ယောဘဝတ္တု။ 33:13 - Common Language Bible13 ဘုရားသခင်နှင့်အဘယ်ကြောင့် ဆန့်ကျင်ဘက် ပြုသနည်း။ ပြုတော်မူသော အမှုတို့၏အကြောင်းကို ပြတော်မမူ။ အခန်းကိုကြည့်ပါ။Garrad Bible13 အ မှု အ ရာ တော် များ နှင့် စပ် လျဉ်း၍ ဖော် ပြ တော် မ မူ သည့် အ တွက်၊ အ ဘယ့် ကြောင့် ဘက် ပြိုင် သ နည်း။ အခန်းကိုကြည့်ပါ။Judson Bible13 ဘုရားသခင်နှင့် အဘယ်ကြောင့် ဆန့်ကျင်ဘက်ပြုသနည်း။ ပြုတော်မူသောအမှုတို့၏ အကြောင်းကို ပြတော်မမူ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 အဘယ်ကြောင့် ကိုယ်တော်ကို ရန်တွေ့ရသနည်း။ သင်ပြောသမျှကို ကိုယ်တော်မတုံ့ပြန်သောကြောင့်လော။ အခန်းကိုကြည့်ပါ။ |
သူတို့ကြံစည်ပြုလုပ်သောအမှုကိစ္စသည် လူမှဖြစ်ခဲ့သော်ထိုအကြံအစည်အမှု ကိစ္စသည်ပျက်ရမည်။ သို့ရာတွင်ဘုရား သခင်မှဖြစ်ပါမူ ထိုသူတို့ကိုမဖျက် နိုင်သည့်ပြင်ဘုရားသခင်အားသင်တို့ ဆန့်ကျင်ရာရောက်အံ့'' ဟုဆို၏။ ယုဒတရားလွှတ်တော်အဖွဲ့ဝင်တို့သည် ဂါမလျေလ၏အကြံပေးချက်ကိုလက်ခံ ပြီးလျှင်၊-
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ရှေ့ တော်၌ အမှုမထားလောက်သကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်ရှိလူတို့ကိုလည်းကောင်း စိုးမိုးအုပ်ချုပ်တော်မူပါ၏။ အဘယ်သူမျှကိုယ်တော်၏အလိုတော်ကို မဆန့်ကျင်နိုင်ပါ။ ကိုယ်တော်အဘယ်သို့ပြုတော်မူသည်ကို လည်း မစစ်ဆေးမမေးမြန်းနိုင်ပါ။
ဘုရားသခင်၌တန်ခိုးရှိတော်မူကြောင်း ကိုလည်းကောင်း ကိုယ်တော်၏မေတ္တာတော်သည်ခိုင်မြဲကြောင်း ကိုလည်းကောင်း တစ်ကြိမ်မကကိုယ်တော်မိန့်တော်မူသည်ကို ငါကြားခဲ့ရလေပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုယ်တော်တိုင်ပင်လူအပေါင်း တို့အား အကျင့်အလျောက်ကောင်းကျိုးဆိုးကျိုးကို ချပေးတော်မူပါ၏။