ဟောရှေ 12:1 - Common Language Bible1 ဣသရေလပြည်သားတို့မိုးလင်းမှမိုးချုပ် အထိ ပြုလုပ်ကျင့်ကြံနေသမျှတို့သည် အကျိုးမရှိ၊ အချည်းနှီးသက်သက်ဖြစ်၏။ သူတို့တွင်သစ္စာဖောက်မှု၊ အကြမ်းဖက်မှု များတိုးပွားများပြားလျက်ရှိ၏။ သူတို့ သည်အာရှုရိပြည်နှင့်မဟာမိတ်ဖွဲ့လျက် ပင် အီဂျစ်ပြည်နှင့်ကုန်သွယ်ကြ၏'' ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible1 လေ ကို ထိန်း ကျောင်း လျက်၊ အ ရှေ့ လေ ကို လိုက် ရှာ သော ဧ ဖ ရိမ် သည်၊ တစ် နေ့ ထက် တစ် နေ့ မြောက် မြား သော လှည့် ဖြား မှု နှင့် အ ဓ မ္မ မှု ကို ပြု ၍၊ အာ ရှု ရိ မင်း နှင့် မ ဟာ မိတ် ဖွဲ့ လျက် ပင်၊ အိ ဂျစ် ပြည် သို့ ဆီ ကို ပို့ ဆက် သေး ၏။ အခန်းကိုကြည့်ပါ။Judson Bible1 ဧဖရိမ်သည် လေကို ကျက်စားတတ်၏။ အရှေ့လေကို လိုက်တတ်၏။ နေ့တိုင်း မုသားစကားနှင့် ပျက်စီးခြင်းအကြောင်းတို့ကို များပြားစေတတ်၏။ အာရှုရိလူတို့နှင့် မိတ်သဟာယဖွဲ့လျက်နှင့်ပင်၊ အဲဂုတ္တုပြည်သို့ ဆီကို ယူသွားတတ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ဧဖရိမ်သည် လေကိုစား၏။ အရှေ့လေနောက်သို့ လိုက်၏။ သူတို့ပြုသောလိမ်လည်မှု၊ အကြမ်းဖက်မှုတို့သည် တစ်နေ့ထက်တစ်နေ့ များများလာ၏။ အဆီးရီးယားတို့နှင့် ပဋိညာဉ်ဖွဲ့လျက်နှင့်ပင် အီဂျစ်ပြည်သို့ ဆီကို ပို့ပေး၏။ အခန်းကိုကြည့်ပါ။ |
ငါသည်အမျက်ထွက်၍သင့်အားဒဏ်ခတ်တော် မမူ၊ ငါသည်ဣသရေလအားနောက်တစ်ဖန် သုတ်သင်ဖျက်ဆီးမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော်၊ငါသည်လူသားမဟုတ်၊ ဘုရားသခင်ဖြစ်တော်မူသောကြောင့်တည်း။ သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်၊ ငါဘုရားသခင်သည်သင်တို့နှင့်အတူရှိ တော်မူ၏။ ငါသည်အမျက်ထွက်လျက်သင်တို့ထံသို့ ကြွလာမည်မဟုတ်။
``အသင်ဣသရေလပြည်သားတို့သည် ငါ့အားသစ္စာမဲ့ကြသော်လည်း ယုဒပြည် သားတို့သည်ထိုအပြစ်မျိုးကိုမကူး လွန်မိပါစေနှင့်၊ ဂိလဂါလမြို့သို့မ ဟုတ်ဗေသလမြို့များတွင်ဘုရားဝတ် ပြုခြင်းမပြုကြနှင့်။ ထိုမြို့များတွင် အသက်ရှင်တော်မူသောထာဝရဘုရား ၏နာမတော်ကိုတိုင်တည်၍ကျိန်တွယ် ပြောဆိုမှုမပြုကြနှင့်။-
``ဣသရေလနိုင်ငံသည်မိမိ၏အနာ ရောဂါကိုလည်းကောင်း၊ ယုဒနိုင်ငံသည် မိမိ၏ဒဏ်ရာဒဏ်ချက်များကိုလည်း ကောင်းမြင်ရသောအခါ ဣသရေလနိုင်ငံ သည်အာရှုရိနိုင်ငံဧကရာဇ်မင်းထံသွား ၍အကူအညီတောင်း၏။ သို့ရာတွင် ဧကရာဇ်မင်းသည်သူတို့၏ရောဂါ ကို မကုသမပျောက်ကင်းစေနိုင်။-
ငါ၏လူတို့အားတစ်ဖန်ကြီးပွားလာစေ၍ ``ဣသရေလပြည်သားတို့၏ရောဂါကိုပျောက် ကင်းစေလိုသည့်အခါတိုင်း ငါသည်သူတို့၏ ဆိုးယုတ်မှုနှင့်အပြစ်ဒုစရိုက်ကိုသာတွေ့ နေရ၏။ သူတို့သည်အချင်းချင်းလိမ်လည် လှည့်ဖြားကြ၏။ အိမ်များထဲသို့ဖောက်ထွင်း ဝင်ရောက်၍ဥစ္စာပစ္စည်းများကိုခိုးယူကြ၏။ လမ်းသွားလမ်းလာများကိုလုယက်ကြ၏။-