ဟေရှာယ 41:18 - Common Language Bible18 ငါသည်တောင်ကတုံးများ၌မြစ်များဖြစ်ပေါ်စေ၍၊ ချိုင့်ဝှမ်းများနှင့်စမ်းရေများပေါက်စေမည်။ ငါသည်သဲကန္တာရကိုရေကန်များ အဖြစ်သို့လည်းကောင်း၊ ခြောက်သွေ့သောမြေယာများကိုစမ်းရေတွင်း များ အဖြစ်သို့လည်းကောင်းပြောင်းလဲစေမည်။ အခန်းကိုကြည့်ပါ။Garrad Bible18 ငါ ထာ ဝ ရ ဘု ရား သ နား ၍ တောင် ထိပ် ပေါ် တွင် မြစ် ကိုလည်း ကောင်း၊ ချိုင့် တွင် စမ်း ကိုလည်း ကောင်း၊ ပေါက် စေ သည့် ပြင်၊ သဲ ကန္တာ ရ အ ရပ် ကို ရေ အိုင်၊ သွေ့ ခြောက် ရာ အ ရပ် ကို စမ်း ပေါက် ဖြစ် စေ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible18 မြင့်သောအရပ်တို့၌ မြစ်ကိုလည်းကောင်း၊ နိမ့်သောအရပ်တို့၌ စမ်းရေကိုလည်းကောင်း ငါပေါက်စေမည်။ တောအရပ်၌ ရေကန်များကိုလည်းကောင်း၊ သွေ့ခြောက်သောအရပ်၌ စမ်းရေတွင်းများကိုလည်းကောင်း ငါဖြစ်စေမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ငါသည် တောင်ကတုံးပေါ်တွင် မြစ်ကိုလည်းကောင်း၊ ချိုင့်ဝှမ်းအလယ်တွင် စမ်းရေကိုလည်းကောင်း စီးဆင်းစေမည်။ တောကန္တာရကို ရေအိုင်ဖြစ်စေ၍ ခြောက်သွေ့သောအရပ်ကို စမ်းရေတွင်းဖြစ်စေမည်။ အခန်းကိုကြည့်ပါ။ |
ကန္တာရသည်ရွှင်မြူးလိမ့်မည်။ မြေရိုင်းများတွင်လည်းပန်းများပွင့်လိမ့်မည်။ ကန္တာရသည်ဝမ်းမြောက် ရွှင်လန်းသဖြင့် သီချင်းဆိုကြွေးကြော်လိမ့်မည်။ လေဗနုန်တောင်ကဲ့သို့လှပတင့်တယ်လျက် ကာရမေလနှင့်ရှာရုန်တောင်ကုန်း လယ်ယာများကဲ့သို့အသီးအနှံများ ဝေဆာလျက် ရှိလိမ့်မည်။ လူအပေါင်းတို့သည်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်၏တန်ခိုးအာနုဘော်တော်ကို လည်းကောင်း ဖူးမြင်ရကြလိမ့်မည်။
ငါသည်လည်းသင်တို့ကိုထာဝစဉ်လမ်းပြ ပို့ဆောင်ကာ နေပူပြင်းလျက်ခြောက်သွေ့ရာ ဒေသ၌ကောင်းမြတ်သည့်အစားအစာ များအားဖြင့်ရောင့်ရဲစေမည်။ သင်တို့အား ကျန်းမာသန်စွမ်းစေမည်။ သင်တို့သည်ရေ အလုံအလောက်ရရှိသည့်ဥယျာဉ်ကဲ့သို့ လည်းကောင်း၊ အဘယ်အခါ၌မျှမခန်း မခြောက်သည့်စမ်းချောင်းကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။-
ထို့ကြောင့်ငါ့စကားကိုနားထောင်ရန်ငါ့ကို ဝတ်ပြုသူတို့သည်ဖောဖောသီသီစားသောက် ရကြလျက် သင်တို့မူကားဆာငတ်မွတ်သိပ် လျက်ရေငတ်ကြလိမ့်မည်။ ငါ၏ကျွန်တို့ သည်ပျော်ရွှင်ကြလျက် သင်တို့မူကားအရှက် ကွဲကြလိမ့်မည်ဖြစ်ကြောင်းသင်တို့အား ငါ ထာဝရအရှင်ဘုရားသခင်ပြောကြား၏။-
ထိုကာလ၌တောင်တို့သည်စပျစ်ဥယျာဉ် များနှင့် ဖုံးလွှမ်းလျက်ရှိလိမ့်မည်။ တောင်ကုန်းမှန်သမျှတို့တွင်လည်းကျွဲနွားများ ကိုမြင်ရလိမ့်မည်။ ယုဒပြည်တစ်ခုလုံး၌ရေအလုံအလောက် ရရှိကြလိမ့်မည်။ စမ်းရေသည်ထာဝရဘုရား၏ဗိမာန်တော်မှ စီးဆင်းလာလျက်ရှိတ္တိမ်ချိုင့်ဝှမ်းကိုစိုပြေစေ လိမ့်မည်။