Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 26:13 - Common Language Bible

13 ငါ​သည်​သင်​တို့​အား​ကျွန်​ဘ​ဝ​မှ​လွတ်​မြောက် စေ​ရန် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၏။ ငါ​သည်​သင်​တို့​၏​ထမ်း​ပိုး​ကို​ချိုး​၍​သင် တို့​အား​မတ်​မတ်​လျှောက်​စေ​ပြီ'' ဟု​မိန့်​တော် မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ငါ သည် အိ ဂျစ် လူ မျိုး လက် အောက် ကျွန် မ ခံ စေ ရန် ထို ပြည် မှ ထုတ် ဆောင် ခဲ့ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် သည့် အ လျောက် ကြော့ မော့ စွာ သွား လာ နိုင် စေ ရန် ထမ်း ပိုး ကျည်း ကို ချိုး ဖျက် ခဲ့ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 အဲ​ဂု​တ္တု​ပြည်၌ အ​စေ​ကျွန်​ခံ​ရ​သော သင်​တို့​ကို​ငါ​လွှတ်၍ နုတ်​ဆောင်​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင်​တို့၏​ထမ်း​ပိုး​ကြိုး​ကို ငါ​ဖြတ်၍ သင်​တို့​ကို​တည့်​မတ်​စေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ငါ​သည် အီဂျစ်​ပြည်​၌​ကျွန်ခံ​ခဲ့​သော​သင်​တို့​ကို ထို​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ ငါ​သည် သင်​တို့​၏​ထမ်းပိုး​ကို ချိုးဖျက်​၍ သင်​တို့​ကို မတ်မတ်​လျှောက်​စေ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 26:13
18 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​၏​မိ​ခင်​နည်း​တူ​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​၏​အ​စေ​ကို​ခံပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​သေ ဘေး​မှ ကယ်​တော်​မူ​ပါ​ပြီ။


ထာ​ဝ​ရ​ဘု​ရား​သည်​ဘုရင်​ကို​ခေါင်း​မာ​စေ သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နောက် သို့​လိုက်​လေ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဝင့်​ကြွား​စွာ​ဖြင့်​ထွက်​ခွာ​လျက်​ရှိ ကြ​၏။-


ငါ​သည်​သင်​တို့​အား ငါ​၏​လူ​မျိုး​တော်​အ​ဖြစ် ရွေး​ကောက်​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ် မည်။ သင်​တို့​အား​ကျွန်​အ​ဖြစ်​စေ​ခိုင်း​သော အီ​ဂျစ်​အ​မျိုး​သား​တို့​၏​လက်​မှ ငါ​လွတ် မြောက်​စေ​တော်​မူ​သော​အ​ခါ၊ ငါ​သည်​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် ကြောင်း​သင်​တို့​သိ​ရ​ကြ​လိမ့်​မည်။-


ထို​စ​ပျစ်​ရည်​ကို​သင်​တို့​အား​ညှဉ်း​ဆဲ​နှိပ်​စက် သူ​များ၊ သင်​တို့​အား​လမ်း​များ​ပေါ်​တွင်​လဲ​လျောင်း​စေ​၍၊ မြေ​မှုန့်​သ​ဖွယ်​ခြေ​နှင့်​နင်း​ကြ​သူ​များ​အား ငါ​ပေး​အပ်​မည်'' ဟု​မိန့်​တော်​မူ​ပါ​၏။


အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်​သူ​တို့ အား လွန်​စွာ​အား​ရ​ရွှင်​လန်း​မှု​ကို​ပေး​တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​ဝမ်း​မြောက် စေ​တော်​မူ​ပါ​ပြီ။ လူ​တို့​သည်​အ​သီး​အ​နှံ​ရိတ်​သိမ်း​ချိန်​၌​လည်း​ကောင်း၊ တိုက်​ရာ​ပါ​ပစ္စည်း​များ​ကို​ခွဲ​ဝေ​ယူ​ချိန်​၌​လည်း​ကောင်း၊ ဝမ်း​မြောက်​ကြ​သ​ကဲ့​သို့ သူ​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အ​မှု​တော်​အ​တွက်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ ပါ​၏။


အို ဣ​သ​ရေ​လ၊သင်​သည်​ရှေး​အ​ခါ​က​ပင်​ငါ​၏ ထမ်း​ပိုး​ကို​ချိုး​၍​ငါ​၏​နှောင်​ကြိုး​များ​ကို​ဖြတ် ခဲ့​၏။ သင်​သည်​ငါ​၏​စ​ကား​ကို​နား​မ​ထောင်​ငါ့​အား ဝတ်​မ​ပြု​မ​ကိုး​ကွယ်။ တောင်​မြင့်​ရှိ​သ​မျှ​အ​ပေါ်​၌​လည်း​ကောင်း၊စိမ်း လန်း​သည့် သစ်​ပင်​ရှိ​သ​မျှ​အောက်​၌​လည်း​ကောင်း၊ သင်​သည်​ပြည့်​တန်​ဆာ​ကဲ့​သို့​ပြု​မူ​ခဲ့​လေ​သည်။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည်​ဗာ​ဗု​လုန်​မင်း​၏​အာ​ဏာ တန်​ခိုး​ကို​ချိုး​နှိမ်​တော်​မူ​ပြီ။-


ငါ​သည်​ယော​ယ​ကိမ်​၏​သား​ယု​ဒ​ဘု​ရင် ယေ​ခေါ​နိ​ကို​လည်း ယု​ဒ​ပြည်​မှ​ဗာ​ဗု​လုန် မြို့​သို့​လိုက်​ပါ​သွား​ရ​ကြ​သည့်​သုံ့​ပန်း​များ နှင့်​အ​တူ​ပြန်​လည်​ခေါ်​ဆောင်​ခဲ့​မည်။ ဗာ​ဗု လုန်​မင်း​၏​အာ​ဏာ​တန်​ခိုး​ကို​အ​မှန်​ပင် ငါ​ချိုး​နှိမ်​တော်​မူ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​ကြောင်း​ပြော​ကြား​လေ​၏။


အီ​ဂျစ်​ပြည်​၏​တန်​ခိုး​အာ​ဏာ​တည်း​ဟူ သော​ထမ်း​ပိုး​ကို ငါ​ချိုး​နှိမ်​သော​အ​ခါ​သူ တို့​ဂုဏ်​ယူ​ဝါ​ကြွား​သည့်​စွမ်း​ရည်​သတ္တိ ကို​ပ​ပျောက်​စေ​မည်။ တာ​ပ​နက်​မြို့​သည် မှောင်​မိုက်​၍​နေ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​တွင် မိုး​တိမ်​များ​အုပ်​ဆိုင်း​လျက်​မြို့​အား​လုံး မှ​လူ​တို့​သည်​သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး သိမ်း​ယူ​သွား​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-


သစ်​ပင်​များ​သည်​အ​သီး​သီး​ကြ​လျက်​လယ် ပြင်​တို့​သည် အ​သီး​အ​နှံ​ထွက်​ကြ​လိမ့်​မည်။ လူ အ​ပေါင်း​တို့​သည်​မိ​မိ​တို့​ပြည်​တွင်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ ငါ​သည်​မိ​မိ လူ​မျိုး​တော်​အား​ချည်​နှောင်​ထား​သော​ထမ်း ပိုး​များ​ကို​ဖြတ်​တောက်​၍ သူ​တို့​အား​ကျွန် ဘ​ဝ​မှ​လွတ်​မြောက်​စေ​သော​အ​ခါ ငါ​သည် ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့ သိ​ရှိ​ကြ​လိမ့်​မည်။-


ငါ​သည်​သူ​တို့​ကို​မေတ္တာ​ဖြင့်​ဆွဲ​ဆောင်​ခဲ့​၏။ သူ​တို့​ကို​ပါး​ချင်း​ကပ်​သည်​တိုင်​အောင်​ပွေ့​ချီ​၏။ ငါ​သည်​ကိုယ်​ကို​ညွတ်​၍​သူ​တို့​ကို​ကျွေး​မွေး ပြု​စု​ခဲ့​၏။


ဤ​ကား​သင်​တို့​အား​ခါ​နာန်​ပြည်​ကို​ပေး​ရန် နှင့် သင်​တို့​၏​ဘု​ရား​ဖြစ်​ရန် သင်​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​လာ​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​ဖြစ်​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကျွန်​များ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။ သူ​တို့​ကို​ကျွန် ရောင်း​ကျွန်​ဝယ်​မ​ပြု​ရ။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​၏​ကျွန်​များ​ဖြစ်​ခြင်း​ကြောင့်​ရာ​သက်​ပန် လူ​၏​ကျွန်​မ​ဖြစ်​စေ​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော် မူ​ခဲ့​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။


သင်​တို့​အား​အာ​ရှု​ရိ​ပြည်​၏​လက်​အောက်​မှ လွတ်​မြောက်​စေ​မည်။ သင်​တို့​ကို​ချည်​နှောင် ထား​သည့်​သံ​ကြိုး​များ​ကို​ဖြတ်​တောက် ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ