ထာဝရဘုရားသည်ဋ္ဌားတော်ကိုကောင်းကင် ဘုံတွင် အသင့်ပြင်ဆင်တော်မူပြီးမှဆုံးပါး ပျက်စီးရန် အပြစ်ဒဏ်စီရင်ထားတော်မူ သောဧဒုံပြည်သူတို့အပေါ်သို့သက်ရောက် စေတော်မူလိမ့်မည်။-
အာမုတ် 1:12 - Common Language Bible ထို့ကြောင့်ငါသည်တေမန်မြို့ပေါ်သို့မီးမိုး ရွာစေပြီး ဗောဇရရဲတိုက်များကိုပြာချ လိုက်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ဗော ဇ ရ မြို့ နန်း ဆောင် များ ကျွမ်း လောင် ရန် မီး ကို၊ တေ မန် နယ် ကို စေ လွှတ် မည် ဟု မိန့် တော် မူ၏။ Judson Bible တေမန်မြို့အပေါ်သို့ မီးကိုလွှတ်၍၊ ဗောဇရမြို့၏ ဘုံဗိမာန်တို့ကို လောင်စေမည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါသည် တေမန်မြို့အပေါ် မီးကိုလွှတ်၍ ဗောဇရခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။ |
ထာဝရဘုရားသည်ဋ္ဌားတော်ကိုကောင်းကင် ဘုံတွင် အသင့်ပြင်ဆင်တော်မူပြီးမှဆုံးပါး ပျက်စီးရန် အပြစ်ဒဏ်စီရင်ထားတော်မူ သောဧဒုံပြည်သူတို့အပေါ်သို့သက်ရောက် စေတော်မူလိမ့်မည်။-
ကိုယ်တော်၏ဋ္ဌားတော်သည်ယဇ်ပူဇော်ရာ သိုးဆိတ်တို့၏အသွေးအဆီဖြင့်ဝလျက် နေသကဲ့သို့ ထိုသူတို့၏အသွေးအဆီများ နှင့်ဝလျက်နေလိမ့်မည်။ ထာဝရဘုရား သည်ဤယဇ်ပူဇော်ပွဲကိုဗောဇရမြို့တွင် ကျင်းပတော်မူလိမ့်မည်။ ဤလူသတ်ပွဲ ကြီးကိုဧဒုံပြည်တွင်ဖြစ်ပွားစေတော် မူလိမ့်မည်။-
ဧဒုံပြည်၊ ဗောဇရမြို့မှလာသောသူကား အဘယ်သူနည်း။ လှပတင့်တယ်စွာနီမြန်း သောအဝတ်ကိုဝတ်ဆင်ထားလျက်ခွန်အား စွမ်းရည်အပြည့်အဝနှင့်ချီတက်လာသူ ကားအဘယ်သူနည်း။ ထိုသူသည်မိမိ၏အောင်ပွဲကိုကြေညာ ရန်ကြွလာသည့်အရှင်၊ ကယ်တင်ပိုင်သော တန်ခိုးတော်အရှင်ထာဝရဘုရားပေ တည်း။
ဗောဇရမြို့သည်တွေ့မြင်ရသူတို့လန့်ဖျပ် တုန်လှုပ်ဖွယ်လူသူကင်းမဲ့ရာအရပ်ဖြစ်စေ ရန်လည်းကောင်း၊ လူတို့သည်ထိုမြို့ကိုပြက် ရယ်ပြု၍ယင်း၏အမည်နာမကိုကျိန်စာ အဖြစ်အသုံးပြုကြစေရန်လည်းကောင်း ငါကိုယ်တိုင်ပင်ကျိန်ဆိုကတိပြုပြီ။ နီး နားဝန်းကျင်ရှိကျေးရွာအပေါင်းတို့သည် ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဆို သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍ဧဒုံပြည်သူတို့အတွက်ငါပြု လုပ်ထားသည့်အကြံအစည်ကိုလည်းကောင်း၊ တေမန်မြို့သူမြို့သားတို့အတွက်ငါကြံ စည်ထားသည့်အမှုအရာကိုလည်းကောင်း နားထောင်ကြလော့။ ရန်သူသည်သူတို့၏ သားသမီးများကိုပင်လျှင်ဒယဥ့်တိုက် ဆွဲ၍ခေါ်ဆောင်သွားလိမ့်မည်။-
ကောင်းကင်မှအတောင်ကိုဖြန့်လျက်ထိုးဆင်း လာသည့်လင်းယုန်ငှက်ကဲ့သို့ ရန်သူသည် ဗောဇရမြို့ကိုတိုက်ခိုက်လိမ့်မည်။ ထိုအခါ ဧဒုံစစ်သည်တပ်သားတို့သည်သားဖွား ဝေဒနာခံရသည့်အမျိုးသမီးကဲ့သို့ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
တန်ခိုးတော်အရှင်ထာဝရဘုရားသခင် သည်ဧဒုံပြည်ကိုရည်မှတ်၍``ဧဒုံပြည်သား တို့သည်ဆင်ခြင်တိုင်းထွာနိုင်စွမ်းမရှိကြ တော့ပြီလော။ သူတို့၏ပညာရှိများသည် လည်းအဘယ်အမှုကိုပြုသင့်ကြောင်း အကြံဉာဏ်မပေးနိုင်ကြတော့ပြီလော။ သူတို့၏အသိပညာမှန်သမျှသည် ပျောက်ကွယ်သွားလေပြီလော။-
သို့ဖြစ်၍အရှင်ထာဝရဘုရားက ငါသည် ဧဒုံပြည်ကိုဒဏ်ခတ်၍လူနှင့်တိရစ္ဆာန်ရှိ သမျှတို့ကို ပယ်ရှင်းမည်ဖြစ်ကြောင်းကြေ ညာ၏။ ငါသည်တေမာန်မြို့မှသည်ဒေဒန် မြို့တိုင်အောင် လူသူဆိတ်ညံရာအရပ်ဖြစ် စေမည်။ လူတို့သည်လည်းစစ်ပွဲတွင်ကျ ဆုံးကြလိမ့်မည်။-
ဤကျမ်းစောင်သည်ဧဒုံပြည်ကိုရည်မှတ်၍ သြဗဒိအား အချုပ်အခြာအာဏာပိုင်ရှင် ဘုရားသခင်ပေးတော်မူသောဗျာဒိတ်တော် ကိုဖော်ပြရာဖြစ်၏။ ထာဝရဘုရားသည်လူမျိုးတကာတို့ ထံသို့ မိမိ၏သံတမန်ကိုစေလွှတ်တော် မူလေပြီ။ ``အသင့်ပြင်ဆင်ကြလော့။ ဧဒုံပြည်သို့ငါတို့စစ်ချီကြကုန်အံ့'' ဟူ၍ ကြွေးကြော်စေတော်မူသံကိုငါတို့ကြား ရကြ၏။