Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 18:7 - Common Language Bible

7 အ​ကယ်​၍​ငါ​သည်​အ​ဘယ်​အ​ခါ​၌​မ​ဆို​ဤ မည်​သော​လူ​မျိုး​ကို​သော်​လည်း​ကောင်း၊ ဤ​မည် သော​တိုင်း​ပြည်​ကို​သော်​လည်း​ကောင်း​နုတ်​ပယ် ဖြို​ချ​ဖျက်​ဆီး​တော်​မူ​မည်​ဟု​ဆို​ပြီး​နောက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 တစ် ဖန်၊ လူ တစ် မျိုး၊ တစ် နိုင် ငံ ကို ရည် လျက်၊ ဆွဲ နုတ် ဖြို လှဲ ပယ် ဖျက် ရန် ငါ အ မိန့် ရှိ သော် လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 အ​ကြင်​တိုင်း​နိုင်​ငံ​ကို နုတ်​ပယ်​ဖြို​ချ ဖျက်​ဆီး​ခြင်း​ငှာ ငါ​အ​မိန့်​တော်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ငါ​သည် လူမျိုး​တစ်​မျိုး​၊ တိုင်းနိုင်ငံ​တစ်နိုင်ငံ​ကို တစ်ခဏအတွင်း နုတ်ပယ်​ဖြိုချ​မည်​၊ ဖျက်ဆီး​မည်​ဟု ငါ​သတိပေး​ခဲ့​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 18:7
13 ပူးပေါင်းရင်းမြစ်များ  

လူ​ကို​ဖန်​ဆင်း​၍​မြေ​ကြီး​ပေါ်​တွင်​နေ​ထိုင် စေ​ခဲ့​ခြင်း​ကြောင့် စိတ်​မ​သာ​ဖြစ်​တော်​မူ​၏။-


လူ​မျိုး​တ​ကာ​နှင့်​နိုင်​ငံ​တ​ကာ​ကို​ဆွဲ​နုတ် ဖြို​ချ၊ ဖျက်​ဆီး​ဖြုတ်​ချ၊ တည်​ဆောက်​စိုက်​ပျိုး နိုင်​သော​အာ​ဏာ​ကို​ယ​နေ့​သင့်​အား​ငါ ပေး​ပြီ'' ဟု​မိန့်​တော်​မူ​၏။


လူ​တို့​သည်​နား​ထောင်​၍​မိ​မိ​တို့​၏​အ​ကျင့် ဆိုး​များ​ကို​စွန့်​ပစ်​ကောင်း​စွန့်​ပစ်​ကြ​လိမ့်​မည်။ အ​ကယ်​၍​သူ​တို့​သည်​ဤ​သို့​စွန့်​ပစ်​ကြ​ပါ မူ​ငါ​သည်​သူ​တို့​၏​ယုတ်​မာ​မှု​များ​အ​တွက် သုတ်​သင်​ဖျက်​ဆီး​ရန်​အ​ကြံ​အ​စည်​တော် နှင့်​ပတ်​သက်​၍​စိတ်​တော်​ပြောင်း​လဲ​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​၏။


ငါ​သည်​ဂ​ရု​ပြု​၍​သူ​တို့​အား​နုတ်​ပယ်​ဖြို​ချ၊ မှောက်​လှန်​ဖျက်​ဆီး၊ ပျက်​ပြုန်း​စေ​ခဲ့​သည်​နည်း တူ​တစ်​ဖန်​ပြန်​၍​ပြု​စု​ပျိုး​ထောင်​တည်​ဆောက် ၍​ပေး​မည်။-


`အ​ကယ်​၍​သင်​တို့​သည်​ဤ​ပြည်​တွင်​ဆက်​လက် နေ​ထိုင်​လို​ကြ​ပါ​မူ၊ ငါ​သည်​သင်​တို့​အား​မ​ဖြို မ​ဖျက်​ဘဲ​တည်​ဆောက်​မည်။ ငါ​သည်​သင်​တို့​အား မ​ဆွဲ​မ​နုတ်​ဘဲ​စိုက်​ပျိုး​မည်။ သင်​တို့​အ​ပေါ်​သို့ ငါ​သက်​ရောက်​စေ​ခဲ့​သည့်​ဘေး​အန္တ​ရာယ်​ဆိုး အ​တွက်​ငါ​များ​စွာ​ကြေ​ကွဲ​ဝမ်း​နည်း​ပါ​၏။-


ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​တည်​ဆောက် ထား​သည့်​အ​ရာ​ကို​ဖြို​ဖျက်​၍ စိုက်​ပျိုး​ထား သည့်​အ​ရာ​ကို​ဆွဲ​နုတ်​လျက်​ရှိ​၏။ ကမ္ဘာ​မြေ တစ်​ပြင်​လုံး​တွင်​ဤ​အ​တိုင်း​ငါ​ပြု​မည်။-


အ​ကယ်​၍​ငါ​သည်​ဆိုး​ယုတ်​သူ​အား​သေ​ရ လိမ့်​မည်​ဟု​သ​တိ​ပေး​သ​ဖြင့် သူ​သည်​မိ​မိ ၏​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ​ကာ​မှန်​ရာ ကောင်း​ရာ​ကို​ပြု​ကျင့်​လျှင်၊-


သို့​ရာ​တွင်​သူ​၏​တန်​ခိုး​အာ​ဏာ​အ​ကြီး မား​ဆုံး​အ​ချိန်​သို့​ရောက်​သော​အ​ခါ အင် ပါ​ယာ​နိုင်​ငံ​သည်​လေး​စိတ်​ကွဲ​၍​သွား​လိမ့် မည်။ သူ​၏​အ​ဆက်​အ​နွယ်​မ​ဟုတ်​သူ​တို့​သည် ထို​နိုင်​ငံ​ကို​အုပ်​စိုး​ကြ​လိမ့်​မည်။ သို့​ရာ​တွင် သူ​တို့​သည်​ထို​ဘု​ရင်​လောက်​တန်​ခိုး​ကြီး ကြ​လိမ့်​မည်​မ​ဟုတ်။


ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​များ လှ​သော ဤ​ဣ​သ​ရေ​လ​နိုင်​ငံ​ကို​သ​တိ​ဖြင့် စောင့်​ကြည့်​နေ​ပြီ။ ဤ​နိုင်​ငံ​ကို​မြေ​ပေါ်​မှ ကွယ်​ပျောက်​သွား​အောင်​ပယ်​ဖျက်​တော့​မည်။ သို့​သော်​လည်း​ငါ​သည်​ယာ​ကုပ်​အ​မျိုး​အ​နွယ် အား​လုံး​ကို​ဖျက်​ဆီး​မည်​မ​ဟုတ်​ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။


ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​၏​ပြု​မူ​ပုံ ကို​လည်း​ကောင်း၊ မ​ကောင်း​မှု​များ​ကို​စွန့် ပယ်​လိုက်​ပုံ​ကို​လည်း​ကောင်း​မြင်​တော်​မူ သော​အ​ခါ စိတ်​တော်​ပြောင်း​လဲ​လျက်​မိန့် မြွက်​တော်​မူ​သည့်​အ​တိုင်း​သူ​တို့​အား ဒဏ်​ခတ်​တော်​မ​မူ​တော့​ပေ။


ယော​န​သည်​နိ​နေ​ဝေ​မြို့​သို့​ရောက်​၍​မြို့​တွင်း သို့​တစ်​နေ့​ခ​ရီး​ဝင်​ပြီး​နောက်``နိ​နေ​ဝေ​မြို့ သည်​အ​ရက်​လေး​ဆယ်​ကြာ​သော​အ​ခါ ပျက်​လိမ့်​မည်'' ဟု​ကြေ​ညာ​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ