အာမုတ် 8:9 - Common Language Bible9 ငါသည်ထိုနေ့တွင်မွန်းတည့်အချိန်၌နေကို ဝင်စေပြီးနေ့အချိန်မှာပင် မြေတစ်ပြင်လုံး ၌အမှောင်ဖုံးသွားစေမည်ဟုအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible9 ထို နေ့ ရက် ကာ လ ငါ သည်၊ မွန်း တည့် အ ချိန်၌ နေ ဝင် စေ လျက်၊ နေ့ လည် အ ချိန်၌ မြေ ပ ထ ဝီ ကို မှောင် ကျ စေ မည့် ပြင်၊ အခန်းကိုကြည့်ပါ။Judson Bible9 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလအခါ မွန်းတည့်အချိန်၌ ငါသည် နေကိုဝင်စေမည်။ ကြည်လင်သောနေ့၌ မြေကြီးကို မိုက်စေမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ထိုနေ့ရက်တွင် မွန်းတည့်ချိန်၌ နေဝင်စေမည်။ နေသာသောနေ့တွင် မြေကြီးကို မှောင်မိုက်စေမည်။ အခန်းကိုကြည့်ပါ။ |
သင်တို့ဘုရားသခင်ထာဝရဘုရား သည် မိုးချုပ်စေတော်မူသဖြင့် သင်တို့သည်တောင်ပေါ်တွင်၊ခြေချော်၍ မလဲမီအခါ၌လည်းကောင်း၊ ကိုယ်တော်သည်သင်တို့စောင့်မျှော်ရာအလင်း ကို မှောင်မိုက်အဖြစ်သို့၊ ပြောင်းလဲစေတော်မမူမီအခါ၌လည်း ကောင်း သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
သားသမီးခုနစ်ယောက်ဆုံးရှုံးရသည့်မိခင်သည် မေ့မြောသေဆုံးသွားလေပြီ။ သူ၏နေ့အလင်းသည်မှောင်မိုက်သို့ပြောင်းလဲ လေပြီ။ သူသည်အရှက်ရလျက်မှိုင်တွေကာနေရလေပြီ။ သင်တို့အနက်အသက်မသေဘဲ ကျန်ရှိနေသေးသောသူတို့အားငါသည် ရန်သူများကိုအသတ်ခိုင်းမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။''
တောင်များကိုတည်၍လေအဟုန်တို့ကို ဖန်ဆင်းသောအရှင်သည်ဘုရားသခင်ပင် ဖြစ်၏။ ကိုယ်တော်ရှင်သည်မိမိ၏အကြံအစည် တော်တို့ကို လူသားတို့အားသိစေတော်မူပြီ။ နေ့ချိန်တာကိုညဦးယံအဖြစ်သို့ကူးပြောင်း စေခဲ့ပြီ။ ကမ္ဘာမိုးမြေအထွတ်အထိပ်တွင်အုပ်စိုးလျက် နေတော်မူပြီ။ ကိုယ်တော်၏ဘွဲ့နာမတော်ကားကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရားပေတည်း။
ထာဝရဘုရားသည်ကြယ်တာရာ အပေါင်းတို့ကို ဖန်ဆင်းတော်မူ၏။ ခိမကြယ်စုနှင့်ခသိလကြယ်စုကိုလည်း ဖန်ဆင်းတော်မူခဲ့ပြီ။ အမှောင်ကိုအလင်းဖြစ်စေ၍နေ့ကိုလည်း ညအဖြစ်သို့ပြောင်းလဲခဲ့ပြီ။ ပင်လယ်ရေအပေါင်းတို့ကိုခေါ်ယူကာ မြေကြီးပေါ်မှာသွန်းတော်မူခဲ့ပြီ။ ကိုယ်တော်ရှင်၏နာမတော်မှာထာဝရဘုရား ဖြစ်တော်မူ၏။