Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 29:16 - Common Language Bible

16 သူ​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​က​ပြောင်း​က ပြန်​ဖြစ်​စေ​တတ်​ကြ​၏။ အိုး​ထိန်း​သည်​နှင့် အိုး​မြေ​တို့​တွင် အ​ဘယ်​သူ​က​ပို​၍​အ​ရေး ကြီး​ပါ​သ​နည်း။ လူ့​လက်​ဖြင့်​ပြီး​သော​အ​ရာ တစ်​ခု​က​လူ​ကို​ပြန်​၍``ငါ​သည်​သင်​ပြု​လုပ် ထား​သည့်​အ​ရာ​မ​ဟုတ်'' ဟူ​၍​သော်​လည်း ကောင်း``သင်​သည်​မိ​မိ​ပြု​လုပ်​လျက်​နေ​သည့် အ​မှု​ကို​မ​သိ'' ဟူ​၍​သော်​လည်း​ကောင်း ဆို​နိုင်​ပါ​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 မှောက် လှန် သော စိတ် တ ကား။ အိုး ထိန်း ကို မြေ စေး ဖြစ် သည် ဟု ထင် မှတ် အပ် သ လော။ ဖန် ဆင်း ထား သော အ ရာ က၊ ဖန် ဆင်း သူ ကို ရည် လျက်၊ ငါ့ ကို မ ဖန် ဆင်း ဟူ၍ လည်း‌ ကောင်း၊ ချ ထား သော ပုံ က၊ ပုံ ချ သူ့ ကို ရည် လျက်၊ ဉာဏ် မ ရှိ ဟူ၍ လည်း‌ ကောင်း ဆို အပ် သ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သင်​တို့​သည် ဖောက်​ပြန်​ကြ​သည်​တ​ကား။ အိုး​ထိန်း​သ​မား​ကို၊ အိုး​မြေ​ကဲ့​သို့ မှတ်​ရ​မည်​လော။ လုပ်​အပ်​သော​အ​ရာ​သည် လုပ်​တတ်​သော​သူ​ကို ရည်​မှတ်၍၊ ဤ​သူ​သည် ငါ့​ကို​မ​လုပ်​ဟု ဆို​ရ​မည်​လော၊ ဖန်​ဆင်း​အပ်​သော​အ​ရာ​သည် ဖန်​ဆင်း​တတ်​သော​သူ​ကို ရည်​မှတ်၍၊ ဤ​သူ၌ ပ​ညာ​အ​တတ်​မ​ရှိ​ဟု ဆို​ရ​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သင်​တို့​သည် ကပြောင်းကပြန်​လုပ်​ကြ​ပါ​သည်​တကား​။ အိုးထိန်းသည်​ကို ရွှံ့စေး​ကဲ့သို့​မှတ်ယူ​သင့်​သလော​။ အပြုခံ​က ပြု​သူ​အား “​ဤ​သူ​သည် ငါ့​ကို​ပြုလုပ်​ခဲ့​သည်​မ​ဟုတ်​”​ဟု ဆို​သင့်​သလော​။ ဖန်ဆင်းခံ​က ဖန်ဆင်း​သူ​အား “​ဤ​သူ​သည် အသိဉာဏ်​မ​ရှိ​”​ဟု ဆို​သင့်​သလော​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 29:16
9 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​ကိုယ်​ခန္ဓာ​ကို​မည်​ကဲ့​သို့ တည်​ဆောက်​ထား​သည်​ကို​ကိုယ်​တော် သိ​တော်​မူ​၏။ ငါ​တို့​သည်​မြေ​မှုန့်​ဖြစ်​ကြောင်း​ကို​သ​တိ​ရ တော်​မူ​၏။


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ပု​ဆိန်​သည် မိ​မိ​ကို​အ​သုံး​ပြု​သူ​ထက်​ကြီး​မြတ်​သည် ဟု​ဆို​နိုင်​ပါ​မည်​လော။ လွှ​သည်​လည်း​မိ​မိ ကို​ကိုင်​၍​တိုက်​သူ​ထက်​အ​ရေး​ပါ​အ​ရာ ရောက်​သည်​ဟု​ဆို​နိုင်​ပါ​မည်​လော။ တင်း​ပုတ် က​လူ​ကို​ကိုင်​သည်​မ​ဟုတ်၊ လူ​က​တင်း​ပုတ် ကို​ကိုင်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ပျက် ပြုန်း​စေ​တော်​မူ​၍ လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​စေ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ မျက်​နှာ​ပြင်​ကို​တွန့်​လိမ်​စေ​၍ လူ​တို့​ကို ကွဲ​လွင့်​စေ​တော်​မူ​လိမ့်​မည်။-


သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင် သည်​ကျွန်​တော်​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​တော်​မူ ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ရွှံ့​စေး​နှင့်​တူ​၍ ကိုယ်​တော်​ရှင်​မူ​ကား​အိုး​ထိန်း​သည်​နှင့်​တူ ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့ အား​ဖန်​ဆင်း​တော်​မူ​ခဲ့​သည့်​အ​ရှင်​ဖြစ် သ​ဖြင့်၊-


ရှာ​၍​မ​တွေ့​ကြ​သော​အ​ခါ​သူ​တို့​သည် ယာ​သုန် နှင့်​တ​ပည့်​တော်​အ​ချို့​တို့​ကို​မြို့​အာ​ဏာ​ပိုင် များ​၏​ရှေ့​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​လျှင် ``ဤ​လူ​စု သည်​အ​ရပ်​တ​ကာ​တွင်​ဒုက္ခ​ပေး​ခဲ့​ကြ​ပါ​၏။ သူ​တို့​သည်​ယ​ခု​ကျွန်ုပ်​တို့​မြို့​သို့​လည်း​ရောက် ရှိ​လာ​ကြ​ပါ​ပြီ။ ယာ​သုန်​သည်​ထို​သူ​တို့​ကို မိ​မိ​၏​အိမ်​တွင်​လက်​ခံ​ထား​ပါ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ