ဟေရှာယ 47:12 - Common Language Bible12 သင်၏ဂါထာမန္တန်များနှင့်အဆောင်လက်ဖွဲ့ များကို ဆောင်ထားလော့။ ထိုအရာများကိုသင်သည်ငယ်စဉ်အခါ ကပင်လျှင် အသုံးပြု၍လာခဲ့၏။ ယင်းတို့သည်သင့်အားအကူအညီ ပေးကောင်းပေးပါလိမ့်မည်။ သင်၏ရန်သူများကိုလည်းနှင်ထုတ်ကောင်း နှင်ထုတ်နိုင်ပါလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible12 ငယ် ရွယ် စဉ် က ပင်၊ သင် လုံ့ လ ပြု ခဲ့ သော မ န္တ ရား နှင့် ဝိ ဇ္ဇာ အ တတ် အ မြောက် အ မြား ကို သာ မှီ ဝဲ လော့။ အ ကျိုး ရ ကောင်း ရ လိမ့် မည်။ ခြိမ်း ချောက် တတ် ကောင်း တတ် လိမ့် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible12 သင်သည် ငယ်သောအရွယ်မှစ၍၊ ကြိုးစားအားထုတ်သော နတ်ဝိဇ္ဇာအတတ်နှင့်၊ ပြုစားသောအတတ် အမျိုးမျိုးတို့ကို အမှီပြု၍ တည်နေလော့။ အကျိုးကို ရကောင်းလျှင် ရလိမ့်မည်။ နိုင်ကောင်းလျှင် နိုင်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သင်ငယ်စဉ်ကတည်းက လေ့လာလိုက်စားခဲ့သော ဂါထာမန္တန်နှင့် မှော်အတတ်အမျိုးမျိုးတို့ကို ဆက်၍လိုက်စားလော့။ အကျိုးရှိကောင်းရှိလိမ့်မည်။ ဖျက်ဆီးခြင်းဘေးကို ခြောက်လှန့်နိုင်ကောင်းခြောက်လှန့်နိုင်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါသည်အီဂျစ်အမျိုးသားတို့၏ အကြံ အစည်များကိုပျက်စီးစေ၍ သူတို့၏စိတ် ဋ္ဌာတ်ကိုလည်းပျက်ပြားသွားစေမည်။ သူတို့ သည်မိမိတို့ကိုးကွယ်သည့်ရုပ်တုများထံ တွင်အကူအညီတောင်းခံကြလိမ့်မည်။ နတ် ဝင်သည်များထံသွားရောက်မေးမြန်းစုံစမ်း ကာ၊ သူသေတို့၏ဝိညာဉ်များအားအကြံ ဉာဏ်တောင်းခံကြလိမ့်မည်။-