လေ၏။ အခန်းကိုကြည့်ပါ။Judson Bible1 ရှင်ဘုရင် အာရွှေရုသည် မြေကြီးပေါ်၌လည်းကောင်း၊ ပင်လယ်တွင်ရှိသော ကျွန်းတို့ပေါ်၌လည်းကောင်း၊ ငွေတော်ခွဲကြောင်း အစရှိသော၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ထို့နောက် အာရွှေရုမင်းကြီးသည် ပြည်တော်တစ်ခွင် ပင်လယ်ကမ်းရိုးတန်းဒေသများပါမကျန် အခွန်စည်းကြပ်လေ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်သူသည်ပင်လယ်အနီးရှိတိုင်းနိုင်ငံ တို့ကိုတိုက်ခိုက်၍ များစွာသောနိုင်ငံတို့ကို နှိမ်နင်းအောင်မြင်လိမ့်မည်။ သို့သော်လည်းတိုင်း တစ်ပါးမှစစ်သူကြီးတစ်ဦးသည် သူ့အား နှိမ်နင်းအောင်မြင်လိမ့်မည်။ သူ၏မာန်မာန ကိုလည်းချိုးနှိမ်လိုက်လိမ့်မည်။ ဆီးရီးယား ဘုရင်အားသူ၏မာန်မာနအတွက်အရှက် ကွဲစေလိမ့်မည်။-
ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။-
ဤသို့ဖြစ်ပျက်သည်မှာသိဝန်ခေါ်တတိယ လ၊ နှစ်ဆယ့်သုံးရက်နေ့၌ဖြစ်၏။ မော်ဒကဲ သည်မင်းကြီး၏အတွင်းဝန်များကိုခေါ် ယူကာယုဒအမျိုးသားတို့ထံသို့လည်း ကောင်း၊ အိန္ဒိယပြည်မှအဲသရောပိပြည် တိုင်အောင်တစ်ရာ့နှစ်ဆယ့်ခုနစ်ပြည်နယ် ရှိဘုရင်ခံများ၊ အုပ်ချုပ်ရေးမှူးများ နှင့်မင်းအရာရှိများထံသို့အမှာစာ များရေးသားရန်နှုတ်တိုက်ချပေးလေ သည်။ ထိုစာများကိုပြည်နယ်အသီးသီး တွင်အသုံးပြုသည့်ဘာသာစကား များဖြင့်လည်းကောင်း၊ ယုဒအမျိုးသား တို့အတွက်ယုဒဘာသာဖြင့်လည်း ကောင်းရေးသားထားသတည်း။-
ထိုသူအပေါင်းတို့သည်ပင်လယ်ကမ်းခြေတစ် လျှောက်နှင့် ကျွန်းများပေါ်တွင်အနှံ့အပြားနေ ထိုင်သူတို့၏ဖခင်များဖြစ်ကြ၏။ ဤလူမျိုး အားလုံးတို့သည်ယာဖက်မှပေါက်ဖွားဆင်း သက်လာသောသားစဉ်မြေးဆက်တို့ဖြစ်၍ လူ အမျိုးမျိုးကွဲပြားလျက်အပြည်ပြည်တို့ ၌နေထိုင်ပြီးလျှင် လူမျိုးစုအလိုက်သီးခြား ဘာသာစကားများကိုပြောဆိုကြ၏။