ဧဇရ 3:10 - Common Language Bible
တည်ဆောက်သူတို့သည်ဗိမာန်တော်ကိုအုတ် မြစ်ချကြသောအခါ ယဇ်ပုရောဟိတ်တို့ သည်မိမိတို့ဝတ်လုံများကိုဝတ်၍ တံပိုး ခရာများကိုကိုင်ဆောင်ကာနေရာယူကြ၏။ အာသပ်သားချင်းစုမှလေဝိအနွယ်ဝင်တို့ ကလင်းကွင်းများကိုကိုင်ကြ၏။ သူတို့သည် ဒါဝိဒ်မင်းပေးခဲ့သည့်ညွှန်ကြားချက်အတိုင်း ထာဝရဘုရားအားထောမနာပြုကြ၏။-
အခန်းကိုကြည့်ပါ။
ဗိ မာန် တော် တိုက် မြစ် ကို တည် ဆောက် သူ တို့ ချ သည့် ကာ လ၊ ဣ သ ရေ လ ဘု ရင် ဒါ ဝိဒ် မင်း ဩ ဝါ ဒ ပေး ခဲ့ သည့် အ လိုက်၊ ထာ ဝ ရ ဘု ရား၏ ဂုဏ် တော် ကို ချီး မွမ်း ရန်၊ သင်္ကန်း ရုံ ၍ တံ ပိုး ကိုင် သော ပ ရော ဟိတ် တို့ နှင့်၊ ခွက် ခွင်း ကိုင် သော လေ ဝိ အ နွယ် အာ သပ် ဂိုဏ်း သား တို့ ရပ် တန့် လျက်၊ ထာ ဝ ရ ဘု ရား ကောင်း မြတ် တော် မူ၍၊
အခန်းကိုကြည့်ပါ။
လုပ်ဆောင်သောသူတို့သည် ထာဝရဘုရား၏ ဗိမာန်တော်တိုက်မြစ်ကို ချသောအခါ၊ ဣသရေလရှင်ဘုရင် ဒါဝိဒ်စီရင်သည်အတိုင်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ တံပိုးကိုင်သော ယဇ်ပုရောဟိတ်များ၊ ခွက်ကွင်းကိုင်သော လေဝိအမျိုး၊ အာသပ်သားများတို့ကို ခန့်ထားကြ၏။
အခန်းကိုကြည့်ပါ။
ထာဝရဘုရား၏ဗိမာန်တော်တည်ဆောက်သောသူတို့သည် အုတ်မြစ်ကိုချသောအခါ ဝတ်စုံဝတ်ဆင်ထားသောယဇ်ပုရောဟိတ်တို့သည် တံပိုးခရာကိုကိုင်လျက်၊ အာသပ်၏သားလေဝိအမျိုးတို့သည်လည်း လင်းကွင်းများကိုကိုင်လျက် အစ္စရေးဘုရင်ဒါဝိဒ်မင်းကြီးလက်ထက်ကအတိုင်းနေရာယူ၍ ထာဝရဘုရားကိုချီးမွမ်းကြသည်မှာ
အခန်းကိုကြည့်ပါ။