သင်သည်ကိုယ့်ဋ္ဌားဖြင့်အသက်မွေးရမည်။ သင်၏ညီအစေကိုခံရမည်။ သို့ရာတွင်သင်သည်ကြိုးပမ်းအားထုတ်လျှင်၊ သူ၏အချုပ်အနှောင်မှလွတ်မြောက်လိမ့်မည်'' ဟုဆိုလေ၏။
ဟေရှာယ 9:4 - Common Language Bible အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် သူတို့ထမ်းပိုးနှင့် သူတို့အားရိုက်သည့်တုတ်ကိုချိုးပစ် တော်မူသောကြောင့်ဖြစ်၏။ ရှေးအခါကကိုယ်တော်သည်မိဒျန်အမျိုးသား တို့အားနှိမ်နင်းတော်မူခဲ့သည့်နည်းတူ၊ ကိုယ်တော်၏လူမျိုးတော်အားနှိပ်စက်ညှဉ်းဆဲ ကြသည့် လူမျိုးအားနှိမ်နင်းတော်မူပါပြီ။ Garrad Bible အ ဘယ့် ကြောင့် ဆို သော်၊ သူ တို့ ထမ်း ရ သော ထမ်း ပိုး ကို လည်း ကောင်း၊ ကျော ဒဏ် ခတ် သော တုတ် ကိုလည်း ကောင်း၊ ညှဉ်း ပန်း သူ၏ လှံ တံ ကိုလည်း ကောင်း၊ မိ ဒျန် လူ မျိုး ပေါ် တွင် အောင် ပွဲ နေ့ နည်း တူ၊ ချိုး ဖြတ် တော် မူ၍၊ Judson Bible အကြောင်းမူကား၊ မိဒျန်လက်ထက်၌ ပြုတော်မူသကဲ့သို့၊ ကိုယ်တော်သည် သူတို့ထမ်းရသောထမ်းပိုး၊ ကျော၌ခံရသော တုတ်ကိုလည်းကောင်း၊ ညှဉ်းဆဲသောသူ၏ လှံတံကိုလည်းကောင်း ချိုးတော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကိုယ်တော်သည် မိဒျန်လူမျိုးလက်မှကယ်တင်ခဲ့စဉ်က ပြုသကဲ့သို့ သူထမ်းရသောထမ်းပိုး၊ သူ့ကျောကိုရိုက်သောတုတ်၊ သူ့ကိုညှဉ်းဆဲသောကြိမ်လုံးတို့ကို ချိုးတော်မူပြီ။ |
သင်သည်ကိုယ့်ဋ္ဌားဖြင့်အသက်မွေးရမည်။ သင်၏ညီအစေကိုခံရမည်။ သို့ရာတွင်သင်သည်ကြိုးပမ်းအားထုတ်လျှင်၊ သူ၏အချုပ်အနှောင်မှလွတ်မြောက်လိမ့်မည်'' ဟုဆိုလေ၏။
သူယုတ်မာတို့သည်ဖြောင့်မတ်သောသူတို့၏ ပြည်ကို အစဉ်အမြဲအုပ်စိုးရလိမ့်မည်မဟုတ်။ အကယ်၍ယင်းသို့အုပ်စိုးရကြပါမူ၊ ဖြောင့်မတ်သောသူတို့ကိုယ်တိုင်ပင်လျှင် မကောင်းမှုကိုပြုကောင်းပြုကြပေလိမ့်မည်။
ထိုအသံက``သင်တို့၏ပခုံးထက်မှလေးလံ သော ဝန်ထုပ်ကိုငါယူပစ်လျက် သင်တို့အုတ်သယ်သည့်ခြင်းတောင်းများကို ချထားစေ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ယခု အခါဝလင်စွာစားရကြသူတို့အားအပြစ် ဒဏ်ခတ်ရန် အနာရောဂါကပ်ရောက်စေတော် မူလိမ့်မည်။ သူတို့၏ကိုယ်ခန္ဓာအတွင်းပိုင်း သည်မီးကဲ့သို့အဆက်မပြတ်ပူလောင်၍ နေလိမ့်မည်။-
ထာဝရဘုရားက``အို အာရှုရိအမျိုးသား တို့၊ ငါအမျက်ထွက်သောသူတို့အားအာရှုရိ အမျိုးသားတို့ကိုတင်းပုတ်အဖြစ်ဖြင့်ငါ အသုံးပြုမည်။-
ငါသည်မိမိ၏ဣသရေလပြည်တော်တွင် အာရှုရိအမျိုးသားတို့အားသုတ်သင်ဖျက် ဆီး၍၊ ငါ၏တောင်ရိုးများအပေါ်တွင်သူ တို့ကိုခြေနှင့်ကျော်နင်းပစ်မည်။ ငါ၏လူမျိုး တော်အား သူတို့ထမ်းရကြသည့်ထမ်းပိုး နှင့်ဒုက္ခဝန်ထုပ်များမှလွတ်မြောက်စေမည်။-
သင်တို့၏ပြည်တွင်နေခွင့်ပြုကြပါ။ ငါတို့ ကိုသုတ်သင်ဖျက်ဆီးလိုသူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ကြပါ'' ဟုမောဘ ပြည်သူတို့ပြောကြားကြ၏။ (ဖိနှိပ်ချုပ်ချယ်မှုနှင့်သုတ်သင်ဖျက်ဆီးမှု တို့သည်ပပျောက်၍သွားလိမ့်မည်။ တိုင်းပြည် ကိုပျက်ပြုန်းစေသောသူတို့သည်လည်းရှိ ကြတော့မည်မဟုတ်။-
ငါသည်မိမိ၏လူမျိုးတော်အားအမျက်ထွက် သဖြင့်၊ ငါ၏လူမျိုးတော်မဟုတ်ဘိသကဲ့သို့ပြုခဲ့၏။ သင်၏အာဏာစက်အောက်တွင်ထားရှိခဲ့၏။ သို့ရာတွင်သင်သည်သူတို့အပေါ်၌ သနားကြင်နာစိတ်မထား။ အသက်ကြီးသူများကိုပင်ကြမ်းကြုတ်စွာ ပြုကျင့်၏။
ငါသည်သင့်ကိုနှိပ်စက်ညှဉ်းဆဲသူတို့အား အချင်းချင်းသတ်ဖြတ်စေမည်။ ထိုအခါငါသည်သင်တို့ကိုကယ်တင်ရွေးနုတ် တော်မူသောအရှင်၊ ထာဝရဘုရားဖြစ်တော်မူကြောင်းလူအပေါင်းတို့ သိရှိကြလိမ့်မည်။ ငါသည်ဣသရေလအမျိုးသားတို့၏တန်ခိုး တော်ရှင် ဘုရားသခင်ဖြစ်တော်မူသည်ကို သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
မိုးကောင်းကင်ကိုဖြန့်ကြက်၍ကမ္ဘာမြေကြီးကို အုတ်မြစ်ချကာ၊ သင်တို့ကိုဖန်ဆင်းတော်မူသောထာဝရဘုရားအား၊ သင်တို့သည်မေ့လျော့ကြလေပြီလော။ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူများ၊သင်တို့ကို သုတ်သင် ဖျက်ဆီးပစ်ရန်အသင့်ရှိသူများအား၊ အဘယ်ကြောင့်သင်တို့သည်အစဉ်အမြဲကြောက်၍ နေရကြပါမည်နည်း။ သူတို့၏အမျက်ဒေါသသည်သင်တို့အား အဘယ်အခါ၌မျှဘေးဥပဒ်မဖြစ်စေနိုင်။
အို ယေရုရှလင်မြို့၊သင်၏ကိုယ်ကိုရုန်းခါ၍ လွတ်မြောက်အောင်ပြုလော့။ မြေမှုန့်ထဲမှထ၍သင်၏ပလ္လင်ပေါ်တွင်ထိုင်လော့။ အို သုံ့ပန်းဇိအုန်မြို့သူမြို့သားတို့၊သင်တို့အား ချည်နှောင်ထားသည့်သံကြိုးများကိုဖြေကြလော့။
သင်သည်သူတော်ကောင်းတရားတွင်အခြေခံ သဖြင့် တည်တံ့ခိုင်မြဲလိမ့်မည်။ နှိပ်စက်ညှင်းဆဲမှု၊ထိတ်လန့်တုန်လှုပ်မှုတို့နှင့် ကင်းဝေးရလိမ့်မည်။
ချင်းနင်းဝင်ရောက်လာသောရန်သူစစ်သည် တို့၏ ဖိနပ်များနှင့်သွေးစွန်းလျက် ရှိသည့်အဝတ်အစားများသည်မီးရှို့ ဖျက်ဆီးခြင်း ကိုခံရကြလိမ့်မည်။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ထို နေ့ရက်ကာလကျရောက်လာသောအခါ ငါသည်ထိုသူတို့၏လည်ဂုတ်ပေါ်မှထမ်း ပိုးကိုချိုးကာ သူတို့အားချည်နှောင်ထား သည့်သံကြိုးများကိုဖယ်ရှားပစ်မည်။ သူ တို့သည်နိုင်ငံခြားသားတို့ထံတွင်ကျွန်ခံ ရကြတော့မည်မဟုတ်။-
``နီးနားပတ်ဝန်းကျင်တွင်နေထိုင်သူတို့၊ထို နိုင်ငံအတွက် ငိုကြွေးမြည်တမ်းကြလော့။ ထိုနိုင်ငံ၏ဂုဏ်သတင်းကိုသိရှိကြသူ အပေါင်းတို့ `တန်ခိုးကြီးမားသည့်ဤနိုင်ငံသည် ထီးကျိုးစည်ပေါက်ဖြစ်လျက် ယင်း၏ဘုန်းအသရေနှင့်တန်ခိုးအာဏာသည် ကွယ်ပျောက်သွားလေပြီ' ဟုပြောဆိုကြလော့။
ငါသည်သင်တို့အားကျွန်ဘဝမှလွတ်မြောက် စေရန် အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောသင် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူ၏။ ငါသည်သင်တို့၏ထမ်းပိုးကိုချိုး၍သင် တို့အားမတ်မတ်လျှောက်စေပြီ'' ဟုမိန့်တော် မူ၏။
သင်တို့အားအာရှုရိပြည်၏လက်အောက်မှ လွတ်မြောက်စေမည်။ သင်တို့ကိုချည်နှောင် ထားသည့်သံကြိုးများကိုဖြတ်တောက် ပစ်မည်'' ဟုမိန့်တော်မူ၏။