ဟေရှာယ 57:1 - Common Language Bible1 သူတော်ကောင်းတို့သည်သေရကြ၏။ ထိုသူတို့ ယင်းသို့သေသည့်အကြောင်းကိုအဘယ်သူမျှ နားမလည်ကြ။ ဂရုလည်းမစိုက်ကြ။ သို့ရာ တွင်သူတို့သည်သေသောအခါအတိဒုက္ခ ကင်းငြိမ်းရာအရပ်သို့ရောက်ရှိကြလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible1 ဖြောင့် မတ် သူ ပျက် စီး ရာ၊ ပျက် စီး သည် ဟု မည် သူ မျှ နှ လုံး မ သွင်း။ ဘု ရား တ ရား ကြည် ညို သူ တို့ သုတ် သင် ခံ ကြ ရာ၊ ဘေး ဆိုး မ သင့် မီ ဖြောင့် မတ် သူ ရုတ် သိမ်း ခံ ရ ကြောင်း ကို၊ စဉ်း စား သူ မ ရှိ ချေ၊ အခန်းကိုကြည့်ပါ။Judson Bible1 ဖြောင့်မတ်သောသူသည်ဆုံး၍ ကျေးဇူးပြုတတ်သောသူတို့သည် ပယ်ရှားခြင်းကို ခံရသောအခါ၊ ဖြောင့်မတ်သောသူကို မကောင်းသောအမှုအရာထဲက ရုပ်သိမ်းပြီဟု အဘယ်သူမျှ မဆင်ခြင်၊ အဘယ်သူမျှ မအောက်မေ့ကြ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ဖြောင့်မတ်သောသူဆုံးပါးသွားသည်ကို မည်သူမျှနှလုံးမသွင်းကြ။ ကျေးဇူးပြုတတ်သောသူတို့ ရုပ်သိမ်းခြင်းခံရသည်ကို မည်သူမျှနားမလည်ကြ။ အကယ်စင်စစ် ဖြောင့်မတ်သောသူသည် မကောင်းမှုထဲမှရုပ်သိမ်းခံရခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ကိုယ်တော်သည်ငါတို့အားမိမိ၏ အမျက်တော်အရှိန်ကိုလည်းကောင်း၊ ပြင်းထန်သောစစ်မက်အန္တရာယ်ကိုလည်းကောင်း ခံစေတော်မူ၏။ ကိုယ်တော်၏အမျက်တော်သည်မီးကဲ့သို့ ဣသရေလပြည်တစ်လျှောက်တွင် တောက်လောင်လျက်ရှိ၏။ သို့ရာတွင်အဘယ်အမှုအရာဖြစ်ပျက်နေ သည်ကို ငါတို့မသိကြ။ ငါတို့သည်ထိုအမှုအရာမှအဘယ် သင်ခန်းစာကိုမျှမရကြ။
သူ၏တပ်သားတို့သည်လည်းမင်းကြီးကိုချီ ကြွ၍ အသင့်ရှိနေသောအခြားရထားတစ် စီးအပေါ်သို့တင်ပြီးလျှင်ယေရုရှလင်မြို့ သို့ယူဆောင်သွားကြ၏။ မင်းကြီးသည်ရထား ပေါ်၌ပင်ကွယ်လွန်တော်မူသဖြင့် သူ၏ အလောင်းကိုဘုရင်များ၏သင်္ချိုင်းတွင်သင်္ဂြိုဟ် ကြ၏။ ယုဒပြည်သူများနှင့်ယေရုရှလင် မြို့သူမြို့သားအပေါင်းတို့သည် မင်းကြီး ကွယ်လွန်သည့်အတွက်ဝမ်းနည်းပူဆွေး သည့်အထိမ်းအမှတ်ကိုပြုကြကုန်၏။
ဣသရေလပြည်သူအပေါင်းတို့သည်သူ၏ အတွက် ဝမ်းနည်းကြေကွဲသည့်အထိမ်းအမှတ် ကိုပြု၍သူ၏အလောင်းကိုသင်္ဂြိုဟ်ကြလိမ့် မည်။ ယေရောဗောင်၏အိမ်ထောင်စုများအနက် ထိုသားတစ်ဦးတည်းသာလျှင် လျောက်ပတ် စွာသင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတစ်ဦးတည်းကိုသာလျှင်နှစ်သက် တော်မူသောကြောင့်ဖြစ်၏။-
သို့ဖြစ်၍ငါသည်ယုဒပြည်သားများနှင့် ယေရုရှလင်မြို့သူမြို့သားတို့အား ဆန့်ကျင် ဘက်ပြုရန်ကြံစည်လျက်နေတော်မူကြောင်း ကိုလည်းကောင်း၊ အပြစ်ဒဏ်ခတ်ရန်ပြင်ဆင် လျက်နေတော်မူကြောင်းကိုလည်းကောင်းပြော ကြားလော့။ အသီးသီးဒုစရိုက်တွင်ကျင် လည်မှုကိုရပ်စဲကြရန်၊ မိမိတို့လမ်းစဉ် နှင့်အကျင့်အကြံများကိုပြောင်းလဲကြ ရန်သူတို့အားထာဝရဘုရားဆင့်ဆို မှာကြားကြောင်းပြောကြားလော့။-
ယုဒပြည်သူတို့၊ယောရှိမင်းအတွက်သင်တို့ မငိုကြွေးကြနှင့်။ သူကွယ်လွန်သည့်အတွက်ဝမ်းနည်းပူဆွေးမှု မပြုကြနှင့်။ သို့ရာတွင်သူ၏သားတော်ယောခတ်အတွက် ပြင်းပြစွာငိုကြွေးကြလော့။ ရန်သူတို့သည်သူ့အားအပြီးအပိုင် ခေါ်ဆောင်သွားကြလိမ့်မည်။ သူသည်မိမိမွေးဖွားရာအရပ်ကို နောင်အဘယ်အခါ၌မျှပြန်လည်တွေ့မြင် ရတော့မည်မဟုတ်။