Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 28:12 - Common Language Bible

12 ထို​အ​ခါ​မြောက်​ပိုင်း​နိုင်​ငံ​အ​ကြီး​အ​ကဲ လေး​ဦး​ဖြစ်​ကြ​သော ယော​ဟ​နန်​၏​သား အာ​ဇ​ရိ၊ မေ​ရှိ​လေ​မုတ်​၏​သား​ဗေ​ရ​ခိ၊ ရှလ္လုံ ၏​သား​ဟေ​ဇ​ကိ​နှင့် ဟာ​ဒ​လဲ​၏​သား အာ​မ​သာ​တို့​သည်​လည်း တပ်​မ​တော်​၏ အ​ပြု​အ​မူ​ကို​ကန့်​ကွက်​ကြ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ဧ ဖ ရိမ် အ မျိုး သား တို့ အ ကြီး အ ကဲ၊ ယော ဟ နန် သား အာ ဇ ရိ၊ မေ ရှိ လ မုတ် သား ဗေ ရ ခိ၊ ရှ လ္လုံ့ သား ဟေ ဇ ကိ၊ ဟာ ဒ လဲ သား အာ မ သ တို့ သည်၊ စစ် ပြန် သူ တို့ နှင့် ဆန့် ကျင် ဘက် ပြု၍၊ သုံ့ ဘမ်း လူ များ ကို မြို့ တွင်း သို့ မ သွင်း ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​အ​ခါ ဧ​ဖ​ရိမ်​အ​မျိုး​သား​အ​ကြီး​အ​ကဲ၊ ယော​ဟ​နန်​သား အာ​ဇ​ရိ၊ မေ​ရှိ​လေ​မုတ်​သား ဗေ​ရ​ခိ၊ ရှ​လ္လုံ​သား ဟေ​ဇ​ကိ၊ ဟာ​ဒ​လဲ​သား အာ​မ​သာ​တို့​သည် စစ်​တိုက်​ရာ​မှ​လာ​သော သူ​တို့​ကို ဆီး​တား၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထိုအခါ ယေဟောဟနန်​၏​သား​အာဇရိ​၊ မေရှိလမုတ်​၏​သား​ဗေရခိ​၊ ရှလ္လုံ​၏​သား​ဟေဇကိ​၊ ဟာဒလဲ​၏​သား​အာမသ စသည့်​ဧဖရိမ်​အမျိုးသား​ခေါင်းဆောင်​အချို့​တို့​သည်​ထ​၍ စစ်ပွဲ​မှ​ပြန်လာ​သူ​တို့​အား မျက်နှာချင်းဆိုင်​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 28:12
5 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ရာ​ရှိ အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး​စေ တော်​မူ​၏။ လူ​မျိုး​နွယ်​တို့​ကို​အုပ်​ချုပ်​ရ​သူ အ​ရာ​ရှိ​အ​ပေါင်း​နှင့် နိုင်​ငံ​အုပ်​ချုပ်​မှု​တာ​ဝန် ကို​ထမ်း​ဆောင်​ရ​သူ​အ​ရာ​ရှိ​အ​ပေါင်း​သည် လည်း​ကောင်း၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ၊ ဘု​ရင်​နှင့်​သား​တော်​များ​၏​ဥစ္စာ​ပစ္စည်း၊ မြည်း၊ နွား​အ​စ​ရှိ​သော​တိရစ္ဆာန်​များ​ကို​ကြီး​ကြပ် ထိန်း​သိမ်း​ရ​ကြ​သူ​တို့​သည်​လည်း​ကောင်း စု​ရုံး​ကြ​၏။ တစ်​နည်း​အား​ဖြင့်​နန်း​တော် အ​ရာ​ရှိ​များ၊ ထင်​ရှား​သော​စစ်​သူ​ရဲ​ကြီး များ​နှင့်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​ရှိ သ​မျှ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး ကြ​ကုန်​၏။


ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လော့။ ဤ​သုံ့​ပန်း များ​သည် ငါ​တို့​၏​ညီ​အစ်​ကို​များ​ဖြစ်​ပေ သည်။ သူ​တို့​ကို​ပြန်​၍​လွှတ်​လိုက်​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ဘု​ရား​သ​ခင်​သည်​အ​မျက် တော်​ထွက်​၍ သင်​တို့​အား​ဒဏ်​ခတ်​တော်​မူ လိမ့်​မည်'' ဟု​ပြော​၏။


သူ​တို့​က``သင်​တို့​၏​သုံ့​ပန်း​များ​ကို​ဤ​မြို့ ထဲ​သို့​မ​ခေါ်​ခဲ့​ကြ​နှင့်။ ငါ​တို့​အား​အ​မျက် တော်​ထွက်​၍​ဒဏ်​ခတ်​စေ​လောက်​အောင်​ပင် ထာ​ဝရ​ဘု​ရား​ကို​ငါ​တို့​ပြစ်​မှား​ခဲ့​လေ​ပြီ။ ယ​ခု​သင်​တို့​သည်​ငါ​တို့​အ​ပြစ်​ကို​ပို​မို ကြီး​လာ​အောင်​ပြု​လို​ကြ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။-


ပြည်​သူ​တို့​သည်​သုံ့​ပန်း​များ​အား​လက်​ရ ပစ္စည်း​များ​ထဲ​က အ​ဝတ်​အ​စား​ဝေငှ​ပေး​ရေး အ​တွက်​အ​ကြီး​အ​ကဲ​လေး​ဦး​ကို​ခန့်​ကြ ၏။ အ​ကြီး​အ​ကဲ​တို့​သည်​သုံ့​ပန်း​များ​ဝတ် ဆင်​ရန်​အ​ဝတ်​အ​စား​များ၊ ဖိ​နပ်​များ​နှင့် စား​ရန်​အ​စား​အ​စာ​အ​လုံ​အ​လောက်​ကို ပေး​၍ သူ​တို့​၏​ဒဏ်​ရာ​များ​ကို​သံ​လွင်​ဆီ နှင့်​လိမ်း​ပေး​ကြ​၏။ အား​နည်း​သူ​တို့​ကို မြည်း​စီး​စေ​လျက် ယု​ဒ​နယ်​မြေ​ရှိ​စွန် ပ​လွံ​မြို့​ခေါ်​ယေ​ရိ​ခေါ​မြို့​သို့​အ​ရောက် ပို့​ကြ​၏။ ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ရှ​မာ​ရိ​မြို့​သို့​ပြန်​ကြ​၏။


သင်​တို့​သည်​ယ​ခု​ငါ​ပြော​သည့်​အ​တိုင်း​မ​ပြု ဘဲ​နေ​ခဲ့​ပါ​မူ ငါ​သည်​ဤ​မြို့​ကို​ရှိ​လော​ရွာ​ကဲ့ သို့​ဖြစ်​စေ​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့ သည်​လည်း ဤ​မြို့​၏​အ​မည်​နာ​မ​ကို​ကျိန်​ဆဲ ရာ​တွင်​အ​သုံး​ပြု​ကြ​လိမ့်​မည်​ဟု​ပြော​ကြား လော့'' ဟူ​၍​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ