သရွတ်ကိုလုပ်သကဲ့သို့ အကျွန်ုပ်ကိုလုပ်တော်မူကြောင်းကို အောက်မေ့တော်မူပါ။ တဖန်မြေမှုန့် ဖြစ်စေတော်မူမည်လော။
ဟေရှာယ 45:9 - Common Language Bible အခြားအိုးများနှင့်မထူးခြားသည့်မြေအိုး သည် အိုးထိန်းသည်နှင့်အတူငြင်းခုံဝံ့ပါမည် လော။ ရွှံ့စေးကအိုးထိန်းသည်အား အဘယ်သို့သောအရာကိုသင်ပြုလုပ် သနည်းဟု မေးရပါမည်လော။ မြေအိုးကမိမိကိုပြုလုပ်သူတွင်ကျင် လည်မှု မရှိဟုညည်းညူရပါမည်လော။ Garrad Bible ဖန် ဆင်း တော် မူ သော အ ရှင် နှင့် မြေ အိုး များ အ နက် တစ် လုံး မျှ သာ ဖြစ် သော၊ ဖက် ပြိုင် သူ သည် အ မင်္ဂ လာ ရှိ၏။ အိုး ထိန်း အား မြေ စေး က၊ မည် သည့် အ ရာ ကို ပြု လုပ် သ နည်း ဟူ၍ လည်း ကောင်း၊ သင့် လက် ဖြစ် က၊ သင်၌ လက် မ ရှိ ဟူ၍ လည်း ကောင်း ဆို အပ် သ လော။ Judson Bible အကြင်သူသည် မိမိကို ဖန်ဆင်းသောသူနှင့် ဆန့်ကျင်ဘက်ပြု၏၊ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုးခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သောအရာကို လုပ်သနည်းဟု အိုးထိန်းသမားကို ဆိုရမည်လော။ ငါ့ကိုလုပ်သောသူ၌ လက်မရှိဟု သင်လုပ်သောအရာက ဆိုရမည်လော။ မြန်မာ့စံမီသမ္မာကျမ်း မိမိကို ပုံဖော်ဖန်ဆင်းသောအရှင်အား ရန်တွေ့သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မြေအိုးကွဲများထဲမှ အိုးကွဲတစ်ခုသာဖြစ်၏။ အိုးမြေက မိမိကိုပုံသွင်းသောသူအား ‘မည်သည့်အရာကို သင်ပြုလုပ်နေသနည်း။ သင်ပြုလုပ်ထားသောအရာ၌ လက်မရှိပါလား’ဟု ဆိုရမည်လော။ |
သရွတ်ကိုလုပ်သကဲ့သို့ အကျွန်ုပ်ကိုလုပ်တော်မူကြောင်းကို အောက်မေ့တော်မူပါ။ တဖန်မြေမှုန့် ဖြစ်စေတော်မူမည်လော။
ဘုရားသခင်နှင့်အဘယ်ကြောင့် ဆန့်ကျင်ဘက် ပြုသနည်း။ ပြုတော်မူသော အမှုတို့၏အကြောင်းကို ပြတော်မမူ။
သိမ်းယူတော်မူသောအခါ အဘယ်သူသည် ဆီးတားနိုင်သနည်း။ ကိုယ်တော်သည်အဘယ်သို့ ပြုသနည်းဟု အဘယ်သူဆိုဝံ့သနည်း။
ဘုရားသခင်သည်ထူးဆန်းသောဥာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။
ရှိသမျှသော အခြင်းအရာများကို မှတ်သား နှင့်ပြီ။ လူ၏အခြင်းအရာသက်သက်ဖြစ်သည်ကို သိရ၏။ လူသည် မိမိထက် တန်ခိုးကြီးသောသူနှင့် မပြိုင်နိုင်ရာ။
သို့ရာတွင်ထာဝရဘုရားက``ပုဆိန်သည် မိမိကိုအသုံးပြုသူထက်ကြီးမြတ်သည် ဟုဆိုနိုင်ပါမည်လော။ လွှသည်လည်းမိမိ ကိုကိုင်၍တိုက်သူထက်အရေးပါအရာ ရောက်သည်ဟုဆိုနိုင်ပါမည်လော။ တင်းပုတ် ကလူကိုကိုင်သည်မဟုတ်၊ လူကတင်းပုတ် ကိုကိုင်သတည်း'' ဟုမိန့်တော်မူ၏။
သူတို့သည်အရာခပ်သိမ်းကိုကပြောင်းက ပြန်ဖြစ်စေတတ်ကြ၏။ အိုးထိန်းသည်နှင့် အိုးမြေတို့တွင် အဘယ်သူကပို၍အရေး ကြီးပါသနည်း။ လူ့လက်ဖြင့်ပြီးသောအရာ တစ်ခုကလူကိုပြန်၍``ငါသည်သင်ပြုလုပ် ထားသည့်အရာမဟုတ်'' ဟူ၍သော်လည်း ကောင်း``သင်သည်မိမိပြုလုပ်လျက်နေသည့် အမှုကိုမသိ'' ဟူ၍သော်လည်းကောင်း ဆိုနိုင်ပါမည်လော။
မိမိ၏မိဘများအား``အဘယ်ကြောင့် ကျွန်တော့်ကိုဤသို့မွေးထုတ်ကြပါ သနည်း'' ဟု ဆိုဝံ့သူရှိပါသလော။
ကိုယ်တော်ရှင်၏နာမတော်နှင့်ထံတော်သို့ တစ်ဦးတစ်ယောက်မျှဆုတောင်းပတ္ထနာမ ပြုပါ။ ``ကူမတော်မူပါ'' ဟုလည်းတစ်ဦး တစ်ယောက်မျှလာရောက်ပန်ကြားမှုမပြု ပါ။ ကျွန်တော်မျိုးတို့အပြစ်များကြောင့် ကိုယ်တော်ရှင်သည်မျက်နှာတော်ကိုလွှဲ တော်မူ၍ကျွန်တော်မျိုးတို့အားစွန့်ပစ် တော်မူပါပြီ။
သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ကျွန်တော်မျိုးတို့၏ဖခင်ဖြစ်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့သည်ရွှံ့စေးနှင့်တူ၍ ကိုယ်တော်ရှင်မူကားအိုးထိန်းသည်နှင့်တူ ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့ အားဖန်ဆင်းတော်မူခဲ့သည့်အရှင်ဖြစ် သဖြင့်၊-
``အိုးထိန်းသည်သည်ရွှံ့စေးကိုပြုသကဲ့သို့ ငါသည်လည်းသင်တို့ဣသရေလပြည်သား များအားမပြုနိုင်ပါသလော။ အို ဣသရေလ အမျိုးသားတို့၊ ရွှံ့စေးသည်အိုးထိန်းသည်၏ လက်တွင်း၌ရှိသကဲ့သို့ သင်တို့အမျိုးသား များသည်လည်းငါ၏လက်တွင်း၌ရှိကြ၏။-
ယောယကိမ်မင်းအားလည်းထာဝရဘုရား က``သင်သည်စာလိပ်ကိုမီးရှို့ပစ်ပြီးလျှင် ယေရမိအားဗာဗုလုန်ဘုရင်သည်ဤပြည် သို့လာရောက်၍လူများ၊ တိရစ္ဆာန်များကိုသုတ် သင်ဖျက်ဆီးပစ်လိမ့်မည်ဟုအဘယ်ကြောင့် ဟောပြောရပါသနည်းဟုမေးမြန်းခဲ့ပေ သည်။-
အို ဗာဗုလုန်မြို့၊ သင်သည်ငါ့ကိုတိုက်ခိုက် ခဲ့၏။ ငါထောင်ထားသည့်ထောင်ချောက်တွင် အမှတ်မထင်ဖမ်းမိလေပြီ။-
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ရှေ့ တော်၌ အမှုမထားလောက်သကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်ရှိလူတို့ကိုလည်းကောင်း စိုးမိုးအုပ်ချုပ်တော်မူပါ၏။ အဘယ်သူမျှကိုယ်တော်၏အလိုတော်ကို မဆန့်ကျင်နိုင်ပါ။ ကိုယ်တော်အဘယ်သို့ပြုတော်မူသည်ကို လည်း မစစ်ဆေးမမေးမြန်းနိုင်ပါ။
ငါတို့သည်သခင်ဘုရားအားဆန့်ကျင်ဖက် ပြုလိုကြသလော။ ငါတို့သည်သခင်ဘုရား ထက်ပို၍တန်ခိုးကြီးကြသလော။