ဟေရှာယ 59:9 - Common Language Bible လူတို့က``ဘုရားသခင်သည်ငါတို့အား မတရားပြုသူတို့လက်မှအဘယ်ကြောင့် ကယ်တော်မမူကြောင်းကိုလည်းငါတို့သိ ရပြီ။ ငါတို့သည်မိမိလျှောက်သွားရန်လမ်း ခရီးအတွက် အလင်းရောင်ကိုမျှော်လင့်တောင့် တကြသော်လည်းမှောင်မိုက်အရိပ်ကိုသာ လျှင်ရရှိကြ၏။- Garrad Bible သို့ နှင့် အ ညီ တ ရား စောင့် ခြင်း သည် ငါ တို့ နှင့် ကင်း ဝေး လျက်၊ ဖြောင့် မတ် ခြင်း လည်း ထက် ကြပ် မ ပါ၊ အ လင်း ကို စောင့် မြော် ကြ ရာ မှောင် ကျ၏။ ထွန်း တောက် ခြင်း ကို စောင့် မြော် ကြ ရာ၊ အ မိုက် တိုက် တွင် သွား လာ ရ ကြ လေ စွ။ Judson Bible ထိုကြောင့်၊ ဖြောင့်မတ်စွာစီရင်ခြင်းသည် ငါတို့နှင့်ဝေး၏။ တရားသည်လည်း ငါတို့ကိုမမီ။ အလင်းကို မျှော်လင့်သောအခါ ရှင်းလင်းခြင်းမရှိ။ ရောင်ခြည်ကိုမျှော်လင့်သော်လည်း၊ မှောင်မိုက်၌ သွားလာရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် တရားမျှတမှုသည် ငါတို့နှင့်ဝေး၏။ ဖြောင့်မတ်ခြင်းသည် ငါတို့ကိုမမီ။ ငါတို့သည် အလင်းကိုစောင့်မျှော်သော်လည်း အမှောင်သာတွေ့၏။ တောက်ပသောအလင်းကိုစောင့်မျှော်သော်လည်း မှောင်မိုက်ထဲ၌သာ လျှောက်ရ၏။ |
သို့သော်လည်း၊ ငါသည် ကောင်းကျိုးကိုမြော်လင့် သောအခါ ဘေးရောက်လာ၏။ အလင်းကိုတောင့်တ သောအခါ မှောင်မိုက်ဖြစ်၏။
``သင်တို့သည်အသိဉာဏ်ကင်းမဲ့လျက်လွန်စွာပင် မိုက်မဲကြပါသည်တကား။ သင်တို့သည်လုံးဝအကျင့်ပျက်ကြပြီ။ တရားမျှတမှုသည်ကမ္ဘာလောကမှ ကွယ်ပျောက်သွားလေပြီ။
မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက် ကဲ့သို့ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ။
ထိုကာလ၌သူတို့သည်ပင်လယ်မြည်ဟည်းသံ ကဲ့သို့ ကျယ်စွာဣသရေလပြည်တွင်ကြွေးကြော် ကြလိမ့်မည်။ ထိုပြည်ကိုကြည့်ရှုကြလော့။ ယင်း သည်မှောင်အတိ၊ ဆင်းရဲဒုက္ခအတိဖြစ်၍နေလိမ့် မည်။ အလင်းကားအမှောင်တွင်ကွယ်ပျောက် သွားလေတော့သတည်း။
ငါတို့သည်ကြောက်လန့်တုန်လှုပ်လျက်စိတ် သောကရောက်ရကြ၏။ မိမိတို့ကိုမတရား ပြုသူများလက်မှကယ်တော်မူရန် ဘုရားသခင်အားတမ်းတကြပါသော်လည်း အလွန် ဝေးကွာနေလျက်အချည်းနှီးပင်ဖြစ်ပါ၏။
တရားမျှတမှုသည်အဝေးသို့အနှင်ခံရ လျက် အမှန်တရားသည်လည်းအနီးသို့မချဉ်း ကပ်နိုင်ပါ။ တရားစီရင်ရာဌာနများ၌အမှန် တရားမရှိ၊ သစ္စာတရားသည်ရပ်တည်၍မ နေနိုင်။-
သင်တို့ရောက်ရှိနေချိန်၌လည်းအဘယ်သူ မျှအသက်စည်းစိမ်လုံခြုံမှုမရှိ။ သင်တို့ ပြုသောအမှုမှန်သမျှသည်မတရား သောအမှုများဖြစ်၏။ သင်တို့သည်လမ်း ကောက်ကိုလိုက်တတ်ကြ၏။ ထိုလမ်းကို လိုက်သောသူတိုင်းအဘယ်အခါ၌မျှ ဘေးမဲ့လုံခြုံမှုရှိလိမ့်မည်မဟုတ်။
လူတို့သည်မိမိတို့ပြည်တွင်စိတ်ပျက်အား လျော့လျက် ဆာလောင်မွတ်သိပ်လျက်သွားလာ ရကြလိမ့်မည်။ သူတို့သည်ဆာလောင်မွတ်သိပ် မှုနှင့်အမျက်ထွက်မှုတို့ကြောင့်မိမိတို့၏ ဘုရင်နှင့် မိမိတို့၏ဘုရားသခင်ကိုကျိန် ဆဲကြလိမ့်မည်။ သူတို့သည်ကောင်းကင်သို့ မျှော်ကြည့်သည့်အခါသော်လည်းကောင်း၊-
မြေကြီးသို့စိုက်ကြည့်သည့်အခါသော် လည်းကောင်းဆင်းရဲဒုက္ခနှင့်ကံဆိုးမိုးမှောင် မှတစ်ပါး အဘယ်အရာကိုမျှတွေ့ရကြ လိမ့်မည်မဟုတ်။ ထိုသူတို့အပေါ်သို့ထိတ် လန့်ဖွယ်ရာကံဆိုးမိုးမှောင်ကျရောက်လာ လိမ့်မည်။ ဤသို့ဆင်းရဲဒုက္ခရောက်ရာကာလ နှင့်သူတို့ကင်းလွတ်ရန်လမ်းရှိတော့မည် မဟုတ်။
သင်တို့ဘုရားသခင်ထာဝရဘုရား သည် မိုးချုပ်စေတော်မူသဖြင့် သင်တို့သည်တောင်ပေါ်တွင်၊ခြေချော်၍ မလဲမီအခါ၌လည်းကောင်း၊ ကိုယ်တော်သည်သင်တို့စောင့်မျှော်ရာအလင်း ကို မှောင်မိုက်အဖြစ်သို့၊ ပြောင်းလဲစေတော်မမူမီအခါ၌လည်း ကောင်း သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ယုဒ ပြည်ကို အပြီးအပိုင်ပစ်ပယ်တော်မူပါပြီလော။ ဇိအုန်မြို့သားတို့အားမုန်းတီးရွံရှာတော် မူပါသလော။ ကျွန်တော်မျိုးတို့၏အနာကိုကုသ၍ မရနိုင်သည့်တိုင်အောင် အဘယ်ကြောင့်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အား၊ဤမျှပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေတော်မူပါသနည်း။ ကျွန်တော်မျိုးတို့သည်ငြိမ်းချမ်းသာယာမှုကို စောင့်မျှော်ကြသော်လည်းအချည်းနှီးသာ ဖြစ်ပါ၏။ အနာပျောက်လိမ့်မည်ဟုမျှော်လင့်ကြသော်လည်း ထိတ်လန့်၍သာလာရကြပါ၏။
ငါတို့သည်ငြိမ်းချမ်းမှုကိုမျှော်လင့်ကြ သော်လည်းအချည်းနှီးပင်ဖြစ်၏။ ကျန်းမာ မှုကိုမျှော်လင့်သော်လည်းကြောက်လန့်မှု သာလျှင်ရရှိကြ၏။-
ကိုယ်တော်သည်ငါ့ကိုပို၍ပို၍မှောင်မိုက်သော နေရာထဲသို့ရောက်ရှိစေတော်မူလျက်၊
မြို့၏ခေါင်းဆောင်တို့သည်အဘယ်သူမျှ မတို့မထိချင်အောင်သွေးများပေကျံလျက် လမ်းများတွင်မျက်မမြင်များကဲ့သို့ လှည့်လည်သွားလာနေကြ၏။
ငါသည်ထိုနေ့တွင်မွန်းတည့်အချိန်၌နေကို ဝင်စေပြီးနေ့အချိန်မှာပင် မြေတစ်ပြင်လုံး ၌အမှောင်ဖုံးသွားစေမည်ဟုအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။-
မာရုတ်မြို့သားတို့သည်လူးလှိမ့်လျက် ဝေဒနာခံနေကြ၏။ ထာဝရဘုရား သည်ယေရုရှလင်မြို့အား ဘေးဒုက္ခရောက် စေတော့မည်ဖြစ်၍ ငါတို့မြို့သားတို့သည် စိတ်တထင့်ထင့်နှင့်အကူအညီစောင့် မျှော်နေကြ၏။-
သို့ရာတွင်ကိုယ်တော်ရှင်သည်ဆိုးညစ်သူသစ္စာဖောက်တို့အား အဘယ်သို့လျှင်သည်းခံနိုင်တော်မူပါသနည်း။ ကိုယ်တော်ရှင်၏မျက်စိတော်တို့သည်အလွန်သန့်ရှင်းမြင့်မြတ်လှသည်ဖြစ်၍ဆိုးညစ်မှုကိုကြည့်မရပါ။ ကိုယ်တော်ရှင်သည်လူတို့ဒုစရိုက်ပြုကျင့်မှုကိုလည်းသည်းမခံနိုင်ပါ။ သို့ဖြစ်၍မိမိတို့ထက်ကိုယ်ကျင့်တရားကောင်းမွန်သူတို့အား ထိုသူတို့သုတ်သင်ပယ်ရှင်းကြသောအခါကိုယ်တော်ရှင်သည်အဘယ်ကြောင့်ဆိတ်ဆိတ်နေတော်မူပါသနည်း။
``အန္တရာယ်ကင်းလျက်သာယာသည်'' ဟုလူတို့ ပြောဆိုကြသောအခါ၌ကိုယ်ဝန်ဆောင်အမျိုး သမီးအပေါ်သို့သားဖွားခြင်းဝေဒနာရုတ် တရက်ကျရောက်လာသကဲ့သို့ လူတို့အပေါ် သို့ဘေးအန္တရာယ်ကျရောက်လာလိမ့်မည်။-