ယေရမိ 18:6 - Common Language Bible6 ``အိုးထိန်းသည်သည်ရွှံ့စေးကိုပြုသကဲ့သို့ ငါသည်လည်းသင်တို့ဣသရေလပြည်သား များအားမပြုနိုင်ပါသလော။ အို ဣသရေလ အမျိုးသားတို့၊ ရွှံ့စေးသည်အိုးထိန်းသည်၏ လက်တွင်း၌ရှိသကဲ့သို့ သင်တို့အမျိုးသား များသည်လည်းငါ၏လက်တွင်း၌ရှိကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible6 အို ဣ သ ရေ လ အ မျိုး သား တို့၊ ထို အိုး ထိန်း ပုံ ချ သည့် နည်း တူ၊ သင် တို့ ကို ငါ ပုံ မ ချ ရ သ လော ဟု၊ ငါ ထာ ဝ ရ ဘု ရား မေး မြန်း ၏။ အို ဣ သ ရေ လ အ မျိုး သား တို့၊ အိုး ထိန်း ၏ လက် အောက် တွင် မြေ စေး နေ သ ကဲ့ သို့၊ ငါ့ လက် အောက် တွင် သင် တို့ နေ လျက် ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible6 အို ဣသရေလအမျိုး၊ အိုးထိန်းသမားပြုသကဲ့သို့ သင်တို့ကိုငါမပြုနိုင်သလော။ အို ဣသရေလအမျိုး၊ အိုးမြေသည် အိုးထိန်းသမားလက်၌ရှိသကဲ့သို့ သင်တို့သည် ငါ့လက်၌ရှိကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ထာဝရဘုရားက “အို အစ္စရေးအမျိုးအနွယ်တို့၊ အိုးထိန်းသည် ပြုသကဲ့သို့ သင်တို့ကို ငါပြုနိုင်သည်မဟုတ်လော။ ကြည့်ရှုလော့။ ရွှံ့စေးသည် အိုးထိန်းသည်လက်၌ရှိသကဲ့သို့ အစ္စရေးအမျိုးအနွယ်တို့သည် ငါ့လက်၌ရှိ၏။ အခန်းကိုကြည့်ပါ။ |
အရှင်မင်းကြီးကြည့်လျက်နေတော်မူစဉ် ကောင်းကင်ဘုံမှ ကောင်းကင်တမန်တစ်ပါး သည်သက်ဆင်းလာကာ`ထိုသစ်ပင်ကိုခုတ်လှဲ ဖျက်ဆီးပစ်လော့။ သို့ရာတွင်သစ်ငုတ်ကိုမူ ကားမြေတွင်ချန်ထားလော့။ ထိုငုတ်ကိုသံ ကြိုး၊ ကြေးဝါကြိုးနှင့်ချည်နှောင်၍ကွင်းထဲ ၌မြက်တောတွင်ထားခဲ့လော့။ ထိုသူအား ဆီးနှင်းများဖြင့်စိုစွတ်စေလျက်ခုနစ်နှစ် တိုင်တိုင်တိရစ္ဆာန်များနှင့်အတူနေစေလော့' ဟုမြွက်ဆိုခဲ့ပါ၏။