ဟေရှာယ 59:14 - Common Language Bible14 တရားမျှတမှုသည်အဝေးသို့အနှင်ခံရ လျက် အမှန်တရားသည်လည်းအနီးသို့မချဉ်း ကပ်နိုင်ပါ။ တရားစီရင်ရာဌာနများ၌အမှန် တရားမရှိ၊ သစ္စာတရားသည်ရပ်တည်၍မ နေနိုင်။- အခန်းကိုကြည့်ပါ။Garrad Bible14 သ စ္စာ သည် ရုံး ပြင် တွင် ပြို လဲ လျက်၊ ဖြောင့် မှန် ခြင်း လည်း မ ဝင် နိုင် သည် ဖြစ်၍၊ တ ရား သ ဖြင့် စီ ရင် ခြင်း သည် ဆုတ် သွား ရ သည့် ပြင်၊ ဖြောင့် မတ် ခြင်း လည်း ဝေး စွာ တည် နေ ရ၏။ အခန်းကိုကြည့်ပါ။Judson Bible14 ဖြောင့်မတ်စွာ စီရင်ခြင်းသည် ဆုတ်သွားပြီ။ တရားသည် အဝေးကရပ်၍ နေ၏။ သစ္စာသည် လမ်း၌လဲပြီ။ ဖြောင့်သောသဘော မဝင်နိုင်ရာ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ထို့ကြောင့် တရားမျှတမှုသည် နောက်သို့ပြန်ဆုတ်သွား၍ ဖြောင့်မတ်ခြင်းသည် အဝေး၌ရပ်နေ၏။ သစ္စာတရားသည်လည်း လမ်း၌ခလုတ်တိုက်လဲကျ၍ မှန်ကန်ခြင်းသဘောသည်လည်း ဝင်ရောက်မလာနိုင်။ အခန်းကိုကြည့်ပါ။ |
ဣသရေလပြည်သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဥယျာဉ်ဖြစ်၏။ ယုဒပြည်သူတို့မှာကိုယ်တော်စိုက်ပျိုးသည့် စပျစ်ပင်များဖြစ်ကြ၏။ သူတို့သည်သုစရိုက်ကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့ကလူသတ်မှုကို ကူးလွန်ကြလေသည်။ သူတို့သည်ဖြောင့်မှန်ရာကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့၏အနှိပ်အစက်ခံရကြ သူတို့သည် တရားမျှတမှုရရှိရန်အော်ဟစ်လျက် နေကြလေသည်။
ငါ၏လူတို့အားတစ်ဖန်ကြီးပွားလာစေ၍ ``ဣသရေလပြည်သားတို့၏ရောဂါကိုပျောက် ကင်းစေလိုသည့်အခါတိုင်း ငါသည်သူတို့၏ ဆိုးယုတ်မှုနှင့်အပြစ်ဒုစရိုက်ကိုသာတွေ့ နေရ၏။ သူတို့သည်အချင်းချင်းလိမ်လည် လှည့်ဖြားကြ၏။ အိမ်များထဲသို့ဖောက်ထွင်း ဝင်ရောက်၍ဥစ္စာပစ္စည်းများကိုခိုးယူကြ၏။ လမ်းသွားလမ်းလာများကိုလုယက်ကြ၏။-