Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 50:24 - Common Language Bible

24 အို ဗာ​ဗု​လုန်​မြို့၊ သင်​သည်​ငါ့​ကို​တိုက်​ခိုက် ခဲ့​၏။ ငါ​ထောင်​ထား​သည့်​ထောင်​ချောက်​တွင် အ​မှတ်​မ​ထင်​ဖမ်း​မိ​လေ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 အို ဗာ ဗု လုန် မြို့၊ သင့် ရှေ့ တွင် ညွတ် ကွင်း ကို ငါ ထောင် ထား သ ဖြင့်၊ အ မှတ် မဲ့ သင် မိ လေ ပြီ။ ငါ ထာ ဝ ရ ဘု ရား၏ တစ် ဘက် ထ ကြွ သော ကြောင့်၊ ဆုံ တွေ့၍ သိမ်း ယူ ခံ ရ လေ ပြီ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 အို ဗာ​ဗု​လုန်​မြို့၊ သင့်​အ​ဖို့​ကျော့​ကွင်း​ကို ငါ​ထောင်​ထား​သ​ဖြင့်၊ သင်​သည် သ​တိ​လစ်၍​ကျော့​မိ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​အာ​ဏာ​တော်​ကို ဆန်​သော​ကြောင့်၊ ရန်​သူ​တွေ့၍ တိုက်​ယူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 အို ဘေဘီလုံ​မြို့​၊ သင်​သည် ငါ​ထောင်​ထား​သော ကျော့ကွင်း​၌​မိ​ပြီ​။ သင်​သည် ထာဝရဘုရား​ကို အာခံ​သောကြောင့် သင်​မ​သိ​မ​မြင်​လိုက်​သော​အချိန်​တွင်​ပင် ကျော့မိ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 50:24
17 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင်တဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။


ဘုရားသခင်ကို အပြစ်တင်သော သူသည် ပြန်ပြောစေတော့ဟု ယောဘအား မိန့်တော်မူလျှင်၊


သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။


ဘုရားသခင်သည်ထူးဆန်းသောဥာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။


မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ဘု​ရင်​ထံ​သို့​သွား ၍ ``သင်​သည်​ငါ​၏​အ​မိန့်​ကို​မည်​မျှ​ကြာ​အောင် မ​နာ​ခံ​ဘဲ​နေ​မည်​နည်း။ ငါ​၏​လူ​မျိုး​တော် သည်​ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​သူ​တို့​ကို​သွား ခွင့်​ပြု​လော့။-


လူသည် မိမိကာလအချိန်ကိုမသိတတ်။ ဘေးပြု ရာ ပိုက်ကွန်အုပ်မိသော ငါးကဲ့သို့၎င်း၊ ကျော့ကွင်း၌ ကျော့မိသော ငှက်ကဲ့သို့၎င်း၊ လူသားတို့သည် ဘေးပြုရာ ကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။


ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဘေး​အန္တ​ရာယ် ဆိုး​ကို​ကမ္ဘာ​မြေ​ပေါ်​သို့​သက်​ရောက်​စေ​၍ သူ ယုတ်​မာ​တို့​အား​မိ​မိ​တို့​၏​အ​ပြစ်​များ အ​တွက်​အ​ပြစ်​ဒဏ်​ခတ်​မည်။ ငါ​သည်​မာန် မာ​န​ကြီး​သူ​မှန်​သ​မျှ​ကို​ရှုတ်​ချ​၍ စိတ် ကြီး​ဝင်​ကာ​ရက်​စက်​ကြမ်း​ကြုတ်​သူ အ​ပေါင်း​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။-


အ​ခြား​အိုး​များ​နှင့်​မ​ထူး​ခြား​သည့်​မြေ​အိုး သည် အိုး​ထိန်း​သည်​နှင့်​အ​တူ​ငြင်း​ခုံ​ဝံ့​ပါ​မည် လော။ ရွှံ့​စေး​က​အိုး​ထိန်း​သည်​အား အ​ဘယ်​သို့​သော​အ​ရာ​ကို​သင်​ပြု​လုပ် သ​နည်း​ဟု မေး​ရ​ပါ​မည်​လော။ မြေ​အိုး​က​မိ​မိ​ကို​ပြု​လုပ်​သူ​တွင်​ကျင် လည်​မှု မ​ရှိ​ဟု​ညည်း​ညူ​ရ​ပါ​မည်​လော။


မော​ဘ​ပြည်​သူ​တို့​အား​ထိတ်​လန့်​ဖွယ်​ရာ များ၊ မြေ​တွင်း​များ​နှင့်​ထောင်​ချောက်​များ​သည် အ​သင့်​စောင့်​ဆိုင်း​လျက်​ရှိ​ပေ​သည်။ ဤ​ကား ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏။-


ထိတ်​လန့်​ဖွယ်​ရာ​ကောင်း​သည့်​အ​ရာ​မှ​လွတ် မြောက်​ရန်​ကြိုး​စား​သူ​သည်​မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ မြေ​တွင်း​မှ​တက်​၍​လာ​သော​သူ သည်​လည်း​ထောင်​ချောက်​များ​တွင်​မိ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မော​ဘ​ပြည်​ကို​သုတ် သင်​ဖျက်​ဆီး​ရန်​အ​ချိန်​ကို​ငါ​သတ်​မှတ် ထား​ပြီး​ဖြစ်​သော​ကြောင့်​တည်း။-


ထို​မြို့​၏​စီ​မံ​အုပ်​ချုပ်​သူ​များ၊ပ​ညာ​ရှိ​များ၊ ခေါင်း​ဆောင်​များ​နှင့်​စစ်​သည်​တပ်​သား​များ အား ငါ​မူး​ယစ်​စေ​မည်။ သူ​တို့​သည်​အိပ်​ပျော်​သွား​ပြီး​လျှင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​နိုး​ထ​ကြ​လိမ့်​မည် မဟုတ်။ ဤ​ကား​ငါ​ဘု​ရင်​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။ ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​သ​တည်း။


ဗာ​ဗု​လုန်​မြို့​သည်​ရုတ်​တ​ရက်​ပြို​လဲ​ပျက် စီး​သွား​လေ​ပြီ။ ထို​မြို့​အ​တွက်​ငို​ကြွေး ကြ​လော့။ သူ​၏​ဒဏ်​ရာ​များ​အ​တွက်​ဆေး ဝါး​ကို​ရှာ​ကြ​လော့။ သူ့​အား​အ​နာ​ရော​ဂါ ပျောက်​ကင်း​အောင်​ကု​သ​ကောင်း​ကု​သ​နိုင် ပေ​လိမ့်​မည်။-


သူ​သည်​လူ​တို့​ကိုး​ကွယ်​သော​အ​မည်​ခံ ဘု​ရား​မှန်​သ​မျှ​ကို​အ​တိုက်​အ​ခံ​ပြု​၍ မိ​မိ​သည်​ဘု​ရား​တ​ကာ​တို့​ထက်​တန်​ခိုး ကြီး​သည်​ဟု​ဆို​လိမ့်​မည်။ သူ​သည်​ဘု​ရား သ​ခင်​၏​ဗိ​မာန်​တော်​ထဲ​သို့​ပင်​လျှင်​ဝင်​၍ ထိုင်​ကာ​မိ​မိ​ကိုယ်​ကို​ဘု​ရား​ဟု​ကြေ ညာ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ