ဟေရှာယ 8:12 - Common Language Bible12 ``သင်သည်ထိုသူတို့နှင့်ကြံရာပါမဖြစ် စေနှင့်။ သူတို့ကြောက်လန့်သောအရာကို မကြောက်နှင့်၊- အခန်းကိုကြည့်ပါ။Garrad Bible12 ဖွဲ့ စည်း ကြံ စည် ခြင်း ဟု ဤ လူ မျိုး ခေါ် ဝေါ် သော အ ရာ ရာ ကို သင် တို့ မ ခေါ် ရ။ ချင်း တို့ ကြောက် ရွံ့ ရာ ကို၊ ကြောက် ရွံ့ ထိတ် လန့် ခြင်း မ ရှိ ကြ လင့်။ အခန်းကိုကြည့်ပါ။Judson Bible12 သင်းဖွဲ့ခြင်းဟု၊ ဤလူမျိုးဆိုသမျှအတိုင်း၊ သင်တို့သည် သင်းဖွဲ့ခြင်းဟု မဆိုကြနှင့်။ သူတို့ကြောက်တတ်သောအရာကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 “လျှို့ဝှက်ကြံစည်မှုပါတကားဟု ဤလူမျိုးတို့ပြောဆိုတိုင်း လျှို့ဝှက်ကြံစည်မှုပါတကားဟု သင်တို့လိုက်မပြောကြနှင့်။ သူတို့ကြောက်ရွံ့သောအရာကို မကြောက်ရွံ့ကြနှင့်။ မထိတ်လန့်ကြနှင့်။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော့် လူစုတော်၏ ရန်သူများ၏အရိုးများကို ဖရိုဖရဲကွဲလွင့်စေတော်မူမည်ဖြစ်၍သူတို့သည် တစ်ခါမျှမခံစားခဲ့ဘူးသည့်ကြောက်ခြင်းမျိုး ဖြင့် အလွန်ကြောက်လန့်ကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ကိုပစ်ပယ်တော်မူ ပြီဖြစ်၍ ဣသရေလအမျိုးသားတို့သည်လုံးဝအနိုင် ရကြလိမ့်မည်။
ထာဝရဘုရားက``ယုဒပြည်ကိုအစိုးရ သူတို့သည်အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့် ဆိုသော်သူတို့သည်ငါ့ကိုမုန်းသောကြောင့် ဖြစ်၏။ သူတို့သည်ငါ၏အလိုတော်နှင့်ဆန့် ကျင်သည့်အကြံအစည်များကိုပြု၍ ငါ၏ ခွင့်ပြုချက်မရဘဲမဟာမိတ်စာချုပ်များ ကိုချုပ်ဆိုကာ၊ အပြစ်တစ်ခုအပေါ်တွင် တစ်ခုထပ်ဆင့်၍ကူးလွန်ကြ၏။-