Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟ္ဂဲ 2:15 - Common Language Bible

15 ထာ​ဝ​ရ​ဘု​ရား​က​သင်​တို့​သည်​မိ​မိ​တို့ ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​ကို​မ​သိ မ​မြင်​ကြ​ပါ​သ​လော။ ဗိ​မာန်​တော်​ကို​ပြန် လည်​မ​တည်​မ​ဆောက်​မီ​အ​ခါ​က၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ယ နေ့ မှ စ ၍ ငါ ထာ ဝ ရ ဘု ရား ၏ ဗိ မာန် ၌ ကျောက် တစ် ချပ် ပေါ် တွင် တစ် ချပ် ကို မ တင် မီ ကာ လ တစ် လျှောက် အ ဖြစ် အ ပျက် များ ကို မျှော် ကြည့် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်၌ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​ကို မ​တင်​မီ၊ ယ​ခု​နေ့​မှ​စ၍ အ​ထက်​အ​မှု​ကို ပြန်​ကြည့်​ဆင်​ခြင်​ကြ​ပါ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ‘ယခု​မှစ၍ ထာဝရဘုရား​၏​ဗိမာန်​တော်​တွင် ကျောက်တုံး​တစ်​တုံး​ပေါ်​တစ်​တုံး​ဆင့်​သော​နေ့ မ​ရောက်​မီ​အထိ သင်​တို့ နှလုံးသွင်း​ဆင်ခြင်​ကြ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟ္ဂဲ 2:15
14 ပူးပေါင်းရင်းမြစ်များ  

တည်​ဆောက်​သူ​တို့​သည်​ဗိ​မာန်​တော်​ကို​အုတ် မြစ်​ချ​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့ သည်​မိ​မိ​တို့​ဝတ်​လုံ​များ​ကို​ဝတ်​၍ တံ​ပိုး ခ​ရာ​များ​ကို​ကိုင်​ဆောင်​ကာ​နေ​ရာ​ယူ​ကြ​၏။ အာ​သပ်​သား​ချင်း​စု​မှ​လေ​ဝိ​အ​နွယ်​ဝင်​တို့ က​လင်း​ကွင်း​များ​ကို​ကိုင်​ကြ​၏။ သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ပေး​ခဲ့​သည့်​ညွှန်​ကြား​ချက်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​၏။-


ဗိ​မာန်​တော်​တည်​ဆောက်​မှု​သည်​ပေ​ရ​သိ​ဧ​က​ရာဇ်​ဒါ​ရိ နန်း​စံ​ဒု​တိ​ယ​နှစ်​တိုင်​အောင်​ရပ်​စဲ​ခဲ့​လေ​သည်။


အ​သိ​ပညာ​ရှိ​သူ​တို့​သည်​ဤ​အ​မှု​အ​ရာ တို့​ကို နှ​လုံး​သွင်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကို​စဉ်း​စား​ဆင်​ခြင်​ကြ​စေ။


သင်​တို့​၏​ပွဲ​လမ်း​သ​ဘင်​များ​တွင်​စောင်း​များ၊ ပတ်​သာ​များ၊ ပ​လွေ​များ​နှင့်​စ​ပျစ်​ရည်​ပါ တတ်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ် သို့​ပြု​တော်​မူ​လျက်​နေ​သည်​ကို သင်​တို့​မ​သိ ကြ။-


ပ​ညာ​ဉာဏ်​ရှိ​သူ၊ ခွဲ​ခြား​ဝေ​ဖန်​နိုင်​သူ​တို့​သည် ဤ​ကျမ်း​တွင်​ရေး​ထား​သ​မျှ​တို့​ကို​သ​ဘော ပေါက်​နား​လည်​၍​မှတ်​သား​နိုင်​ကြ​စေ။ ထာ​ဝ​ရ ဘု​ရား​ချ​မှတ်​သော​နည်း​လမ်း​တို့​သည်​မှန်​ကန် သ​ဖြင့် ဖြောင့်​မတ်​သူ​တို့​သည်​ထို​နည်း​လမ်း​များ အ​တိုင်း​လိုက်​နာ​၍ အ​သက်​ရှင်​နေ​ထိုင်​ကြ​၏။ သို့​သော်​အ​ပြစ်​ကူး​သူ​တို့​မူ​ကား ထို​နည်း လမ်း​များ​ကို​မ​လိုက်​နာ​ကြ​သ​ဖြင့်​ခြေ ချော်​၍​လဲ​ကျ​ကြ​သ​တည်း။ ပ​ရော​ဖက်​ဟော​ရှေ​စီ​ရင်​ရေး​သား​ထား သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။


အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``မိ​မိ တို့​ကြုံ​တွေ့​နေ​ရ​သည့်​အ​ဖြစ်​အ​ပျက်​ကို သင်​တို့​မ​သိ​မ​မြင်​ကြ​သ​လော။-


အ​ဘယ်​ကြောင့်​ဤ​သို့​ဖြစ်​ပျက်​ရ​သည်​ကို သင်​တို့​မ​သိ​မ​မြင်​နိုင်​ကြ​ပါ​သ​လော။-''


သင်​တို့​သည်​ဂျုံ​စ​ပါး​တင်း​နှစ်​ဆယ်​ရှိ​မည် ဟု​ခန့်​မှန်း​ရ​သည့်​စ​ပါး​ပုံ​သို့​သွား​ရောက် သော​အ​ခါ ဆယ်​တင်း​သာ​တွေ့​ရ​ကြ​သည် မ​ဟုတ်​ပါ​လော၊ စပျစ်​ရည်​အ​ချိန်​ငါး​ဆယ် ရ​ရှိ​လိမ့်​မည်​ဟု​ဆို​ကာ၊ စ​ပျစ်​ရည်​စည် ကြီး​သို့​သွား​သော​အ​ခါ​အ​ချိန်​နှစ်​ဆယ် သာ​တွေ့​ရှိ​ရ​သည်​မ​ဟုတ်​ပါ​လော။-


ယ​နေ့​သည်​ဗိ​မာန်​တော်​အုတ်​မြစ်​ချ​မှု​ပြီး ဆုံး​သည့်​နေ့၊ န​ဝ​မ​လ၊ နှစ်​ဆယ့်​လေး​ရက် နေ့​ဖြစ်​၏။ ထို​နေ့​မှ​စ​၍​ရှေ့​တွင်​မည်​သို့​ဖြစ် လာ​လိမ့်​မည်​ကို​သင်​တို့​ရှု​မှတ်​ကြ​လော့။ သေ​ချာ​ရှု​မှတ်​လော့။-


ထို​အ​ချိန်​ကာ​လ​မ​တိုင်​မီ​အ​ခါ​က​အ​ဘယ် သူ​မျှ​လူ​များ၊ တိ​ရစ္ဆာန်​များ​ကို​ငှား​ရမ်း​စေ ခိုင်း​နိုင်​စွမ်း​မ​ရှိ။ အ​ဘယ်​သူ​မျှ​လည်း​မိ​မိ တို့​ရန်​သူ​များ​၏​ဘေး​မှ​ကင်း​လွတ်​လုံ​ခြုံ​မှု မ​ရှိ။ ငါ​သည်​လူ​မျိုး​တစ်​ဦး​နှင့်​တစ်​ဦး​ရန် ဘက်​ဖြစ်​စေ​ခဲ့​၏။-


သို့​သော်​ယ​ခု​ငါ​သည်​ဤ​လူ​မျိုး​အ​ကြွင်း အ​ကျန်​များ​နှင့် တစ်​မျိုး​တစ်​ဖုံ​ပြောင်း​လဲ ဆက်​ဆံ​မည်။-''


ထို​စဉ်​အ​ခါ​က​သင်​တို့​ပြု​ကျင့်​ခဲ့​သော​အ​မှု များ​သည်​မည်​သည့်​အ​ကျိုး​ကို​မျှ​မ​ပေး​ခဲ့။ သင် တို့​ကို​သာ​သေ​စေ​ခဲ့​၏။ ယ​ခု​အ​ခါ​သင်​တို့ သည်​ထို​အ​မှု​များ​အ​တွက်​ရှက်​ကြောက်​လျက် နေ​ကြ​၏။-


ငါ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပ​ထ​မ​ဦး​စွာ​စစ် ဆေး​ကြ​မည်​ဆို​ပါ​မူ ဤ​သို့​ဘု​ရား​သ​ခင်​၏ စီ​ရင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ