ယေရမိ 48:17 - Common Language Bible17 ``နီးနားပတ်ဝန်းကျင်တွင်နေထိုင်သူတို့၊ထို နိုင်ငံအတွက် ငိုကြွေးမြည်တမ်းကြလော့။ ထိုနိုင်ငံ၏ဂုဏ်သတင်းကိုသိရှိကြသူ အပေါင်းတို့ `တန်ခိုးကြီးမားသည့်ဤနိုင်ငံသည် ထီးကျိုးစည်ပေါက်ဖြစ်လျက် ယင်း၏ဘုန်းအသရေနှင့်တန်ခိုးအာဏာသည် ကွယ်ပျောက်သွားလေပြီ' ဟုပြောဆိုကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible17 အ မည် ကို သိ သော ပတ် ဝန်း ကျင် ရှိ သူ အ ပေါင်း တို့၊ ခိုင် ခံ့ သော တောင် ဝှေး၊ လှ ပ သော လှံ တံ ကျိုး ပြတ် လေ စွ ဟူ ၍ မြည် တမ်း ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible17 သူ့ပတ်လည်၌နေသော သူအပေါင်းတို့၊ သူ့အတွက် မြည်တမ်းကြလော့။ သူ၏နာမကို သိသောသူအပေါင်းတို့၊ တန်ခိုးကြီးသောလှံတံ၊ အသရေတင့်တယ်သောတံဖျာသည် ကျိုးလေပြီတကားဟု ပြောဆိုကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 သူ့ဝန်းကျင်၌ရှိသောသူ၊ သူ့ဂုဏ်သတင်းကိုသိသောသူအပေါင်းတို့၊ ဝမ်းနည်းကြလော့။ ‘တန်ခိုးကြီးသောလှံတံ၊ အသရေရှိသောတောင်ဝှေးသည် ကျိုးသွားကြပြီတကား’ဟု ပြောဆိုကြလော့။ အခန်းကိုကြည့်ပါ။ |
ဟေရှဘုန်မြို့အနီးရှိလယ်ယာများနှင့်စိ ဗမာစပျစ်ဥယျာဉ်များသည်ပျက်ပြုန်း၍ သွားကြ၏။ လူမျိုးခြားမင်းအပေါင်းတို့သည် ထိုစပျစ်ဥယျာဉ်တို့မှထွက်သောစပျစ်ရည် များဖြင့်မူးယစ်နေခဲ့ကြဖူး၏။ အခါတစ် ပါးကစပျစ်နွယ်များသည် အရှေ့ဘက်သို့ ယာဇာမြို့နှင့်သဲကန္တာရတိုင်အောင်လည်း ကောင်း၊ အနောက်ဘက်သို့ပင်လယ်သေတစ် ဘက်ကမ်းတိုင်အောင်လည်းကောင်းရောက်ရှိ ခဲ့ကြ၏။-
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် သူတို့ထမ်းပိုးနှင့် သူတို့အားရိုက်သည့်တုတ်ကိုချိုးပစ် တော်မူသောကြောင့်ဖြစ်၏။ ရှေးအခါကကိုယ်တော်သည်မိဒျန်အမျိုးသား တို့အားနှိမ်နင်းတော်မူခဲ့သည့်နည်းတူ၊ ကိုယ်တော်၏လူမျိုးတော်အားနှိပ်စက်ညှဉ်းဆဲ ကြသည့် လူမျိုးအားနှိမ်နင်းတော်မူပါပြီ။
မောဘပြည်သည်ကြေမွ၍သွားလေပြီ။ မောဘပြည်သည်ငိုကြွေးလျက်နေလေပြီ။ မောဘပြည်သည်အသရေပျက်လေပြီ။ ထို ပြည်သည်ယိုယွင်းပျက်စီးလျက်နေသဖြင့် နီးနားဝန်းကျင်မှလူမျိုးအပေါင်းတို့သည် ယင်းကိုပြက်ရယ်ပြုကြကုန်၏။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူသည်။