Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မိက္ခာ 1:12 - Common Language Bible

12 မာ​ရုတ်​မြို့​သား​တို့​သည်​လူး​လှိမ့်​လျက် ဝေ​ဒ​နာ​ခံ​နေ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ယေ​ရု​ရှ​လင်​မြို့​အား ဘေး​ဒုက္ခ​ရောက် စေ​တော့​မည်​ဖြစ်​၍ ငါ​တို့​မြို့​သား​တို့​သည် စိတ်​တ​ထင့်​ထင့်​နှင့်​အ​ကူ​အ​ညီ​စောင့် မျှော်​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ဘေး ဆိုး သည်၊ ထာ ဝ ရ ဘု ရား ထံ မှ ယေ ရု ရှ လင် မြို့ တံ ခါး သို့ သင့် ရောက် ပြီး ဖြစ် သော ကြောင့်၊ မာ ရုတ် မြို့ သူ တို့ သည်၊ မ ကောင်း ကို စိုး ရိမ် လျက် နေ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 မာ​ရုတ်​မြို့​သ​မီး​သည်​လည်း ကောင်း​သော​အ​ရာ​ကို တောင့်​တ၍ နာ​ကျင်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ဘေး​ဒဏ်​သည် ယေ​ရု​ရှ​လင်​မြို့ တံ​ခါး​သို့​ရောက်​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ထာဝရဘုရား​ထံ​တော်​မှ​ဘေးဒဏ်​သည် ဂျေရုဆလင်​မြို့​တံခါး​သို့​ရောက်လာ​ပြီ​ဖြစ်၍ မာရုတ်​မြို့သူ​သည် ကောင်း​သော​အရာ​ကို တောင့်တ​နေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




မိက္ခာ 1:12
9 ပူးပေါင်းရင်းမြစ်များ  

သို့သော်လည်း၊ ငါသည် ကောင်းကျိုးကိုမြော်လင့် သောအခါ ဘေးရောက်လာ၏။ အလင်းကိုတောင့်တ သောအခါ မှောင်မိုက်ဖြစ်၏။


ငါ​သည်​အ​လင်း​နှင့်​အ​မှောင်​ကို​ဖန်​ဆင်း​၏။ ကောင်း​ကြီး​မင်္ဂ​လာ​နှင့်​ဘေး​အန္တ​ရာယ်​ကို​ပါ ဆောင်​ယူ​ပေး​၏။ ဤ​အ​မှု​အ​ရာ​အ​ပေါင်း​ကို​ငါ​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​ပေ​သည်။


အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ယု​ဒ ပြည်​ကို အ​ပြီး​အ​ပိုင်​ပစ်​ပယ်​တော်​မူ​ပါ​ပြီ​လော။ ဇိ​အုန်​မြို့​သား​တို့​အား​မုန်း​တီး​ရွံ​ရှာ​တော် မူ​ပါ​သ​လော။ ကျွန်​တော်​မျိုး​တို့​၏​အ​နာ​ကို​ကု​သ​၍ မ​ရ​နိုင်​သည့်​တိုင်​အောင် အ​ဘယ်​ကြောင့်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား၊ဤ​မျှ​ပြင်း​ထန်​စွာ ထိ​ခိုက်​ဒဏ်​ရာ​ရ​စေ​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို စောင့်​မျှော်​ကြ​သော်​လည်း​အ​ချည်း​နှီး​သာ ဖြစ်​ပါ​၏။ အ​နာ​ပျောက်​လိမ့်​မည်​ဟု​မျှော်​လင့်​ကြ​သော်​လည်း ထိတ်​လန့်​၍​သာ​လာ​ရ​ကြ​ပါ​၏။


ငါ​တို့​သည်​ငြိမ်း​ချမ်း​မှု​ကို​မျှော်​လင့်​ကြ သော်​လည်း​အ​ချည်း​နှီး​ပင်​ဖြစ်​၏။ ကျန်း​မာ မှု​ကို​မျှော်​လင့်​သော်​လည်း​ကြောက်​လန့်​မှု သာ​လျှင်​ရ​ရှိ​ကြ​၏။-


မြို့​တွင်း​၌​စစ်​ခ​ရာ​သံ​ကို​ကြား​ရ​လျှင် မြို့​သား​တို့​သည် မ​ထိတ်​လန့်​ဘဲ​နေ​လိမ့် မည်​လော။ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​သော​ကြောင့်​သာ​လျှင် မြို့​ထဲ​သို့​ဘေး​ဒုက္ခ​ကျ​ရောက်​လာ​ရ​သည် မ​ဟုတ်​လော။


ရှ​မာ​ရိ​မြို့​၏​ဒဏ်​ရာ​ဒဏ်​ချက်​တို့​ကို​ကု​သ ၍​မ​ရ​နိုင်။ ယု​ဒ​ပြည်​သည်​လည်း​ထို​ကဲ့​သို့ သော​ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ​ရ​တော့​မည်။ ငါ ၏​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​သို့​ဘေး​အန္တ​ရာယ်​ဆိုက် ရောက်​လာ​သည်'' ဟု​ဆို​လေ​၏။


နော​မိ​က​လည်း ``ငါ့​ကို နော​မိ'' ဟု​သင်​တို့ မ​ခေါ်​ကြ​ပါ​နှင့်။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​အား​ခါး​သီး​စွာ​ပြု​တော်​မူ ပြီ​ဖြစ်​၍​ငါ့​ကို`မာ​ရ' ဟု​ခေါ်​ကြ​ပါ​လော့။-


ဧ​လိ​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​အ​တွက် လွန်​စွာ​စိုး​ရိမ်​ပူ​ပန်​သ​ဖြင့် လမ်း​နံ​ဘေး​ရှိ မိ​မိ​၏​ထိုင်​ခုံ​ပေါ်​တွင်​ထိုင်​ကာ​အ​ကြောင် သား​ငေး​၍​နေ​၏။ ပြေး​လာ​သော​သူ​သည်​စစ် ရှုံး​သည့်​သ​တင်း​ကို မြို့​ထဲ​တွင်​ပြော​ကြား လိုက်​ရာ​လူ​အ​ပေါင်း​တို့​သည်​ထိတ်​လန့် လျက်​ဟစ်​အော်​ကြ​ကုန်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ