Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 44:12 - Common Language Bible

12 ပန်း​ပဲ​သ​မား​သည်​သံ​ကို​ယူ​ပြီး​လျှင်​မီး​တွင် ဖုတ်​၏။ ထို​နောက်​မိ​မိ​၏​သန်​မာ​သော​လက်​ရုံး ကို​လွှဲ​၍​သံ​တူ​နှင့်​ထု​ကာ​ပုံ​ဖော်​ပေး​၏။ သူ သည်​အ​စာ​ရေ​စာ​မွတ်​သိပ်​၍​မော​ပန်း​တတ် သူ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ပန်း တည်း သည် စို့ ကို ကိုင် လျက်၊ မီး ဖြင့် ပုံ ကျ အောင် ထု နှက်၍၊ အား ကြီး သော လက် ရုံး နှင့် လုပ် ဆောင် ရာ ဆာ မွတ် သ ဖြင့် အား ကုန် ခြင်း၊ ရေ ငတ် သ ဖြင့် မော ပန်း ခြင်း သို့ ရောက် တတ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ပန်း​ပဲ​သ​မား​သည် ပု​ဆိန်​ကို​လုပ်​ခြင်း​ငှာ မီး​ခဲ၌​ဖုတ်၍၊ လက်​ရုံး​အား​ထုတ်​လျက် သံ​တူ​နှင့်​ထု​တတ်၏။ အ​ကယ်၍ မွတ်​သိပ်​သော​အ​ခါ အား​လျော့​တတ်၏။ ရေ​မ​သောက်​ရ​သော​အ​ခါ မော​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ပန်းပဲသမား​သည် သံ​ကို မီးညှပ်​ဖြင့် မီးခဲ​ပေါ်​တင်​၍ အလုပ်​လုပ်​၏​။ သူ​သည် တူ​ဖြင့်​ပုံသွင်း​တတ်​၏​။ သူ​၏​လက်ရုံး​ခွန်အား​ဖြင့် လုပ်ဆောင်​တတ်​၏​။ သူ​သည် ဆာလောင်မွတ်သိပ်​၍ ခွန်အား​မ​ရှိ​။ ရေ​မ​သောက်​ရ​သဖြင့် အားအင်​ကုန်ခန်း​တတ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 44:12
11 ပူးပေါင်းရင်းမြစ်များ  

အာ​ရုန်​သည်​နား​တောင်း​များ​ကို​အ​ရည် ကျို​ပြီး​လျှင်၊ ရွှေ​ဖြင့်​နွား​ငယ်​ပုံ​သွန်း​လုပ် လေ​၏။ ထို​နောက်​လူ​အ​ပေါင်း​တို့​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ဤ​ဘု​ရား​သည်​သင်​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​ငါ​တို့ ၏​ဘု​ရား​ဖြစ်​သည်'' ဟု​ဆို​လေ​၏။


သူ​တို့​သည်​ငါ​ချ​မှတ်​သော​လမ်း​စဉ်​မှ​သွေ​ဖည် သွား​ကြ​လေ​ပြီ။ ရွှေ​နွား​ငယ်​ရုပ်​ကို​သွန်း​လုပ် ပြီး​လျှင်၊ ထို​ရုပ်​တု​ကို​ယဇ်​ပူ​ဇော်​ရှိ​ခိုး​ကြ ပြီ။ ထို​ဘု​ရား​သည် သူ​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​ခဲ့​သော​ဘု​ရား​ဖြစ်​ကြောင်း၊ ကြွေး​ကြော်​နေ​ကြ​ပြီ။''-


ကိုယ်​တော်​သည်​အ​တတ်​ပ​ညာ​သည်​များ​သွန်း လုပ်​၍၊ ပန်း​ထိမ်​ဆ​ရာ​တို့​ရွှေ​ဖြင့်​မွမ်း​မံ​ကာ၊ငွေ အ​ခြေ​ခံ​တွင် တပ်​ဆင်​ထား​သည့်​ရုပ်​တု​နှင့်​မ​တူ။


ငွေ၊ရွှေ၊မ​တတ်​နိုင်​သူ​သည်​မ​ဆွေး​မြေ့​နိုင်​သည့် သစ်​သား​ကို​ရွေး​ချယ်​တတ်​၏။ သူ​သည်​မြဲ​မြံ​စွာ​ရပ်​တည်​နိုင်​သည့် ရုပ်​တု​ကို​ပြု​လုပ်​ရန်​ကျွမ်း​ကျင်​သူ​ပန်း​ပု ဆ​ရာ​ကို ရှာ​တတ်​၏။


သင်​တို့​နှိမ်​နင်း​အောင်​မြင်​သည့်​လူ​မျိုး​တို့​သည်​% အ​ချည်း​နှီး​အ​လုပ်​ကြမ်း​ကို​လုပ်​လျက်​ပင်​ပန်း​% နွမ်း​နယ်​ရ​ကြ​ပေ​သည်။ သူ​တို့​တည်​ဆောက်​ခဲ့​% သ​မျှ​သော​အ​ဆောက်​အ​ဦ​တို့​သည်​မီး​လောင်​% ကျွမ်း​၍​သွား​လေ​ပြီ။ ဤ​အ​မှု​ကား​အ​နန္တ​% တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​% အမှု​ဖြစ်​၏။-%


ရုပ်​တု​ဆင်း​တု​သည်​အ​ဘယ်​သို့​အ​သုံး​ဝင်​% ပါ​သ​နည်း။ ယင်း​သည်​လူ​တို့​သွန်း​လုပ်​သည့်​% အ​ရာ​မျှ​သာ​ဖြစ်​လျက် လိမ်​လည်​မှု​မှ​လွဲ​% ၍​မည်​သည့်​စ​ကား​ကို​မျှ​မ​ပြော​မ​ဆို​တတ်။ % မိ​မိ​သွန်း​လုပ်​သော​အ​ရာ​ကို​ပြန်​လည်​ယုံ​% ကြည်​ကိုး​စား​၍​အ​ဘယ်​အ​ကျိုး​ကို​ခံ​စား​% ရ​မည်​နည်း။ ယင်း​သည်​စ​ကား​မ​ပြော​နိုင်​% သည့်​ဘု​ရား​ဖြစ်​ပါ​သည်​တ​ကား၊-%


ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တူ များ​ကို​ကိုင်​ဆောင်​ထား​သည့်​အ​လုပ်​သ​မား လေး​ယောက်​ကို​ပြ​တော်​မူ​၏။-


ထို​အ​ခါ​သင်​တို့​သည်​လူ့​လက်​ဖြင့်​လုပ်​၍ မ​မြင် နိုင်၊ မ​ကြား​နိုင်၊ မ​စား​နိုင်၊ အ​နံ့​မ​ခံ​နိုင်​သော သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ