ငါတို့၏ရန်သူများသည်ငါတို့မမြင် မသိနိုင်မီ ငါတို့အားဝင်ရောက်သတ်ဖြတ် ကာမြို့ရိုးတည်ဆောက်မှုကိုရပ်စဲစေရန် ကြံစည်ကြ၏။-
ဟေရှာယ 47:11 - Common Language Bible ဘေးအန္တရာယ်ဆိုးသည်သင်၏အပေါ်သို့ သက်ရောက်လာလိမ့်မည်။ ယင်းကိုသင်၏မှော်အတတ်ကတားဆီးနိုင် လိမ့်မည်မဟုတ်။ သင်သည်အဘယ်အခါကမျှအိပ်မက်၌ပင် မမြင်မက်ဘူးသောဆုံးပါးပျက်စီးမှုနှင့် ကြုံတွေ့ရလိမ့်မည်။ Garrad Bible မ န္တာန် ဖြင့် မ ကွယ် ကာ နိုင် သော ဘေး၊ မ ပုန်း ရှောင် နိုင် သော ဥ ပဒ်၊ မ မြော် မြင် နိုင် သော အ န္တ ရာယ် များ သည်၊ သင့် အ ပေါ် တွင် ရှောင် တ ခင် သင့် ရောက် လိမ့် မည်။ Judson Bible ထိုကြောင့်၊ အဆုံးမထင်သော ဘေးဥပဒ်သည် သင်၏အပေါ်မှာ ရောက်လိမ့်မည်။ သင်သည် မဖြေနိုင်သော အပြစ်ဒဏ်နှင့်လည်းကောင်း၊ မမျှော်လင့်နိုင်အောင် ချက်ချင်း ဖျက်ဆီးခြင်းနှင့်လည်းကောင်း တွေ့ကြုံရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘေးအန္တရာယ်သည် သင့်အပေါ်သက်ရောက်မည်။ ထိုဘေးအန္တရာယ်ကို ကာကွယ်ပေးမည့်ဂါထာကို သင်သိမည်မဟုတ်။ ဘေးဒုက္ခသည် သင့်အပေါ်ကျရောက်မည်။ သင်တားဆီးနိုင်မည်မဟုတ်။ သင်မသိလိုက်မီမှာပင် ဖျက်ဆီးခြင်းဘေးသည် သင့်အပေါ် ရုတ်တရက်သက်ရောက်မည်။ |
ငါတို့၏ရန်သူများသည်ငါတို့မမြင် မသိနိုင်မီ ငါတို့အားဝင်ရောက်သတ်ဖြတ် ကာမြို့ရိုးတည်ဆောက်မှုကိုရပ်စဲစေရန် ကြံစည်ကြ၏။-
သို့ရာတွင်သူတို့သည်အမှတ်မထင်ပျက်စီး ဆုံးပါး ရကြပါလိမ့်မည်။ မိမိတို့ထောင်သည့်ကျော့ကွင်းတွင်ပြန်၍မိလျက် မိမိတို့တူးသောတွင်းထဲသို့ကျ၍ ပျက်စီးဆုံးပါးရကြပါလိမ့်မည်။
``ငါ့ကိုမေ့လျော့သူတို့၊ဤအချက်ကို ဆင်ခြင်ကြလော့။ သို့မပြုပါမူငါသည်သင်တို့အားသုတ်သင် ဖျက်ဆီးမည်။ သင်တို့အားကယ်မည့်သူလည်းတစ်ဦးတစ်ယောက် မျှ ရှိလိမ့်မည်မဟုတ်။
ငါ၏ရန်သူများသည်သေနေ့မစေ့မီ သေရကြပါစေသော။ အရှင်လတ်လတ်သေရွာသို့သွားရကြပါစေသော။ သူတို့၏နေအိမ်များသည်ဆိုးညစ်မှုကြီးစိုးရာ ဌာနများဖြစ်ကြ၏။ သူတို့၏စိတ်နှလုံးသည်ဆိုးညစ်မှုနှင့် ပြည့်နှက်လျက်ရှိ၏။
သူတို့သည်ချက်ချင်းပင်သေကြေပျက်စီး ကြပါ၏။ သူတို့၏နောက်ဆုံးဖြစ်အင်သည်ကြောက်မက်ဖွယ် ကောင်းလှပါ၏။
အပြစ်ရှိသော သူတို့ကို ဘေးလိုက်တတ်၏။ ဖြောင့်မတ်သော သူတို့မူကား၊ ကောင်းသောအကျိုးကို ခံရလိမ့်မည်။
အနန္တတန်ခိုးရှင်သည်ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေတော်မူမည့်နေ့ရက်ကာလ တည်းဟူသော ထာဝရဘုရားတရားစီရင် တော်မူရာနေ့ရက်ကာလကျရောက်လာ ရဦးမည်။ ဝေဒနာခံစားလျက်ငိုကြွေး မြည်တမ်းကြလော့။-
အို ယေရုရှလင်မြို့၊ သင့်ကိုတိုက်ခိုက်ကြ သည့်လူမျိုးခြားအပေါင်းတို့သည် မြေမှုန့် ကဲ့သို့လည်းကောင်း၊ သူတို့၏ကြောက်မက် ဖွယ်ကောင်းသည့်စစ်တပ်များသည် ဖွဲကဲ့ သို့လည်းကောင်းချက်ခြင်းလွင့်စင်သွား ကြလိမ့်မည်။-
သင်တို့သည်အပြစ်ဒဏ်ခံထိုက်သူများသာ တည်း။ သင်တို့သည်တောက်လျှောက်ကွဲအက် လျက်နေသော အုတ်တံတိုင်းမြင့်ကြီးကဲ့သို့ ရုတ်တရက်လဲပြိုပျက်စီးကြလိမ့်မည်။-
ထိုညဥ့်၌ထာဝရဘုရား၏ကောင်းကင်တမန် သည် အာရှုရိတပ်စခန်းသို့ဝင်၍တပ်သား တစ်သိန်းရှစ်သောင်းငါးထောင်ကိုသုတ်သင်ပစ် လေသည်။ နောက်တစ်နေ့အရုဏ်တက်ချိန်၌ ထိုသူအပေါင်းတို့သည်လဲ၍သေနေကြ၏။-
ငါသည်အလင်းနှင့်အမှောင်ကိုဖန်ဆင်း၏။ ကောင်းကြီးမင်္ဂလာနှင့်ဘေးအန္တရာယ်ကိုပါ ဆောင်ယူပေး၏။ ဤအမှုအရာအပေါင်းကိုငါထာဝရဘုရား ပြုတော်မူပေသည်။
သို့ရာတွင်၊သင်သည်တစ်နေ့အတွင်းတခဏ ခြင်း၌ ဤအမှုနှစ်ရပ်စလုံးနှင့်ကြုံတွေ့ရလိမ့်မည်။ မှော်အတတ်မှန်မျှကိုအသုံးပြုပါသော်လည်း သင်သည်သားသမီးများကိုဆုံးရှုံးရလျက်၊ မုဆိုးမဘဝသို့ရောက်လိမ့်မည်။
သင်တို့အားယုံကြည်စိတ်ချ၍ မရကြောင်းကိုလည်းကောင်း၊ သင်တို့သည်မွေးဖွားလာချိန်မှပင်အစပြု၍ သူပုန်များဟုအခေါ်ခံရကြသည်ကိုလည်း ကောင်း ငါသိ၏။ ထို့ကြောင့်ဤအမှုအရာများအကြောင်းကို သင်တို့သည်အဘယ်အခါကမျှမကြားခဲ့ နားမလည်ခဲ့။ ယခင်ကတည်းကသင်တို့သည်လည်းနားမပွင့်။
သူတော်ကောင်းတို့သည်သေရကြ၏။ ထိုသူတို့ ယင်းသို့သေသည့်အကြောင်းကိုအဘယ်သူမျှ နားမလည်ကြ။ ဂရုလည်းမစိုက်ကြ။ သို့ရာ တွင်သူတို့သည်သေသောအခါအတိဒုက္ခ ကင်းငြိမ်းရာအရပ်သို့ရောက်ရှိကြလေသည်။-
ထာဝရဘုရားသည်မိမိ၏အကြံအစည် တော်ကိုအကောင်အထည်ဖော်တော်မူပြီဖြစ်၍ ကမ္ဘာမြေကြီးသည်တုန်လှုပ်၍သွား၏။ ကိုယ် တော်သည်ဗာဗုလုန်မြို့ကိုလူသူဆိတ်ငြိမ် ရာဒေသဖြစ်စေတော်မူလိမ့်မည်။-
မြို့တို့သည်လန့်ဖျပ်တုန်လှုပ်စရာမြင်ကွင်း ဖြစ်လာကြလျက်လူသူဆိတ်ငြိမ်ရာ၊ ရေ မရှိသည့်သဲကန္တာရနှင့်တူကြ၏။ ထိုမြို့ များသို့အဘယ်သူမျှလည်းခရီးမပြု ကြ။-
ဗာဗုလုန်မြို့သည်ရုတ်တရက်ပြိုလဲပျက် စီးသွားလေပြီ။ ထိုမြို့အတွက်ငိုကြွေး ကြလော့။ သူ၏ဒဏ်ရာများအတွက်ဆေး ဝါးကိုရှာကြလော့။ သူ့အားအနာရောဂါ ပျောက်ကင်းအောင်ကုသကောင်းကုသနိုင် ပေလိမ့်မည်။-
``ကျွန်တော်မျိုး၏ညည်းတွားသံများကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးအားနှစ်သိမ့်မှုပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့စေတော်မူသဖြင့် ရန်သူတို့ဝမ်းမြောက်ကြပါ၏။ ကိုယ်တော်ရှင်ကတိထားတော်မူသည့်နေ့ရက် ကာလကိုကျရောက်စေတော်မူပါ။ ရန်သူများအားကျွန်တော်မျိုးနည်းတူ ဒုက္ခတွေ့စေတော်မူပါ။''
ဘေးဒုက္ခတို့သည်တစ်ခုပြီးတစ်ခုသက်ရောက် လာလျက် သင်တို့သည်သတင်းဆိုးများကို အဆက်မပြတ်ကြားရကြလိမ့်မည်။ သင်တို့ သည်ပရောဖက်တို့အားသူတို့တွေ့မြင်ရ သည့်ဗျာဒိတ်ရူပါရုံများကိုဖော်ပြရန် တောင်းပန်ကြလိမ့်မည်။ ယဇ်ပုရောဟိတ်များ တို့မှာလည်း လူတို့အားဟောပြောသွန်သင် ရန်အဘယ်အရာမျှရှိလိမ့်မည်မဟုတ်။ အသက်ကြီးသူတို့သည်လည်းအဘယ်သို့ မျှအကြံဉာဏ်ပေးနိုင်ကြလိမ့်မည်မဟုတ်။-
မင်းကြီးသည်အမျက်ထွက်၍ထိုကျွန်ကိုအကြွေး မကျေမချင်းအကျဉ်းချထားလေ၏။''
အကြွေးအကုန်ပြေလည်အောင်မဆပ်မချင်း သင်သည်ထောင်မှထွက်ရလိမ့်မည်မဟုတ်ဟု ငါဆို၏'' ဟူ၍ပရိသတ်သင်တို့အားမိန့် တော်မူ၏။
သင်္ဘောထဲကိုနောဧဝင်ပြီးနောက်ရေလွှမ်းမိုး သဖြင့် လူခပ်သိမ်းတို့သေကျေပျက်စီးကြ သည့်နေ့မတိုင်မီလူတို့သည်စားသောက် လျက်၊ ထိမ်းမြားစုံဖက်လျက်နေခဲ့ကြ၏။-
``အန္တရာယ်ကင်းလျက်သာယာသည်'' ဟုလူတို့ ပြောဆိုကြသောအခါ၌ကိုယ်ဝန်ဆောင်အမျိုး သမီးအပေါ်သို့သားဖွားခြင်းဝေဒနာရုတ် တရက်ကျရောက်လာသကဲ့သို့ လူတို့အပေါ် သို့ဘေးအန္တရာယ်ကျရောက်လာလိမ့်မည်။-
ထို့ကြောင့်သင်သည်ကြားနာခံယူခဲ့သည့် တရားကိုအောက်မေ့သတိရလျက်လိုက် လျှောက်ကျင့်သုံးလော့။ နောင်တရလော့။ သင် သည်မနိုးမထပါမူသူခိုးလာသကဲ့သို့ သင့်ထံသို့ငါလာမည်။ ငါလာမည့်အချိန် ကိုသင်သိရလိမ့်မည်မဟုတ်။-