Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




အာ​မုတ် 1:11 - Common Language Bible

11 ထာ​ဝ​ရ​ဘု​ရား​က``ဧ​ဒုံ​ပြည်​သား​တို့​သည် တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ်​ပေး​ရ တော့​မည်။ သူ​တို့​သည်​ညီ​အစ်​ကို​ချင်း ဣ​သ​ရေ​လ​တို့​ကို​မ​ရ​မ​က​လိုက်​၍ မ​ညှာ​မ​တာ​ညှင်း​ဆဲ​ခဲ့​ပြီ။ သူ​တို့​၏ အ​မျက်​ဒေါ​သ​ကို​ဘယ်​အ​ခါ​မျှ မ​ပြေ​စေ​ဘဲ​ကမ်း​ကုန်​လောက်​အောင် ပင်​ပြင်း​ထန်​စေ​ခဲ့​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြန် သည် မှာ၊ ဆွေ ခန်း မျိုး ခန်း ဖြတ်၍၊ အ စဉ် မျက် မာန် ရှ လျက်၊ အ မြဲ အ မျက် ထွက် လျက်၊ သား ချင်း ကို ဓား ဖြင့် လိုက် လံ သော၊ ဧ ဒုံ လူ မျိုး၏ လွန် ကျူး မှု သုံး မျိုး မ က၊ လေး မျိုး အ လျောက် ခံ သင့် ဒဏ် ကို၊ ငါ မ ပ လပ် စေ ဘဲ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဧ​ဒုံ​ပြည်​သည် သ​နား​သော​စိတ်​ကို​ချုပ်​တည်း၍၊ ညီ​အစ်​ကို​ကို ဓား​နှင့်​လိုက်​သော​အ​ပြစ်၊ ဒေါ​သ​စိတ်​နှင့် အ​စဉ်​အ​မြဲ​ဆွဲ​ဖြတ်၍ အ​စဉ်​အ​မြဲ အ​ငြိုး​ထား​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 တစ်ဖန် ထာဝရဘုရား​က “​ဧဒုံ​ပြည်​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ညီအစ်ကိုချင်း​ကို သနားညှာတာစိတ်​မ​ထား​၊ ဓား​နှင့်​လိုက်လံ​ညှဉ်းဆဲ​တတ်​၏​။ အမျက်မပြေ​၊ ဒေါသ​ထွက်​လျက် ကိုက်ဖဲ့​တတ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




အာ​မုတ် 1:11
28 ပူးပေါင်းရင်းမြစ်များ  

``ယ​ခု​အ​ခါ​အမ္မုန်​ပြည်​သား၊ မော​ဘ​ပြည်​သား နှင့်​ဧ​ဒုံ​ပြည်​သား​တို့​သည်​အ​ကျွန်ုပ်​အား​တိုက် ခိုက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​စဉ်​အ​ခါ​က ဘိုး​ဘေး​တို့​သည်​ထို​ပြည်​များ​သို့​ဝင်​ရောက် ခွင့်​ကို​ကိုယ်​တော်​ပေး​တော်​မ​မူ​ပါ။ သို့​ဖြစ် ၍​သူ​တို့​သည်​ထို​ပြည်​များ​ကို​ရှောင်​ကွင်း ပြီး​လျှင်​မ​ဖျက်​မ​ဆီး​ဘဲ​ထား​ခဲ့​ကြ ပါ​၏။-


ဤ​သို့​ပြု​သည့်​အ​တွက်​ကျေး​ဇူး​ဆပ်​သည့် အ​နေ​ဖြင့်​သူ​တို့​သည် အ​ကျွန်ုပ်​တို့​အား ကိုယ်​တော်​ပေး​သနား​တော်​မူ​သည့်​ပြည်​တော် မှ​နှင်​ထုတ်​ရန်​ရောက်​ရှိ​လာ​ကြ​ပါ​၏။-


အို ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့​ကို​သိမ်း​ယူ​ချိန်​၌ ဧ​ဒုံ​အ​မျိုး​သား​တို့​ပြု​သည့်​အ​မှု​ကို သ​တိ​ရ​တော်​မူ​ပါ။ ``ဤ​မြို့​ကို​မြေ​ပြင်​နှင့်​တ​ပြေး​ညီ​အောင် ဖြို​ဖျက်​ကြ​လော့'' ဟု​ထို​သူ​တို့​ပြော​ဆို​ခဲ့​ကြ​သော စ​ကား​ကို​သ​တိ​ရ​တော်​မူ​ပါ။


ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​အ​မျက်​ထွက်​၍ နေ​တော်​မူ​ပါ​မည်​လော။ အ​မျက်​တော်​သည်​အ​ဘယ်​အ​ခါ​၌​မျှ ပြေ​တော်​မ​မူ​တော့​ပြီ​လော။


အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏ စိတ်နှလုံး၌ နေရာကျတတ် ၏။


ငါ​သည်​မိ​မိ​လူ​မျိုး​တော်​အား​အ​သက်​ရှင် ခွင့်​ကို​ပေး​၏။ သူ​တို့​အား​ဆက်​လက်​၍​ပြစ် တင်​စွပ်​စွဲ​လျက်​အ​စဉ်​အ​မြဲ​အ​မျက်​ထွက် လျက်​နေ​လိမ့်​မည်​မ​ဟုတ်။-


သူ​တို့​သည်​မွန်​မြတ်​သော​အ​ရာ​ကို​စွန့်​ပစ် ကြ​ပြီ​ဖြစ်​၍ ရန်​သူ​များ​သည်​သူ​တို့​ကို လိုက်​လံ​တိုက်​ခိုက်​ကြ​လိမ့်​မည်။


``အီ​ဂျစ်​ပြည်​သည်​သဲ​က​န္တာ​ရ​ဖြစ်​၍​ဧ​ဒုံ ပြည်​သည် ပျက်​စီး​ယို​ယွင်း​၍​လူ​သူ​ကင်း​မဲ့​သည့် နေ​ရာ​ဖြစ်​နေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​ပြည်​တို့​သည် ယု​ဒ​ပြည်​ကို​တိုက်​ခိုက်​၍၊ အ​ပြစ်​မဲ့​သူ​တို့​အား​သတ်​ဖြတ်​ခဲ့​ကြ​သော ကြောင့်​ဖြစ်​၏။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​နှင့်​နှိုင်း​ယှဉ် အပ်​သော​အ​ခြား​ဘု​ရား​မ​ရှိ​ပါ။ ကိုယ်​တော် သည်​အ​သက်​ရှင်​ကျန်​ရစ်​သော ကိုယ်​တော်​၏ လူ​မျိုး​တော်​၏​ပုန်​ကန်​သည့်​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​အ​စဉ် အ​မြဲ​အ​မျက်​ထွက်​တော်​မ​မူ​ပါ။ ကိုယ်​တော် သည်​အ​ကျွန်ုပ်​တို့​အား​မေတ္တာ​က​ရု​ဏာ​ထား တော်​မူ​ပါ​၏။-


ငါ​သည်​မိ​မိ​လူ​မျိုးတော်​အ​ပေါ်​သို့​သက် ရောက်​သည့်​အ​မျက်​တော်​ကို​ထိန်း​ချုပ်​လျက် နေ​စဉ်၊ ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ရ​ကြ​သော လူ​မျိုး​အ​ပေါင်း​တို့​သည် ငါ့​လူ​မျိုး​တော် ခံ​စား​ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​ကို​ပို​မို​ကြီး လေး​အောင်​ပြု​ကြ​၏။ ထို​ကြောင့်​ငါ​သည်​ထို လူ​မျိုး​တို့​အား​ပြင်း​စွာ​အ​မျက်​ထွက်​သ​ဖြင့်၊-


ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော် အား``ငါ​သည်​သင်​တို့​အား​အ​စဉ်​အ​မြဲ ချစ်​မြတ်​နိုး​ပါ​၏'' ဟု​မိန့်​တော်​မူ​သော် လည်း၊ သူ​တို့​က``ကျွန်​တော်​မျိုး​အ​တွက်​မေတ္တာ​တော် ကို​အ​ဘယ်​သို့​ကိုယ်​တော်​ရှင်​ပြ​တော်​မူ​ခဲ့ ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း``ဧ​သော​နှင့် ယာ​ကုပ်​သည်​ညီ​အစ်​ကို​တော်​သော်​လည်း ငါ သည်​ယာ​ကုပ်​နှင့်​သား​မြေး​များ​ကို​ချစ်​၍၊-


အ​ကယ်​၍​ဧ​သော​၏​သား​မြေး​များ​ဖြစ် သော​ဧ​ဒုံ​ပြည်​သား​တို့​က``ငါ​တို့​မြို့​များ သည်​ပြို​ပျက်​၍​သွား​ပြီ​ဖြစ်​သော်​လည်း​ယင်း တို့​ကို​ငါ​တို့​ပြန်​လည်​တည်​ထောင်​မည်'' ဟု ဆို​ခဲ့​သော်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် ``သူ​တို့​ပြန်​လည်​တည်​ထောင် ကြ​ပါ​လေ​စေ။ ထို​မြို့​များ​ကို​ငါ​တစ်​ဖန် ပြန်​၍​ဖြို​ချ​မည်။ လူ​တို့​သည်​ထို​သူ​တို့ အား `ဒု​စ​ရိုက်​ပြည်​သား​များ' ဟူ​၍​လည်း ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော် ထာ​ဝ​စဉ်​သင့်​သော​အ​မျိုး​သား​များ​ဟူ ၍​လည်း​ကောင်း​ခေါ်​ဆို​ကြ​လတ္တံ့'' ဟု​မိန့် တော်​မူ​လိမ့်​မည်။


သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ချစ်​သား​များ​ဖြစ် သ​ဖြင့် ကိုယ်​တော်​နှင့်​တူ​အောင်​ကြိုး​စား​ကြ​ရ​မည်။-


``ဧ​ဒုံ​အ​မျိုး​သား​တို့​သည် သင်​တို့​၏​သား ချင်း​များ​ဖြစ်​သော​ကြောင့် သူ​တို့​ကို​မ​မုန်း​ရ။ အီ​ဂျစ်​အ​မျိုး​သား​တို့​ကို​လည်း​မ​မုန်း​ရ။ သင်​တို့​သည်​တစ်​ခါ​က သူ​တို့​၏​ပြည်​တွင် နေ​ထိုင်​ခဲ့​ဖူး​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ