၂ ရာချုပ် 28:11 - Common Language Bible11 ငါ့စကားကိုနားထောင်ကြလော့။ ဤသုံ့ပန်း များသည် ငါတို့၏ညီအစ်ကိုများဖြစ်ပေ သည်။ သူတို့ကိုပြန်၍လွှတ်လိုက်ကြလော့။ သို့မဟုတ်ပါမူဘုရားသခင်သည်အမျက် တော်ထွက်၍ သင်တို့အားဒဏ်ခတ်တော်မူ လိမ့်မည်'' ဟုပြော၏။ အခန်းကိုကြည့်ပါ။Garrad Bible11 သို့ ဖြစ်၍ သင် တို့ အ ပေါ် တွင်၊ ထာ ဝ ရ ဘု ရား၏ အ မျက် တော် အ ရှိန် တည် လျက် ရှိ သော ကြောင့်၊ ငါ့ စ ကား ကို နာ ယူ လျက်၊ သုံ့ ဘမ်း ခဲ့ သော အ မျိုး သား ချင်း တို့ ကို ပြန် လွှတ် ကြ လော့ ဟု နှိုး ဆော် သည် နှင့် အ ညီ၊ အခန်းကိုကြည့်ပါ။Judson Bible11 ငါ့စကားကို နားထောင်ကြလော့။ သင်တို့သည် ယခုဖမ်းဆီး၍ သိမ်းယူခဲ့သော သင်တို့၏ညီအစ်ကိုများကို လွှတ်လိုက်ကြလော့။ သို့မဟုတ် ထာဝရဘုရား၏ ပြင်းစွာသောအမျက်တော်သည် သင်တို့အပေါ်မှာ သက်ရောက်လိမ့်မည်ဟု သတိပေး၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 ယခု ငါပြောသောစကားကို နားထောင်ပါလော့။ သုံ့ပန်းအဖြစ် သင်တို့ဖမ်းဆီးခေါ်ဆောင်လာသော ကိုယ့်ညီအစ်ကိုချင်းတို့ကို ပြန်လွှတ်ပေးလော့။ အကြောင်းမူကား ထာဝရဘုရားသည် သင်တို့ကို ပြင်းစွာအမျက်ထွက်လေပြီ”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်အကျွန်ုပ်တို့၏အုပ်ချုပ်ရေးမှူး များသည် ယေရုရှလင်မြို့တွင်နေ၍ ဤ အမှုကိစ္စကိုတာဝန်ယူဆောင်ရွက်ကြ ပါစေ။ ထိုနောက်အကျွန်ုပ်တို့မြို့ရွာများ တွင် လူမျိုးခြားအမျိုးသမီးများနှင့် စုံဖက်နေထိုင်သူအပေါင်းတို့သည် မိမိ တို့မြို့ရွာခေါင်းဆောင်များ၊ တရားသူ ကြီးများနှင့်အတူချိန်းချက်သော အချိန်တွင်လာရောက်လျက် ဤအမှု နှင့်စပ်လျဉ်း၍ဘုရားသခင်၏အမျက် တော်ကိုပြေငြိမ်းအောင်ပြုကြပါစေ'' ဟုပြောကြားကြ၏။-