ငါသည်သင်နှင့်အတူရှိ၍သင်သွားရာ အရပ်၌သင့်ကိုစောင့်ရှောက်မည်။ သင့်ကိုဤ ပြည်သို့တစ်ဖန်ပို့ဆောင်ဦးမည်။ ငါသည်သင့် အားထားသောကတိအတိုင်းအကောင်အထည် မပေါ်မီသင့်ကိုစွန့်ပစ်၍မထား'' ဟုမိန့်တော် မူ၏။
ဟေရှာယ 41:17 - Common Language Bible ငါ၏လူမျိုးတော်သည်ရေကိုလို၍ ရှာသောအခါ၌လည်းကောင်း၊ သူတို့သည်ရေငတ်သဖြင့်လည်ချောင်း ခြောက်သည့်အခါ၌လည်းကောင်း ငါထာဝရဘုရားသည်သူတို့၏ဆုတောင်း ပတ္ထနာကို နားညောင်းတော်မူမည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင် တည်းဟူသောငါသည်သူတို့အားအဘယ် အခါ၌မျှ စွန့်ပစ်လိမ့်မည်မဟုတ်။ Garrad Bible ဆင်း ရဲ နွမ်း ပါး သူ တို့ သည် ရေ ငတ် သ ဖြင့်၊ လျှာ သွေ့ ခြောက် သည် နှင့် ရေ ရှာ၍ မ တွေ့ သော သော အ ခါ၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ဖြစ် သော ငါ သည် စွန့် ပယ် မည် မ ဟုတ်။ Judson Bible ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူတို့သည် ရေကိုရှာ၍ မတွေ့၊ ရေငတ်၍ လျှာသွေ့ခြောက်သောအခါ၊ ငါထာဝရဘုရားသည် သူတို့စကားကို နားထောင်မည်။ ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်သော ငါသည် သူတို့ကိုမစွန့်။ မြန်မာ့စံမီသမ္မာကျမ်း ဆင်းရဲနွမ်းပါးသောသူတို့သည် ရေကိုရှာကြ၏။ ရေမရှိသောကြောင့် သူတို့သည် ရေငတ်၍ အာခေါင်ခြောက်ကပ်သောအခါ ငါထာဝရဘုရားသည် သူတို့ကိုထူးမည်။ အစ္စရေးလူမျိုး၏ဘုရားသခင် ငါသည် သူတို့ကို စွန့်ပစ်မည်မဟုတ်။ |
ငါသည်သင်နှင့်အတူရှိ၍သင်သွားရာ အရပ်၌သင့်ကိုစောင့်ရှောက်မည်။ သင့်ကိုဤ ပြည်သို့တစ်ဖန်ပို့ဆောင်ဦးမည်။ ငါသည်သင့် အားထားသောကတိအတိုင်းအကောင်အထည် မပေါ်မီသင့်ကိုစွန့်ပစ်၍မထား'' ဟုမိန့်တော် မူ၏။
အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏အစေခံ၊ အကျွန်ုပ် ၏ခမည်းတော်ဒါဝိဒ်အားကတိထားတော်မူ သမျှတို့ကိုယခုဖြစ်ပွားစေတော်မူပါ။''
ကျွန်တော်မျိုး၏လည်ချောင်းသည်မြေမှုန့် ကဲ့သို့ ခြောက်လျက်ကျွန်တော်မျိုး၏လျှာသည်လည်း အာခေါင်တွင်ကပ်၍နေပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးအားသေစေရန် မြေမှုန့်တွင်စွန့်ပစ်ထားတော်မူပါပြီ။
ခိုကိုးရာမဲ့သူတို့သည်ကိုယ်တော်ကို ခေါ်ကြသောအခါ ကိုယ်တော်ထူးတော်မူ၍သူတို့အား ဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
ယခုအခါငါသည်အသက်ကြီးရင့်လေပြီ။ ငါသည်ကြာရှည်စွာအသက်ရှင်ခဲ့ပါပြီ။ သို့ရာတွင်သူတော်ကောင်းအားထာဝရဘုရား စွန့်ပစ်တော်မူသည်ကိုလည်းကောင်း၊ သူ၏သားသမီးတို့တောင်းစားရသည်ကို လည်းကောင်း တစ်ချိန်တစ်ခါမျှငါမတွေ့မမြင်ခဲ့ဘူးပါ။
အသက်ရှင်တော်မူသည့်ဘုရားတည်းဟူသော ကိုယ်တော်ရှင်ကိုကျွန်တော်မျိုးတောင့်တပါ၏။ ကျွန်တော်မျိုးသည်အဘယ်အခါမှ ကိုယ်တော်ရှင်၏ရှေ့တော်မှောက်သို့ချဉ်းကပ်၍ ဝတ်ပြုကိုးကွယ်နိုင်ပါမည်နည်း။
ဒုက္ခရောက်ချိန်၌ငါ့အားပတ္ထနာပြုကြလော့။ ငါသည်သင်တို့အားကယ်မည်။ သင်တို့သည်လည်းငါ့အားထောမနာ ပြုကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ဖိစီးနှိပ်စက်ခြင်းခံရသူတို့အားအရှက်ကွဲ စေတော်မမူပါနှင့်။ ယင်းဆင်းရဲသူများသည်ကိုယ်တော်ရှင်အား ထောမနာပြုကြပါစေသော။
ထာဝရဘုရားသည်မိမိ၏လူစုတော်အား ပစ်ထားတော်မူလိမ့်မည်မဟုတ်။ ကိုယ်တော်ပိုင်တော်မူသောလူတို့ကို စွန့်ပယ်တော်မူလိမ့်မည်မဟုတ်။
သို့ရာတွင်လူတို့သည်အလွန်ရေငတ်သဖြင့် မောရှေအားညည်းညူလျက်``အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏သားသမီးများ၊ တိရစ္ဆာန်များ ကိုရေငတ်စေခြင်းငှာ အဘယ်ကြောင့်အီဂျစ် ပြည်မှထုတ်ဆောင်ခဲ့ပါသနည်း'' ဟုဆို ကြ၏။
သိနာတောင်၌ရှိသောကျောက်ဆောင်အနီး တွင်ငါရပ်နေမည်။ သင်သည်ကျောက်ဆောင် ကိုရိုက်လော့။ ထိုကျောက်ဆောင်မှလူတို့ သောက်ရန်ရေစီးထွက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။ မောရှေသည်ဣသရေလအမျိုး သားခေါင်းဆောင်တို့ရှေ့မှောက်တွင် ထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်းကျောက် ဆောင်ကိုရိုက်လေ၏။
ယေရုရှလင်မြို့တွင်နေထိုင်ကြသောသူတို့၊ သင်တို့သည်ငိုယိုရကြတော့မည်မဟုတ်။ ထာဝရဘုရားသည်သနားကြင်နာတော် မူတတ်၏။ ကူမတော်မူရန်အထံတော်သို့ သင်တို့ဟစ်အော်ကြသောအခါ ကိုယ်တော် သည်နားညောင်းတော်မူ၍အဖြေပေး လိမ့်မည်။-
``ငါသည်မိမိ၏မျက်မမြင်လူစုအား သူတို့မသွားဘူးသောလမ်းခရီးဖြင့် ခေါ်ဆောင်သွားမည်။ ငါသည်သူတို့၏ရှေ့တွင်အမှောင်ကိုအလင်း ဖြစ်စေ၍၊ ကြမ်းတမ်းသောခရီးကိုချောမောသွားစေမည်။ ဤအမှုအရာကိုငါပြုမည်။ မပြုဘဲ နေလိမ့်မည်မဟုတ်။
တောတိရစ္ဆာန်များပင်လျှင်ငါ၏ဂုဏ်ကျေးဇူးကို ချီးကူးကြလိမ့်မည်။ ငါသည်မိမိရွေးချယ်ထားသူလူတို့ ရေရရှိရေးအတွက်၊သဲကန္တာရတွင်မြစ်ရေ များကို စီးဆင်းစေသောအခါ၊ ခွေးအများနှင့်ငှက်ကုလားအုတ်များသည် ငါ့ကို ထောမနာပြုကြလိမ့်မည်။
``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။ သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။ သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊ သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား၊ ခြောက်သွေ့ပူပြင်းသောသဲကန္တာရကိုဖြတ်၍ ခေါ်ဆောင်သွားတော်မူသောအခါသူတို့သည် ရေမငတ်ကြ။ ကိုယ်တော်သည်၊သူတို့အတွက်ကျောက်ဆောင်ထဲမှ ရေစီး၍ထွက်စေတော်မူ၏။ ကျောက်ကိုကွဲအက်စေတော်မူသဖြင့် ရေသည်စီးထွက်၍လာ၏။
သူတို့သည်အဘယ်အခါ၌မျှအစာရေစာ ငတ်မွတ် ရလိမ့်မည်မဟုတ်။ သူတို့သည်မိမိတို့အားချစ်မြတ်နိုးတော် မူသော အရှင်၏လမ်းပြပို့ဆောင်မှုကိုခံယူ၍၊ နေနှင့်သဲကန္တာရအပူရှိန်ကြောင့်ဘေး အန္တရာယ် ရောက်ရလိမ့်မည်မဟုတ်။ ထိုအရှင်သည်သူတို့အားစမ်းရေတွင်းများ ရှိရာသို့ ပို့ဆောင်တော်မူလိမ့်မည်။
ရေငတ်သူအပေါင်းတို့၊လာကြလော့။ ဤအရပ်တွင်ရေရှိ၏။ ကြေးငွေမရှိသူတို့လာ၍ဂျုံစပါးကို ဝယ်ယူစားသုံးကြလော့။ နို့နှင့်ပျားရည်ကိုဝယ်ယူကြလော့။ အဖိုးငွေတစ်ပြားတစ်ချပ်မျှသင်တို့ ကုန်ကျရလိမ့်မည်မဟုတ်။
ငါသည်လည်းသင်တို့ကိုထာဝစဉ်လမ်းပြ ပို့ဆောင်ကာ နေပူပြင်းလျက်ခြောက်သွေ့ရာ ဒေသ၌ကောင်းမြတ်သည့်အစားအစာ များအားဖြင့်ရောင့်ရဲစေမည်။ သင်တို့အား ကျန်းမာသန်စွမ်းစေမည်။ သင်တို့သည်ရေ အလုံအလောက်ရရှိသည့်ဥယျာဉ်ကဲ့သို့ လည်းကောင်း၊ အဘယ်အခါ၌မျှမခန်း မခြောက်သည့်စမ်းချောင်းကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။-
ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။
သင်တို့သည်``ထာဝရဘုရား၏သန့်ရှင်း မြင့်မြတ်သည့် လူမျိုးတော်၊'' ``ထာဝရဘုရားကယ်တင်တော်မူခဲ့သည့် လူမျိုးတော်'' ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရကြလိမ့်မည်။ ယေရုရှလင်မြို့သည်လည်း``ဘုရားသခင် ချစ်မြတ်နိုးသည့်မြို့'' ``ဘုရားသခင်စွန့်ပစ်တော်မမူသည့်မြို့'' ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။
ထို့ကြောင့်ငါ့စကားကိုနားထောင်ရန်ငါ့ကို ဝတ်ပြုသူတို့သည်ဖောဖောသီသီစားသောက် ရကြလျက် သင်တို့မူကားဆာငတ်မွတ်သိပ် လျက်ရေငတ်ကြလိမ့်မည်။ ငါ၏ကျွန်တို့ သည်ပျော်ရွှင်ကြလျက် သင်တို့မူကားအရှက် ကွဲကြလိမ့်မည်ဖြစ်ကြောင်းသင်တို့အား ငါ ထာဝရအရှင်ဘုရားသခင်ပြောကြား၏။-
သူတို့ပြုသည့်ဆုတောင်းပတ္ထနာမပြီးမဆုံး မီ၌ပင်လျှင် ငါသည်သူတို့၏ပန်ကြားချက် ကိုနားညောင်းမည်။-
ငါသည်စကြဝဠာတစ်ခုလုံးကိုဖန်ဆင်း တော်မူခဲ့၍ ဤအရာများပေါ်ပေါက်လာ ရသည်မဟုတ်လော။ စိတ်နှလုံးနှိမ့်ချ၍ နောင်တရသူများနှင့်ငါ့ကိုကြောက်ရွံ့ ရိုသေကာ ငါ၏စကားကိုနားထောင်သူ များကိုငါနှစ်သက်၏။
ငါသည်မောပန်းနွမ်းနယ်သူတို့ကိုလန်းဆန်း စေ၍ဆာလောင်မွတ်သိပ်သဖြင့် အားအင်ချိ နဲ့သူတို့ကိုဝပြောစွာကျွေးတော်မူမည်။-
သူတို့သည်မိမိတို့၏နို့စို့ကလေးများအား အစာငတ်ရေငတ်ထား၍သေစေကြ၏။ ကလေးသူငယ်တို့သည်အစားအစာ တောင်းခံလျက်နေသော်လည်း သူတို့အားအဘယ်သူမျှမပေးကြ။
ထိုလူက ``ဤရေသည်မြေပြင်ကိုဖြတ်၍ အရှေ့ဘက်သို့စီးဆင်းရာယော်ဒန်ချိုင့်ဝှမ်း နှင့်ပင်လယ်သေထဲသို့စီးဆင်းသွားကာ ထိုပင်လယ်ရေငန်ကိုရေချိုဖြစ်စေ၏။-
``စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာ ရှိကြ၏။ ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံ ဖြစ်၏။
``ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာကျင့်သုံးရန်လိုလားတောင့်တသော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်တောင့်တသည်အတိုင်း အပြည့်အဝရရှိကြလတ္တံ့။
သူဌေးက `အဖအာဗြဟံ၊ အကျွန်ုပ်ကိုသနား တော်မူပါ။ အကျွန်ုပ်သည်ဤမီးလျှံထဲတွင် ပြင်းစွာဝေဒနာခံနေရပါ၏။ လာဇရုသည် လက်ဖျားကိုရေမှာနှစ်၍အကျွန်ုပ်၏လျှာ ကိုအေးစေမည့်အကြောင်း သူ့အားအကျွန်ုပ် ထံသို့စေလွှတ်တော်မူပါ' ဟုအော်၍လျှောက်၏။
သို့ဖြစ်၍ငါသည်ခရစ်တော်၏တန်ခိုး တော်တွင်ခိုလှုံနိုင်ရန် ငါ၏အားနည်းချက် များကြောင့်အထူးဝမ်းမြောက်လျက်ဂုဏ် ယူဝါကြွား၏။-
ထိုနောက်ကိုယ်တော်က``အမှုပြီးပြီ။ ငါသည် ပထမနှင့်နောက်ဆုံး၊ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သူအားအသက်စမ်းရေကိုအဖိုး အခမပေးရဘဲသောက်ခွင့်ငါပေးမည်။-
ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက ``ကြွလာတော်မူပါ'' ဟုဆိုကြ၏။ ထိုသို့ဆိုသည်ကိုကြားသောသူမှန်သမျှသည် လည်း ``ကြွလာတော်မူပါ'' ဟုဆိုကြပါစေ။ ရေငတ်သူသည်လာပါစေ။ အသက်ရေကိုအလိုရှိသူသည်အခမဲ့ ယူပါစေ။