ဟေရှာယ 41:26 - Common Language Bible26 သင်တို့စကားသည်မှန်ပေ၏ဟုငါတို့ဆိုနိုင် စေရန် ဤမည်သောအမှုအရာဖြစ်ပျက်လိမ့်မည်ဟု သင်တို့အနက်မှအဘယ်သူသည်ငါတို့အား ကြိုတင်ဖော်ပြပါသနည်း။ အဘယ်သူသည်အနာဂတ်ဟောစတမ်း ထုတ်ခဲ့ဖူးပါသနည်း။ သင်တို့တွင်အဘယ်သူမျှဤသို့မဟောပြော ခဲ့ကြ။ ဟောပြောသည်ကိုကြားသူလည်းတစ်ယောက်မျှ မရှိပါတကား။ အခန်းကိုကြည့်ပါ။Garrad Bible26 ငါ တို့ သိ ကြ စေ ရန်လည်း ကောင်း၊ ဟုတ် မှန် သည် ဟု ဝန် ခံ ကြ စေ ရန်လည်း ကောင်း၊ အ ထက် ကာ လ က၊ မည် သူ ဖော် ပြ ခဲ့ ဘူး သ နည်း။ ထို သို့ ဖော် ပြ ကြား ပြော သူ တစ် ဦး တစ် ယောက် မျှ မ ရှိ။ သင် တို့ စ ကား ကို ကြား ဖူး သူ လည်း တစ် ယောက် မျှ မ ရှိ ချေ။ အခန်းကိုကြည့်ပါ။Judson Bible26 ငါတို့သည် သိရမည်အကြောင်း၊ ရှေ့ဦးစွာမှစ၍ အဘယ်သူသည် ဟောပြောသနည်း။ မှန်ပေ၏ဟု ငါတို့သည် ဆိုရမည်အကြောင်း၊ ရှေးမဆွက အဘယ်သူသည် ဟောပြောသနည်း။ ဖော်ပြသောသူ တစ်ယောက်မျှမရှိ။ ဟောပြောသောသူ တစ်ယောက်မျှမရှိ။ သင်တို့စကားကို ကြားသောသူ တစ်ယောက်မျှမရှိ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း26 ငါတို့ သိရှိနိုင်ရန် အစအဦးကတည်းက မည်သူပြောပြဖူးသနည်း။ “မှန်ပေ၏”ဟု ငါတို့ပြောနိုင်ရန် မည်သူကြိုတင်ပြောပြဖူးသနည်း။ ပြောပြသောသူ တစ်ယောက်မျှမရှိ။ ပြောကြားသောသူ တစ်ယောက်မျှမရှိ။ သင်တို့စကားကို ကြားဖူးသောသူ တစ်ယောက်မျှမရှိ။ အခန်းကိုကြည့်ပါ။ |
လူမျိုးတကာတို့အားတရားစီရင်ရာသို့ ဆင့်ခေါ်ကြလော့။ သူတို့၏အဘယ်မည်သောဘုရားတို့သည် အနာဂတ်ဟောစတမ်းကိုထုတ်နိုင်ပါသနည်း။ အဘယ်မည်သောဘုရားတို့သည်ယခုဖြစ် ပျက်ဆဲ အမှုအရာများကိုကြိုတင်ဟောကြားခဲ့ပါ သနည်း။ ထိုဘုရားတို့သည်မိမိတို့မှန်ကန်၍နေ ကြောင်း အထောက်အထားပြနိုင်ရန်နှင့် မိမိတို့ပြောဆိုခဲ့သည့်အတိုင်းဟုတ်မှန်၍ နေပုံကို အကိုးအကားပြနိုင်ရန်၊ အသိသက်သေများကိုခေါ်ဆောင်ခဲ့ကြပါစေ။
လာရောက်၍သင်တို့၏အမှုကိုရုံးတော်သို့ တင်ကြလော့။ တရားခံတို့သည်အချင်းချင်းတစ်ဦးနှင့် တစ်ဦး တိုင်ပင်နှီးနှောရကြ၏။ ဖြစ်ပျက်မည့်အမှုအရာကိုအဘယ်သူသည် ကြိုတင်ဖော်ပြပါသနည်း။ ရှေးမဆွကပင်လျှင်ကြိုတင်ဟောကြားခဲ့ ပါသနည်း။ ငါထာဝရဘုရားသည်မိမိ၏လူမျိုးတော်ကို ကယ်တင်သည့်ဘုရား မဟုတ်ပါလော။ ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှ မရှိ။