Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 37:38 - Common Language Bible

38 တစ်​နေ့​သ​၌​သူ​သည်​မိ​မိ​ဘု​ရား​နိ​သ​ရုတ် ၏​ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ်​၏။ ဝတ်​ပြု နေ​စဉ်​သား​တော်​များ​ဖြစ်​သော​အာ​ဒြမ္မေ​လက် နှင့်​ရှ​ရေ​ဇာ​တို့​သည်​မင်း​ကြီး​အား ဋ္ဌား​နှင့် ခုတ်​သတ်​ပြီး​လျှင်​အာ​ရ​ရတ်​ပြည်​သို့​ထွက် ပြေး​ကြ​၏။ အ​ခြား​သား​တော်​တစ်​ပါး​ဖြစ် သူ​ဧ​သ​ရ​ဟဒ္ဒုန်​သည်​ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

38 နိ သ ရုတ် ခေါ် ကိုယ့် ဘု ရား၏ ကျောင်း တွင် ရှိ ခိုး လျက် နေ ရာ၊ သား တော် အ ဒြ မ္မေ လက် နှင့် ရှ ရေ ဇာ တို့ သည် ဓား ဖြင့် လုပ် ကြံ ပြီး လျှင်၊ အာ ရာ ရတ် ပြည် သို့ ပြေး ဝင် ကြ၏။ သား တော် ဧ သ ရ ဟ ဒ္ဒုန် သည် အ ရိုက် အ ရာ၌ နန်း စံ လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

38 နောက်​တစ်​ဖန် သူ​သည် မိ​မိ​ဘု​ရား​နိ​သ​ရုတ်၏ ဗိ​မာန်၌ ကိုး​ကွယ်​စဉ်​တွင်၊ သား​တော်​အာ​ဒြ​မ္မေ​လက်​နှင့် ရှ​ရေ​ဇာ​သည် ခ​မည်း​တော်​ကို ဓား​နှင့်​သတ်​ပြီး​လျှင်၊ အာ​ရ​မ​နိ​ပြည်​သို့ ပြေး​ကြ၏။ သား​တော် ဧ​သ​ရ​ဟ​ဒ္ဒုန်​သည်​လည်း၊ ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

38 သူ​သည် မိမိ​ဘုရား နိသရုတ်​ဝတ်ကျောင်း​၌ ရှိခိုးကိုးကွယ်​နေ​စဉ် သား​တော် အာဒြမ္မေလက်​နှင့်​ရှရေဇာ​တို့​သည် သူ့​ကို ဓား​ဖြင့် သတ်​ပြီးလျှင် အာရရတ်​ပြည်​သို့ ထွက်ပြေး​သွား​ကြ​၏​။ သူ​၏​သား​တော်​ဧသရဟဒ္ဒုန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 37:38
13 ပူးပေါင်းရင်းမြစ်များ  

သင်္ဘော​သည်​သတ္တ​မ​လ​တစ်​ဆယ့်​ခု​နစ်​ရက် နေ့​တွင် အာ​ရ​ရတ်​တောင်​တစ်​ခု​ပေါ်​တွင်​တင် နေ​လေ​၏။-


ထို​နိုင်​ငံ​များ​ရှိ​အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ​၏​လူ​တို့​အား​ငါ​၏​လက်​မှ​ကယ်​ခဲ့​ဖူး ပါ​သ​နည်း။ သို့​ဖြစ်​ပါ​လျက်​သင်​တို့​၏​ဘု​ရား သည်​သင်​တို့​ကို​ကယ်​တော်​မူ​နိုင်​သည်​ဟု အ​ဘယ်​ကြောင့်​သင်​တို့​ထင်​မှတ်​ကြ​ပါ သ​နည်း။-


သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သား​တို့​၏​ဘု​ရား​သ​ခင်​ကို​လူ​တို့​လက်​ဖြင့်​ပြု​လုပ်​သော​ရုပ်​တု များ​ဖြစ်​သည့်​အ​ခြား​လူ​မျိုး​တို့​၏​ဘု​ရား များ​နှင့်​တန်း​တူ​ထား​၍​ပြော​ဆို​ကြ​၏။


ထာ​ဝရ​ဘု​ရား​သည်​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်​၍ အာ​ရှု​ရိ​တပ်​သား​များ​နှင့်​တပ်​မ တော်​အ​ရာ​ရှိ​များ​အား​သုတ်​သင်​ပယ်​ရှင်း စေ​တော်​မူ​၏။ ဧ​က​ရာဇ်​မင်း​သည်​အ​ရှက်​ကွဲ လျက်​အာ​ရှု​ရိ​ပြည်​သို့​ပြန်​တော်​မူ​၏။ တစ် နေ့​သ​၌​သူ​သည်​မိ​မိ​ဘု​ရား​၏​ဗိ​မာန် တော်​၌​ရှိ​နေ​စဉ် သား​တော်​အ​ချို့​တို့​သည် သူ့​အား​ဋ္ဌား​ဖြင့်​လုပ်​ကြံ​ကြ​လေ​သည်။


သူ​တို့​သည်​ဇေ​ရု​ဗ​ဗေ​လ​နှင့်​သား​ချင်း​စု​ခေါင်း​ဆောင်​များ​ထံ​သို့​သွား​၍``ဗိ​မာန်​တော်​တည်​ဆောက်​မှု​တွင် ငါ​တို့​ကို​လည်း​သင်​တို့​နှင့်​အ​တူ​ပါ​ဝင်​ခွင့်​ပြု​ပါ။ ငါ​တို့​သည်​သင်​တို့​ကိုး​ကွယ်​သည့်​ဘု​ရား​ကို​ပင်​ကိုး​ကွယ်​ပါ​၏။ ငါ​တို့​အား​ဤ​အ​ရပ်​တွင်​နေ​ထိုင်​ရန်​အာ​ရှု​ရိ​ဘု​ရင်​ဧ​သ​ရ​ဟဒ္ဒုန်​စေ​လွှတ်​လိုက်​ချိန်​မှ​အ​စ​ပြု​၍ ထို​ဘု​ရား​ကို​ယဇ်​ပူ​ဇော်​ခဲ့​ကြ​ပါ​သည်'' ဟု​ပြော​ကြား​ကြ​၏။


အို နံ​နက်​အ​ရုဏ်​၏​သား၊ ဗာ​ဗု​လုန်​ဘု​ရင်၊ ထွန်း လင်း​တောက်​ပ​သည့်​မိုး​သောက်​ကြယ်၊ သင်​သည် မိုး​ကောင်း​ကင်​မှ​ပြုတ်​ကျ​ရ​လေ​ပြီ။ အ​တိတ် ကာ​လ​က​သင်​သည်​လူ​မျိုး​တ​ကာ​ကို​နှိမ် နင်း​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​မြေ ပေါ်​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​လေ​ပြီ။-


``မ​ရ​ဏ​နိုင်​ငံ​သည် ဗာ​ဗု​လုန်​ဘု​ရင်​အား​ကြို ဆို​လက်​ခံ​ရန်​အ​သင့်​ပြင်​ဆင်​လျက်​နေ​၏။ ကမ္ဘာ မြေ​ကြီး​ပေါ်​တွင်​ရှိ​စဉ်​အ​ခါ​က​တန်​ခိုး​ကြီး မား​ခဲ့​သူ​တို့​၏​နာမ်​ဝိ​ညာဉ်​များ​သည် လှုပ်​ရှား သွား​လာ​လျက်​နေ​ကြ​၏။ ဘု​ရင်​တို့​၏​ဝိ​ညာဉ် များ​သည်​လည်း မိ​မိ​တို့​ရာ​ဇ​ပလ္လင်​များ​မှ တက်​ကြွ​လျက်​နေ​ကြ​၏။-


ထာ​ဝ​ရ​ဘု​ရား​အား၊ အား​ကိုး​ရန်​သူ​သွေး ဆောင်​တိုက်​တွန်း​သော်​လည်း သင်​တို့​ခွင့်​မ​ပြု ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား ကယ်​တော်​မူ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​တို့​အာ​ရှု​ရိ​တပ်​မ​တော်​အား သင်​တို့ ၏​မြို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​လိမ့်​မည် မ​ဟုတ်​ဟူ​၍​လည်း​ကောင်း မ​ထင်​မှတ်​ကြ​နှင့်။-


ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​ကယ်​ဆယ် တော်​မူ​နိုင်​သည်​ဟု သင်​တို့​ထင်​မှတ်​ကြ​စေ ရန် ဟေ​ဇ​ကိ​လှည့်​စား​သည်​ကို​နား​မ​ထောင် ကြ​နှင့်။ အ​ခြား​အ​မျိုး​သား​တို့​၏​ဘု​ရား များ​သည် သူ​တို့​၏​ပြည်​ကို​အာ​ရှု​ရိ​ဧ​က​ရာဇ် ဘု​ရင်​၏​လက်​မှ​ကယ်​ဆယ်​ခဲ့​ကြ​ပါ​သ​လော။-


ထို​သ​တင်း​ကို​ကြား​သော​အ​ခါ​ဧ​က​ရာဇ် မင်း​သည်​ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​ထံ​သို့​သ​ဝဏ် လွှာ​တစ်​စောင်​ရေး​၍​ပေး​ပို့​လိုက်​လေ​သည်။ ထို သ​ဝဏ်​လွှာ​တွင်``သင်​ကိုး​စား​သည့်​ဘု​ရား​သ​ခင်​က သင်​သည်​ငါ​၏​လက်​တွင်း​သို့​ကျ ရောက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု မိန့်​တော်​မူ​သော စ​ကား​ကြောင့်​အ​ထင်​အ​မြင်​မ​မှား​ပါ လေ​နှင့်။-


ထာ​ဝ​ရ​ဘု​ရား​သည်​ဧ​က​ရာဇ်​မင်း​အား မိ​မိ​၏​ပြည်​သို့​ပြန်​စေ​ရန် သ​တင်း​တစ်​စုံ​တစ် ရာ​ကို​ကြား​သိ​စေ​တော်​မူ​လိမ့်​မည်။ ထို​နောက် သူ့​ကို​ထို​ပြည်​၌​ပင်​အ​ဆုံး​စီ​ရင်​တော်​မူ ပေ​အံ့'' ဟု​ပြန်​ကြား​လိုက်​၏။


``တိုက်​ခိုက်​ရန်​အ​ချက်​ပေး​ကြ​လော့။ လူ​မျိုး တကာ​တို့​ကြား​ကြ​စေ​ရန်​တံ​ပိုး​ခ​ရာ​မှုတ် ကြ​လော့။ ဗာ​ဗု​လုန်​မြို့​ကို​စစ်​ချီ​ရန်​လူ​မျိုး တ​ကာ​တို့​အား​အ​သင့်​ပြင်​ဆင်​စေ​ကြ​လော့။ အာ​ရ​ရတ်​ပြည်၊ မိန္နိ​ပြည်​နှင့်​အာ​ရှ​ကေ​နတ် ပြည်​တို့​အား​တိုက်​ခိုက်​ရန်​ပြော​ကြား​ကြ​လော့။ ဦး​ဆောင်​တိုက်​ခိုက်​နိုင်​ရန်​စစ်​သေ​နာ​ပ​တိ​ကို ခန့်​ထား​ကြ​လော့။ ကျိုင်း​ကောင်​အုပ်​ကဲ့​သို့​မြင်း တို့​ကို​ချီ​တက်​စေ​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ