Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 25:13 - Common Language Bible

13 သို့​ဖြစ်​၍​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ​သည် ဧ​ဒုံ​ပြည်​ကို​ဒဏ်​ခတ်​၍​လူ​နှင့်​တိ​ရစ္ဆာန်​ရှိ သ​မျှ​တို့​ကို ပယ်​ရှင်း​မည်​ဖြစ်​ကြောင်း​ကြေ ညာ​၏။ ငါ​သည်​တေ​မာန်​မြို့​မှ​သည်​ဒေ​ဒန် မြို့​တိုင်​အောင် လူ​သူ​ဆိတ်​ညံ​ရာ​အ​ရပ်​ဖြစ် စေ​မည်။ လူ​တို့​သည်​လည်း​စစ်​ပွဲ​တွင်​ကျ ဆုံး​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ငါ သည် ဆန့် တန်း သော လက် ရုံး တော် ဖြင့်၊ လူ သူ တိ ရ စ္ဆာန် ကို ဧ ဒုံ ပြည် မှ ပယ် ရှား လျက်၊ တေ မန် နယ် က၊ ဒေ ဒန် နယ် အ ထိ၊ ဓား ဖြင့် ကျ ဆုံး ကြ သည့် အ လျောက်၊ ဆိတ် ညံ ရာ ရောက် လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဧ​ဒုံ​ပြည်​ကို​ငါ​တိုက်၍ လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို​ပယ်​ဖြတ်​မည်။ တေ​မန်​မြို့​မှ​စ၍ လူ​ဆိတ်​ညံ​စေ​မည်။ ဒေ​ဒန်​မြို့​တိုင်​အောင် ဓား​ဖြင့်​ဆုံး​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် လက်​တော်​ကို​ဆန့်​၍ ဧဒုံ​ပြည်​ရှိ လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်​ပစ်​မည်​။ ဆိတ်ညံ​ရာ​ဖြစ်​စေ​မည်​။ တေမန်​မြို့​မှစ၍ ဒေဒန်​မြို့​တိုင်အောင် ဓားဘေး​ကျရောက်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 25:13
29 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​လွန်​စွာ​စိတ်​မ​သာ​ဖြစ်​တော်​မူ သ​ဖြင့် ``ငါ​ဖန်​ဆင်း​ခဲ့​သော​လူ​တို့​ကို ကမ္ဘာ​ပေါ် မှ​ငါ​သုတ်​သင်​ပစ်​မည်။ တိရစ္ဆာန်​နှင့်​ငှက်​တို့​ကို လည်း​ငါ​သုတ်​သင်​ပစ်​မည်။ သူ​တို့​ကို​ဖန်​ဆင်း မိ​၍ ငါ​သည်​စိတ်​တော်​မ​ချမ်း​မ​သာ​ဖြစ်​ရ ၏'' ဟု​မိန့်​တော်​မူ​၏။-


ဒုက္ခ​များ​ပတ်​လည်​ဝိုင်း​လျက်​နေ​ချိန်​၌​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​သက်​ကို ကာ​ကွယ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​၏ အ​မျက်​ကို​ဆီး​တား​တော်​မူ​လျက် တန်​ခိုး​တော်​အား​ဖြင့်​ကျွန်​တော်​မျိုး​ကို ကယ်​တော်​မူ​ပါ​၏။


ဗော​ဇ​ရ​မြို့​သည်​တွေ့​မြင်​ရ​သူ​တို့​လန့်​ဖျပ် တုန်​လှုပ်​ဖွယ်​လူ​သူ​ကင်း​မဲ့​ရာ​အ​ရပ်​ဖြစ်​စေ ရန်​လည်း​ကောင်း၊ လူ​တို့​သည်​ထို​မြို့​ကို​ပြက် ရယ်​ပြု​၍​ယင်း​၏​အ​မည်​နာ​မ​ကို​ကျိန်​စာ အ​ဖြစ်​အ​သုံး​ပြု​ကြ​စေ​ရန်​လည်း​ကောင်း ငါ​ကိုယ်​တိုင်​ပင်​ကျိန်​ဆို​က​တိ​ပြု​ပြီ။ နီး နား​ဝန်း​ကျင်​ရှိ​ကျေး​ရွာ​အ​ပေါင်း​တို့​သည် ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​လိမ့် မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


သို့​ဖြစ်​၍​ဧ​ဒုံ​ပြည်​သူ​တို့​အ​တွက်​ငါ​ပြု လုပ်​ထား​သည့်​အ​ကြံ​အ​စည်​ကို​လည်း​ကောင်း၊ တေ​မန်​မြို့​သူ​မြို့​သား​တို့​အ​တွက်​ငါ​ကြံ စည်​ထား​သည့်​အ​မှု​အ​ရာ​ကို​လည်း​ကောင်း နား​ထောင်​ကြ​လော့။ ရန်​သူ​သည်​သူ​တို့​၏ သား​သ​မီး​များ​ကို​ပင်​လျှင်​ဒ​ယဥ့်​တိုက် ဆွဲ​၍​ခေါ်​ဆောင်​သွား​လိမ့်​မည်။-


သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ပြင်း​ထန်​သော​အ​မျက်​တော်​ကို ဤ ဗိ​မာန်​ပေါ်​သို့​သွန်း​လောင်း​မည်။ လူ​များ​နှင့် တိ​ရစ္ဆာန်​များ​အ​ပေါ်​သို့​လည်း​ကောင်း၊ သစ်​ပင် များ​နှင့်​အ​သီး​အ​နှံ​များ​အ​ပေါ်​သို့​လည်း ကောင်း​ငါ​သွန်း​လောင်း​မည်။ ငါ​၏​အ​မျက် တော်​သည်​အ​ဘယ်​သူ​မျှ​မ​ငြိမ်း​မ​သတ် နိုင်​သည့်​မီး​နှင့်​တူ​၏။


``အ​ချင်း​လူ​သား၊ အ​ကယ်​၍​တိုင်း​နိုင်​ငံ​တစ် ခု​သည် အ​ပြစ်​ကူး​လွန်​၍​ငါ့​အား​သစ္စာ​ဖောက် ခဲ့​သော် ငါ​သည်​လက်​တော်​ကို​ဆန့်​တန်း​၍​ထို နိုင်​ငံ​သို့​ရိက္ခာ​ကို​ဖြတ်​တောက်​မည်။ အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​သက်​ရောက်​စေ​၍ လူ​နှင့်​တိ​ရစ္ဆာန်​ကို​ပါ​သုတ်​သင်​ပစ်​မည်။-


``သို့​တည်း​မ​ဟုတ်​ငါ​သည် ထို​ပြည်​တွင်​စစ် မက်​ဖြစ်​ပွား​စေ​လျက်​လူ​ရော​တိ​ရစ္ဆာန်​ပါ ပယ်​ရှင်း​ပစ်​ရန်​ဖျက်​ဆီး​တတ်​သည့်​လက် နက်​များ​ကို​စေ​လွှတ်​သော​အ​ခါ၊-


ငါ​သည်​သူ​တို့​ကို​အ​တိုက်​အ​ခံ​ပြု​မည်။ သူ့ ကို​စံ​န​မူ​နာ​နှင့်​ကဲ့​ရဲ့​ပုံ​ဆောင်​ခံ​ရ​သူ​အ ဖြစ်​အ​သုံး​ပြု​မည်။ ငါ​၏​လူ​မျိုး​တော်​အ​သိုင်း အ​ဝိုင်း​မှ​ဖယ်​ရှား​မည်။ သို့​မှ​သာ​လျှင်​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။


သို့​ဖြစ်​၍​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ​သည် လက်​တော်​ကို​ဆန့်​လျက်​ဖိ​လိတ္တိ​ပြည်​သား​တို့ အား တိုက်​ခိုက်​၍​ခေ​ရ​သိ​လူ​မျိုး​တို့​ကို​ဖယ် ရှား​ပစ်​မည်​ဖြစ်​ကြောင်း​ကြေ​ညာ​၏။ ပင်​လယ် ကမ်း​နား​တွင်​အ​သက်​ရှင်​လျက် ကျန်​ရှိ​သ​မျှ သော​သူ​တို့​အား​ငါ​သုတ်​သင်​ပစ်​မည်။-


ထို​ကြောင့်​ငါ့​လက်​ကို​ဆန့်​လျက်​သင်​တို့​အား လု​ယက်​တိုက်​ခိုက်​ကြ​စေ​ရန် အ​ခြား​လူ​မျိုး တို့​၏​လက်​သို့​ငါ​ပေး​အပ်​မည်။ ငါ​သည်​သင် တို့​အား​လုံး​ဝ​ပျက်​စီး​အောင်​စီ​ရင်​မည်​ဖြစ်​၍ သင်​တို့​သည်​ကိုယ်​ပိုင်​ပြည်​နှင့်​နေ​ရ​ကြ​တော့ မည်​မ​ဟုတ်။ လူ​မျိုး​တစ်​မျိုး​အ​နေ​ဖြင့်​လည်း ရပ်​တည်​နိုင်​ကြ​တော့​မည်​မ​ဟုတ်။ ထို အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​သင်​တို့​သိ​ရ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။


ဒေ​ဒန်​မြို့​သား​တို့​သည်​လည်း​သင်​နှင့်​ကုန်​သွယ် မှု​ကို​ပြု​ကြ​၏။ ပင်​လယ်​ကမ်း​ခြေ​အ​မြောက် အ​မြား​မှ​လူ​တို့​သည် ဆင်​စွယ်​နှင့်​အ​နက်​ရောင် ရှိ​သော​သစ်​သား​များ​ကို​သင်​၏​ကုန်​ပစ္စည်း များ​နှင့်​လဲ​လှယ်​ကြ​၏။-


ဒေ​ဒန်​မြို့​သား​တို့​သည်​သင်​၏​ကုန်​စည် များ​ကို​မြင်း​ကုန်း​နှီး​အ​ခင်း​များ​နှင့် လဲ​လှယ်​ကြ​၏။-


သို့​ဖြစ်​၍​ယ​ခု​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား ငါ​သည်​ဋ္ဌား​လက်​နက်​စွဲ ကိုင်​သူ​တို့​အား​သင့်​ကို​တိုက်​ခိုက်​ရန်​စေ​လွှတ် မည်။ သူ​တို့​သည်​သင်​၏​လူ​များ၊ တိ​ရစ္ဆာန်​များ ကို​သတ်​ဖြတ်​ကြ​လိမ့်​မည်။-


``ဧ​ဒုံ​သည်​လည်း​မိ​မိ​၏​ဘု​ရင်​များ၊ မင်း​ညီ​မင်း သား​များ​နှင့်​ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့​သည်​စွမ်း အား​ကြီး​သည့်​စစ်​သူ​ရဲ​များ​ဖြစ်​သော်​လည်း စစ် ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သည့်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ မ​ခံ​သူ​တို့​နှင့်​အ​တူ​မ​ရ​ဏာ​နိုင်​ငံ​တွင်​လဲ လျက်​နေ​ရ​ကြ​လေ​ပြီ။


လူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ``စိ​ရ​တောင်​တို့၊ငါ​သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ ငါ​၏​လက်​ကို​ဆန့်​၍​ငါ​သည်​သင့်​အား​လူ​သူ ဆိတ်​ငြိမ်​ရာ​မြေ​ရိုင်း​ဒေ​သ​ဖြစ်​စေ​မည်။


ငါ​သည်​သင့်​အား​အ​စဉ်​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​မည်။ သင်​၏​မြို့​တို့​တွင်​နောက် တစ်​ဖန်​အ​ဘယ်​သူ​မျှ​နေ​ထိုင်​လိမ့်​မည်​မ ဟုတ်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​သိ​လိမ့်​မည်။


ရှေ​ဘ​ပြည်​နှင့်​ဒေ​ဒန်​ပြည်​မှ​ပြည်​သား များ၊ တာ​ရှု​ပြည်​မြို့​များ​မှ​ကုန်​သည်​တို့ က`သင်​သည် ရွှေ​ငွေ​နှင့်​သိုး၊ နွား၊ ပစ္စည်း​ဥစ္စာ များ​ကို​လု​ယူ​ကာ​တိုက်​ရာ​ပါ​ပစ္စည်း​ရှိ သ​မျှ​တို့​ကို​ယူ​ဆောင်​သွား​ရန်​စစ်​သည် ဗိုလ်​ခြေ​တို့​ကို​စု​ရုံး​လာ​ပါ​သ​လော' ဟု သင့်​အား​မေး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။


ထို့​ကြောင့်​ငါ​သည်​တေမန်​မြို့​ပေါ်​သို့​မီး​မိုး ရွာ​စေ​ပြီး ဗော​ဇ​ရ​ရဲ​တိုက်​များ​ကို​ပြာ​ချ လိုက်​မည်'' ဟု​မိန့်​တော်​မူ​၏။


လက်​နက်​ကိုင်​စွဲ​သူ​တေ​မန်​မြို့​သား​တို့​သည် ကြောက်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။ ဧ​ဒုံ​ပြည်​ရှိ​စစ်​သည်​တပ်​သား​အ​ပေါင်း​တို့ သည် အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ