ရုပ်တုများကိုရှိခိုးဝတ်ပြုသူအပေါင်းတို့သည် အရှက်ရကြ၏။ ဘုရားရှိသမျှတို့သည်လည်းကိုယ်တော်၏ ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်ကြ၏။
ဟဗက္ကုတ် 2:18 - Common Language Bible ရုပ်တုဆင်းတုသည်အဘယ်သို့အသုံးဝင်% ပါသနည်း။ ယင်းသည်လူတို့သွန်းလုပ်သည့်% အရာမျှသာဖြစ်လျက် လိမ်လည်မှုမှလွဲ% ၍မည်သည့်စကားကိုမျှမပြောမဆိုတတ်။ % မိမိသွန်းလုပ်သောအရာကိုပြန်လည်ယုံ% ကြည်ကိုးစား၍အဘယ်အကျိုးကိုခံစား% ရမည်နည်း။ ယင်းသည်စကားမပြောနိုင်% သည့်ဘုရားဖြစ်ပါသည်တကား၊-% Garrad Bible ရုပ် ပွား သည်၊ ထု လုပ် သော ပန်း ပု ကိုယ် ၌ လည်း ကောင်း၊ ဆင်း တု နှင့် မိ စ္ဆာ ဟော ဘု ရား တို့ သည်၊ စ ကား မ ပြော နိုင် သော အ ရာ များ ကို အား ကိုး ၍ သွန်း လုပ် သော ပန်း တည်း၌ လည်း ကောင်း မည် သည့် အ ကျိုး ပေး နိုင် သ နည်း။ Judson Bible ထုလုပ်သော ရုပ်တုသည် အဘယ်အကျိုးကို ပေး၍၊ လက်သမားသည် ထုလုပ်ရသနည်း။ သွန်းသောရုပ်တုနှင့် မိစ္ဆာဆရာသည် အဘယ်အကျိုးကိုပေး၍၊ လုပ်သောသူသည် မိမိအလုပ်ကို မှီခိုလျက်၊ စကားအသော ရုပ်တုတို့ကို လုပ်ရသနည်း။ မြန်မာ့စံမီသမ္မာကျမ်း ရုပ်တုဆင်းတုသည် မည်သည့်အကျိုးအမြတ်ကိုပေးနိုင်၍ ပန်းပုသမားသည် ထုဆစ်ရသနည်း။ ရုပ်တုနှင့် မုသားဆရာ အတူတူပင်ဖြစ်၏။ ပန်းပုသမားသည် ဆွံ့အသောရုပ်တုကို ထုလုပ်ပြီး ထိုရုပ်တုကို ကိုးစားပါသည်တကား။ |
ရုပ်တုများကိုရှိခိုးဝတ်ပြုသူအပေါင်းတို့သည် အရှက်ရကြ၏။ ဘုရားရှိသမျှတို့သည်လည်းကိုယ်တော်၏ ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်ကြ၏။
သစ်ခြောက်သည်မီးပွားကြောင့်မီးစွဲလောင်ရသည်နည်းတူတန်ခိုးကြီးမားသူတို့သည်လည်း မိမိတို့၏ဒုစရိုက်များကြောင့်ဆုံးပါးပျက်စီးရကြလိမ့်မည်။ ယင်းသို့ဆုံးပါးပျက်စီးမှုကိုလည်းအဘယ်သူမျှဆီးတား၍ရလိမ့်မည်မဟုတ်'' ဟုမြွက်ဆိုလေသည်။
တစ်နေ့သ၌သူသည်မိမိဘုရားနိသရုတ် ၏ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ်၏။ ဝတ်ပြု နေစဉ်သားတော်များဖြစ်သောအာဒြမ္မေလက် နှင့်ရှရေဇာတို့သည်မင်းကြီးအား ဋ္ဌားနှင့် ခုတ်သတ်ပြီးလျှင်အာရရတ်ပြည်သို့ထွက် ပြေးကြ၏။ အခြားသားတော်တစ်ပါးဖြစ် သူဧသရဟဒ္ဒုန်သည်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်လေ သည်။
ကိုယ်တော်သည်အတတ်ပညာသည်များသွန်း လုပ်၍၊ ပန်းထိမ်ဆရာတို့ရွှေဖြင့်မွမ်းမံကာ၊ငွေ အခြေခံတွင် တပ်ဆင်ထားသည့်ရုပ်တုနှင့်မတူ။
သင်တို့စကားသည်မှန်ပေ၏ဟုငါတို့ဆိုနိုင် စေရန် ဤမည်သောအမှုအရာဖြစ်ပျက်လိမ့်မည်ဟု သင်တို့အနက်မှအဘယ်သူသည်ငါတို့အား ကြိုတင်ဖော်ပြပါသနည်း။ အဘယ်သူသည်အနာဂတ်ဟောစတမ်း ထုတ်ခဲ့ဖူးပါသနည်း။ သင်တို့တွင်အဘယ်သူမျှဤသို့မဟောပြော ခဲ့ကြ။ ဟောပြောသည်ကိုကြားသူလည်းတစ်ယောက်မျှ မရှိပါတကား။
ရုပ်တုများကိုယုံကြည်ကိုးစားကြသူတို့သည် လည်းကောင်း၊ ရုပ်တုများကိုမိမိတို့၏ဘုရားဟုခေါ်ဝေါ်ကြ သူတို့သည်လည်းကောင်း ရှုတ်ချခြင်းကိုခံရ၍အသရေပျက်ကြလိမ့် မည်။''
ပန်းပဲသမားသည်သံကိုယူပြီးလျှင်မီးတွင် ဖုတ်၏။ ထိုနောက်မိမိ၏သန်မာသောလက်ရုံး ကိုလွှဲ၍သံတူနှင့်ထုကာပုံဖော်ပေး၏။ သူ သည်အစာရေစာမွတ်သိပ်၍မောပန်းတတ် သူဖြစ်၏။
ရုပ်တုများကိုပြုလုပ်သူအပေါင်းတို့သည် အရှက်ကွဲကြလိမ့်မည်။ ထိုသူအားလုံးပင်အသရေပျက်ကြလိမ့်မည်။
ထာဝရဘုရားက၊ ``လူမျိုးတကာတို့လာရောက်စုဝေးကြလော့။ ဧကရာဇ်နိုင်ငံကျဆုံးပြီးနောက်အသက် မသေဘဲ ကျန်ရှိနေသူအပေါင်းတို့၊ အချင်းအသိပညာကင်းမဲ့သူတို့၊ မိမိတို့၏သစ်သားရုပ်တုများကို ခင်းကျင်းပြသကာ၊ ကယ်တင်နိုင်စွမ်းမရှိသည့်ဘုရားများထံတွင် ဆုတောင်းပတ္ထနာပြုသူတို့၊ တရားဆိုင်ရန်လာရောက်ကြလော့။
သူတို့အပေါင်းသည်ထုံထိုင်းမိုက်မဲကြ ပါ၏။ သစ်သားရုပ်များကသူတို့အားအဘယ် အမှုအရာကို သွန်သင်ပေးနိုင်ပါမည်နည်း။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော် မျိုးအားကွယ်ကာစောင့်ထိန်းတော်မူ၍ ခွန်အား ကိုပေးတော်မူပါ၏။ ဒုက္ခရောက်ချိန်၌ကူမတော် မူပါ၏။ ကမ္ဘာမြေကြီးစွန်းမှလူမျိုးတကာတို့ သည် အထံတော်သို့လာ၍``ကျွန်တော်မျိုးတို့ ဘိုးဘေးများကိုးကွယ်ခဲ့သည့်ဘုရားတို့သည် အတုအယောင်များသာလျှင်ဖြစ်ပါ၏။ အသုံး မဝင်အကျိုးမပေးသောရုပ်တုများသာဖြစ် ပါ၏။-
ယဇ်ပုရောဟိတ်တို့က`ထာဝရဘုရားသည် အဘယ်မှာရှိတော်မူပါသနည်း' ဟုမမေးကြ။ ငါ၏ယဇ်ပုရောဟိတ်တို့သည်ငါ့ကိုမသိ။ အုပ်ချုပ်သူတို့သည်ငါ့ကိုပုန်ကန်ကြ၏။ ပရောဖက်တို့ကဗာလဘုရား၏အမည်နာမကို တိုင်တည်ပြောဆိုကာ အသုံးမဝင်သည့်ရုပ်တုများကိုဝတ်ပြု ရှိခိုးကြ၏။
``ဗာဗုလုန်မြို့သည်ကျဆုံးလေပြီ။ ထိုမြို့ ၏မေရောဒပ် ဘုရားသည်လည်းကျိုးပဲ့ကြေမွ၍သွားလေပြီ။ ဗာဗုလုန်မြို့ရှိစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ရုပ်တုများသည် အရှက်ကွဲလျက်ချေမှုန်းခြင်းကိုခံရကြပါသည် တကား။ ဤသတင်းကိုထိုလူမျိုးတကာတို့အား ပြောကြားကြေညာလော့။ အချက်ပြအလံဟူ၍ကြော်ငြာလော့။ ထိုသတင်းကိုလျှို့ဝှက်၍မထားနှင့်။
ဤသို့ပြုတော်မူသဖြင့်လူအပေါင်းတို့သည် ဉာဏ်ပညာ၊ အသိဉာဏ်ကင်းမဲ့သူများဖြစ်ရကြကုန်၏။ ရုပ်တုကိုသွန်းသူမှန်သမျှသည် မိမိတို့သွန်းလုပ်သည့်ရုပ်တုများမှာဘုရား အစစ်အမှန်မဟုတ်သဖြင့်စိတ်ပျက်ကြ ကုန်၏။ ထိုရုပ်တုများတွင်အသက်မရှိ။
ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-
ထာဝရဘုရားက``ယုဒပြည်သားတို့ သည်တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြ သဖြင့်ငါသည်သူတို့ကိုအမှန်ပင်ဒဏ် ပေးရတော့မည်။ သူတို့သည်ငါ၏သြဝါဒ ကိုရွံမုန်း၍ငါပေးသောပညတ်တို့ကို မစောင့်ရှောက်ဘဲနေကြလေပြီ။ သူတို့ ဘိုးဘေးများဆည်းကပ်ကိုးကွယ်ခဲ့သော မိစ္ဆာဘုရားများနောက်သို့ကိုယ်တိုင်လိုက် ပါကာလမ်းလွဲကြလေပြီ။-
အချည်းနှီးဖြစ်သောရုပ်တုများကို ကိုးကွယ်သူတို့သည်ကိုယ်တော်၏အပေါ်တွင် သစ္စာမဲ့ကြပါ၏။
လူတို့သည်နတ်ရုပ်များ၊ ရုပ်တုများ၊ ဗေဒင် ဆရာများကိုမေးမြန်းစုံစမ်းကြ၏။ သို့ ရာတွင်သူတို့ရရှိသည့်အဖြေများမှာ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သည့်မုသားစကား များဖြစ်၏။ အချို့သောသူတို့သည်အိပ်မက် များကိုအနက်ဖွင့်ကြ၏။ သို့ရာတွင်သူတို့ သည်သင်တို့အားလမ်းမှားသို့သာလျှင် ပို့ဆောင်ပေးတတ်၏။ သူတို့အထဲမှရရှိ သည့်နှစ်သိမ့်မှုမှာလည်းအချည်းနှီးသာ လျှင်ဖြစ်ပေသည်။ ထို့ကြောင့်လူတို့သည် လမ်းလွဲသည့်သိုးများကဲ့သို့လှည့်လည် သွားလာလျက်နေရကြ၏။ ဦးစီးခေါင်း ဆောင်မရှိသဖြင့် ဒုက္ခရောက်လျက်ရှိ ကြ၏။
ထိုစဉ်အခါကသင်တို့ပြုကျင့်ခဲ့သောအမှု များသည်မည်သည့်အကျိုးကိုမျှမပေးခဲ့။ သင် တို့ကိုသာသေစေခဲ့၏။ ယခုအခါသင်တို့ သည်ထိုအမှုများအတွက်ရှက်ကြောက်လျက် နေကြ၏။-
သင်တို့သည်ယုံကြည်သူမဖြစ်မီက စိတ် လှုပ်ရှားရာသို့လိုက်ပါကာလမ်းလွဲလျက် သက်မဲ့ရုပ်တုများကိုကိုးကွယ်ခဲ့ကြကြောင်း သင်တို့အသိပင်ဖြစ်၏။-
သားရဲနှင့်တကွသူ၏ရှေ့တွင်နိမိတ်လက္ခဏာ များကိုပြသောမိစ္ဆာပရောဖက်သည်အဖမ်းခံ ရ၏။ (ထိုမိစ္ဆာပရောဖက်ကားသားရဲ၏အမှတ် တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုရှိခိုးသူများ အားနိမိတ်လက္ခဏာများကိုပြခြင်းအားဖြင့် မှောက်မှားလမ်းလွဲစေသူဖြစ်သတည်း။) ထိုသူ နှစ်ဦးစလုံးပင်လျှင်တောက်လောင်နေသောကန့် မီးအိုင်ထဲသို့အရှင်လတ်လတ်ပစ်ချခြင်းကို ခံရကြ၏။-
သားဖြစ်သူသည်လည်းထိုငွေကိုမယူဘဲ အမိအားပြန်၍ပေးလေသည်။ ထိုအခါ မိခင်သည်ငွေနှစ်ပိဿာကိုယူ၍ပန်းထိမ် အားပေးအပ်ကာ သစ်သားရုပ်တုတစ်ခု ထုလုပ်စေပြီးလျှင်ငွေဖြင့်မွမ်းမံစေ၏။ ထိုရုပ်တုကိုမိက္ခာ၏အိမ်တွင်ထားရှိ သတည်း။
ဘုရားအတုအယောင်တို့နောက်သို့မလိုက်ကြ နှင့်။ ထိုဘုရားများသည်ဘုရားအစစ်မဟုတ် သဖြင့်သင်တို့အားကူမရန်သော်လည်းကောင်း၊ ကယ်တင်ရန်သော်လည်းကောင်းမတတ်နိုင်ကြ။-