သင်၏အမျိုးအနွယ်သည်အဘယ်အခါ ၌မျှမတိမ်ကောဘဲ သင်၏နိုင်ငံသည်ထာဝ စဉ်တည်လိမ့်မည်။ သင်၏ရာဇအာဏာစက် သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်း သွားလိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
ဟေရှာယ 7:2 - Common Language Bible ရှုရိတပ်များသည် ဣသရေလနယ်မြေအတွင်း သို့ရောက်ရှိနေပြီဖြစ်ကြောင်း ယုဒဘုရင်ကြား သိရသောအခါ သူနှင့်တကွသူ၏ပြည်သူ အပေါင်းသည်လွန်စွာထိတ်လန့်ကြကုန်၏။ လေ တိုက်၍လှုပ်သောသစ်ရွက်များကဲ့သို့ သူတို့ ၏စိတ်နှလုံးသည်တုန်လှုပ်လျက်နေကုန်၏။ Garrad Bible ဧ ဖ ရိမ် ပြည် တွင် ရှု ရိ တပ် စွဲ သည် ဟု၊ ဒါ ဝိဒ် မင်း မျိုး တို့ ကြား သော်၊ လေ လှုပ် သော တော ပင် ကဲ့ သို့ ပြည် သူ ပြည် သား တို့ နှင့် တ ကွ နှ လုံး တုန် ကြ လေ ၏။ Judson Bible ရှုရိပြည်သည် ဧဖရိမ်ပြည်ကို အမှီပြုသည်ဟု ဒါဝိဒ်မင်းမျိုးကြားသောအခါ၊ တော၌သစ်ပင်တို့သည် လေကြောင့်လှုပ်ရှားသကဲ့သို့၊ မင်းကြီး၏နှလုံးနှင့် ပြည်သားတို့၏နှလုံးသည် တုန်လှုပ်လျက်ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း “ဆီးရီးယားပြည်သည် ဧဖရိမ်ပြည်နှင့် မဟာမိတ်ဖွဲ့သည်”ဟု ဒါဝိဒ်အမျိုးအနွယ်ကြားသိသောအခါ တောထဲမှသစ်ပင်တို့သည် လေတိုက်၍လှုပ်ခါသကဲ့သို့ အာခတ်မင်းကြီးနှင့် ပြည်သူပြည်သားတို့၏စိတ်နှလုံးသည် လှုပ်ခါသွားလေ၏။ |
သင်၏အမျိုးအနွယ်သည်အဘယ်အခါ ၌မျှမတိမ်ကောဘဲ သင်၏နိုင်ငံသည်ထာဝ စဉ်တည်လိမ့်မည်။ သင်၏ရာဇအာဏာစက် သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်း သွားလိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
ငါ၏အစေခံဒါဝိဒ်၏မျက်နှာကိုထောက်၍ လည်းကောင်း၊ ဣသရေလတစ်နိုင်ငံလုံးမှငါ ရွေးချယ်ထားသည့်မြို့တော်တည်းဟူသော ယေရု ရှလင်မြို့ကိုထောက်ထား၍လည်းကောင်း၊ ငါသည် ရှောလမုန်အတွက်နယ်မြေတစ်ခုကိုချန်ထား ပေးမည်။-
မိမိတို့၏ပန်ကြားချက်ကို မင်းကြီးနားထောင် တော့မည်မဟုတ်ကြောင်းသိရှိကြသောအခါ လူ တို့က``ဒါဝိဒ်၌ငါတို့လူမျိုးတော်မရှိ။ ယေရှဲ ၏သား၌ငါတို့အမွေမရှိ။ အို ဣသရေလပြည် သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ အို ဒါဝိဒ်၊ သင်၏အိမ်ကိုပြန်ကြည့်လော့'' ဟုဟစ်အော်ကြ ကုန်၏။ သို့ဖြစ်၍ဣသရေလပြည်သူတို့သည်ပုန်ကန် ကြ၏။-
ထာဝရဘုရား၏အမိန့်တော်အတိုင်းပရော ဖက်က``အို ယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရား က`ယောရှိနာမည်တွင်မည့်သူငယ်သည်ဒါဝိဒ် ၏သားချင်းစုတွင်ဖွားမြင်လိမ့်မည်။ ပူဇော် သကာများကိုသင်၏အပေါ်တွင်တင်လှူကာ မိစ္ဆာယဇ်ပလ္လင်များတွင်အမှုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အား သူသည်သင့်အပေါ် မှာတင်၍ယဇ်ပူဇော်လိမ့်မည်။ လူရိုးတို့ကို လည်းတင်၍မီးရှို့လိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။-
သို့ဖြစ်၍အာမဇိသည်ငှားရမ်းထားသည့် တပ်သားတို့ကို မိမိနေရပ်သို့ပြန်စေတော် မူ၏။ ထိုအခါသူတို့သည်ယုဒပြည်သူ တို့အားအလွန်အမျက်ထွက်လျက် မိမိတို့ နေရပ်သို့ပြန်သွားကြ၏။
ထိုအခါမြောက်ပိုင်းနိုင်ငံအကြီးအကဲ လေးဦးဖြစ်ကြသော ယောဟနန်၏သား အာဇရိ၊ မေရှိလေမုတ်၏သားဗေရခိ၊ ရှလ္လုံ ၏သားဟေဇကိနှင့် ဟာဒလဲ၏သား အာမသာတို့သည်လည်း တပ်မတော်၏ အပြုအမူကိုကန့်ကွက်ကြလေသည်။-
ငါသည်ထာဝရဘုရား၏ထံတော်တွင်ခိုလှုံ ပါ၏။ ``တိုင်းပြည်ငြိမ်ဝပ်ပိပြားမှုမရှိသောအခါ သူတော်ကောင်းတို့သည်အဘယ်သို့မျှမတတ် နိုင်။ သူယုတ်မာတို့သည်သူတော်ကောင်းတို့ကို ချောင်းမြောင်းပစ်ခတ်ရန်လေးကိုတင်၍မြားကို ချိန်ရွယ်လျက်နေလေပြီ။ ထိုကြောင့်``တောင်ပေါ်သို့ငှက်ကဲ့သို့ ပျံတက်လော့'' ဟု ငါ့အားသင်တို့ပြောဆိုကြသည်မှာလွန်စွာ မိုက်မဲလေစွတကား။
လိုက်သောသူမရှိသော်လည်း၊ မတရားသောသူ သည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ်၏။
ဣသရေလပြည်သူတို့သည်၊ ယုဒပြည်သူ တို့အပေါ်တွင်ငြူစူစိတ်ရှိကြတော့မည် မဟုတ်။ ယုဒပြည်သူတို့သည်လည်းဣသရေ လပြည်သူတို့၏ရန်ဘက်ဖြစ်ကြတော့မည် မဟုတ်။-
ငါသည်သူ့အားဒါဝိဒ်၏သားမြေးဖြစ်သူ ပြည်ရှင်မင်း၏အမှုတော်ကိုထမ်းဆောင်ရန် အာဏာအပြည့်အဝအပ်နှင်းပေးမည်။ သူ သည်အလုပ်ဝတ္တရားများဆောင်ရွက်ရာတွင် သော့ချက်သဖွယ်ဖြစ်၍သူပြုသည့်အမှု တို့ကိုအဘယ်သူမျှပြင်ဆင်ပြောင်းလဲ နိုင်လိမ့်မည်မဟုတ်။-
ထိုမြို့များတွင်နေထိုင်သူတို့သည်အဘယ် သို့မျှမတတ်နိုင်။ ကြောက်လန့်လျက်ကြက်သေ သေ၍နေကြ၏။ သူတို့သည်အရှေ့လေပူ တိုက်၍ညှိုးနွမ်းသွားသည့်လယ်မြက်များ၊ အိမ်ခေါင်မိုးပေါ်ရှိပေါင်းပင်များနှင့်တူ ကြ၏။''
ငါသည်မိမိ၏ဂုဏ်သိက္ခာကိုလည်းကောင်း၊ ငါ၏အစေခံဒါဝိဒ်အားပေးခဲ့သည့်ကတိ တော်ကိုလည်းကောင်းထောက်၍ဤမြို့ကိုကာ ကွယ်စောင့်ထိန်းမည်'' ဟုမိန့်တော်မူ၏။
အကယ်၍ထိုပြည်တွင်လူဦးရေဆယ်ရာနှုန်းမျှသာကျန်ရစ်မည်ဆိုလျှင်လည်း ထိုသူတို့သည်ဆုံးပါးပျက်စီးရကြမည်သာဖြစ်၏။ ထိုသူတို့သည်ခုတ်လှဲလိုက်သည့်ဝက်သစ်ချပင်တို့၏ငုတ်တိုများနှင့်တူလိမ့်မည်'' ဟုမိန့်တော်မူ၏။ (သစ်ငုတ်တိုများသည်ဘုရားသခင်လူမျိုးတော်၏ဘဝသစ်အစပျိုးမှုကိုဖော်ပြသည်။)
ထိုအခါဟေရှာယက``အို ဒါဝိဒ်၏သားမြေး၊ နားထောင်လော့။ သင်သည်မိမိအားပြည်သူတို့ ငြီးငွေ့အောင်ပြုရုံဖြင့်မကျေနပ်ဘဲ ထာဝရ ဘုရားလည်းငြီးငွေ့လာအောင်ပြုလိုပါ သလော။-
``ဣသရေလနှင့်ယုဒနှစ်ခြမ်းကွဲချိန်မှအစ ပြု၍ မကြုံဘူးသေးသောဘေးဒုက္ခများကို ထာဝရဘုရားသည် သင်နှင့်သင်၏ပြည်သူတို့ အပေါ်သို့လည်းကောင်း၊ မင်းဆွေမင်းမျိုးမှန် သမျှအပေါ်သို့လည်းကောင်းသက်ရောက်စေ တော်မူလိမ့်မည်။ ကိုယ်တော်သည်အာရှုရိ ဘုရင်ကိုခေါ်ဆောင်လာတော်မူပေအံ့။
ရှုရိပြည်သည်ဣသရေလပြည်နှင့် ၎င်း ၏ရှင်ဘုရင်တို့နှင့်အတူ လျှို့ဝှက်သော အကြံအစည်တစ်ခုကိုပြု၏။-
``သင်သည်ထိုသူတို့နှင့်ကြံရာပါမဖြစ် စေနှင့်။ သူတို့ကြောက်လန့်သောအရာကို မကြောက်နှင့်၊-
ယင်းသို့ပြုတော်မူကြောင်းကိုရှမာရိမြို့ တွင်နေထိုင်သူမှန်သမျှနှင့်ဣသရေလ အမျိုးသားမှန်သမျှတို့သိရှိကြလိမ့်မည်။ ယခုအခါသူတို့သည်မာန်မာနထောင်လွှား လျက်စိတ်ကြီးဝင်လျက်နေကြ၏။ သူတို့က၊-
ဣသရေလပြည်သားတို့မိုးလင်းမှမိုးချုပ် အထိ ပြုလုပ်ကျင့်ကြံနေသမျှတို့သည် အကျိုးမရှိ၊ အချည်းနှီးသက်သက်ဖြစ်၏။ သူတို့တွင်သစ္စာဖောက်မှု၊ အကြမ်းဖက်မှု များတိုးပွားများပြားလျက်ရှိ၏။ သူတို့ သည်အာရှုရိပြည်နှင့်မဟာမိတ်ဖွဲ့လျက် ပင် အီဂျစ်ပြည်နှင့်ကုန်သွယ်ကြ၏'' ဟု မိန့်တော်မူ၏။
ထိုအကြောင်းကိုကြားလျှင်ဟေရုဒ်မင်းနှင့်တကွ ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့သည် တုန်လှုပ်ချောက်ချား၍သွားကြကုန်၏။-