ယေဇကျေလ 47:8 - Common Language Bible8 ထိုလူက ``ဤရေသည်မြေပြင်ကိုဖြတ်၍ အရှေ့ဘက်သို့စီးဆင်းရာယော်ဒန်ချိုင့်ဝှမ်း နှင့်ပင်လယ်သေထဲသို့စီးဆင်းသွားကာ ထိုပင်လယ်ရေငန်ကိုရေချိုဖြစ်စေ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 ထို သူ က၊ ဤ မြစ် သည် အ ရှေ့ ခ ရိုင် နှင့်၊ အ ရာ ဗာ ချိုင့် ကို ဖြတ်၍၊ ရေ ငံ အိုင် သို့ စီး ဆင်း ဝင် ရောက် သ ဖြင့်၊ အိုင် ရေ ချို လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible8 ထိုသူကလည်း၊ ဤရေသည် အရှေ့သို့စီး၍ တောကိုလျှောက်ပြီးမှ၊ အိုင်ထဲသို့ဝင်တတ်သောအားဖြင့် အိုင်ရေသည် ချိုလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ထိုသူက ငါ့အား “ဤမြစ်ရေသည် အရှေ့ဘက်အရပ်သို့ဦးတည်ပြီး အရာဗလွင်ပြင်ကိုဖြတ်ကာ ပင်လယ်ထဲသို့ စီးဝင်သွား၏။ ပင်လယ်ထဲသို့ ရောက်သွားသောအခါ ပင်လယ်ရေသည် ရေချိုဖြစ်သွား၏။ အခန်းကိုကြည့်ပါ။ |
သူတို့အားငါပြန်လည်ခေါ်ဆောင်လာစဉ် ငါ၏လူမျိုးတော်သည်ငိုကြွေးလျက်ဆုတောင်း ပတ္ထနာပြုလျက်ပြန်လာကြလိမ့်မည်။ ငါသည်သူတို့အားစမ်းရေရှိရာအရပ်များ သို့လည်းကောင်း၊ သူတို့ခြေချော်၍မလဲစေရန် လမ်းကောင်းများဖြင့်လည်းကောင်းခေါ်ဆောင်မည်။ ငါသည်ဣသရေလလူမျိုး၏အဘသဖွယ် ဖြစ်၍ ဧဖရိမ်အနွယ်သည်ငါ၏သားဦးဖြစ်၏။''
ကန္တာရသည်ရွှင်မြူးလိမ့်မည်။ မြေရိုင်းများတွင်လည်းပန်းများပွင့်လိမ့်မည်။ ကန္တာရသည်ဝမ်းမြောက် ရွှင်လန်းသဖြင့် သီချင်းဆိုကြွေးကြော်လိမ့်မည်။ လေဗနုန်တောင်ကဲ့သို့လှပတင့်တယ်လျက် ကာရမေလနှင့်ရှာရုန်တောင်ကုန်း လယ်ယာများကဲ့သို့အသီးအနှံများ ဝေဆာလျက် ရှိလိမ့်မည်။ လူအပေါင်းတို့သည်ဘုရားသခင်၏ ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်၏တန်ခိုးအာနုဘော်တော်ကို လည်းကောင်း ဖူးမြင်ရကြလိမ့်မည်။
ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက် သူတို့၏နားများသည်လေးလျက်မျက်စိများသည် ပိတ်လျက်ရှိ၏။ အကယ်၍သာသူတို့၏မျက်စိများသည်မြင်နိုင်၍ နားများသည်ကြားနိုင်လျက်၊ စိတ်နှလုံးသည်လည်းသိနားလည်နိုင်မည်ဆိုပါမူ သူတို့သည်ငါ့ကိုခိုလှုံကိုးစားလာကြမည်ဖြစ်၍၊ ငါသည်လည်းသူတို့၏အပြစ်များကို ဖြေလွှတ်တော်မူပေအံ့' ဟုဘုရားသခင်မိန့်တော်မူကြောင်းဟေရှာယ ဟောချက်သည်မှန်ပေ၏။
မောရှေသည်ထာဝရဘုရားထံစိတ်အား ထက်သန်စွာဆုတောင်းသဖြင့် ထာဝရဘုရား သည်သူ့အားသစ်တုံးတစ်တုံးကိုညွှန်ပြ တော်မူ၏။ သူသည်သစ်တုံးကိုရေထဲသို့ ပစ်ချလိုက်သောအခါရေခါးသည်ရေချို ဖြစ်လာ၏။ ထာဝရဘုရားသည်ထိုအရပ်တွင် သူတို့ အားကျင့်သုံးရန်ပညတ်များကိုပြဋ္ဌာန်း ၍ ထိုအရပ်၌ပင်သူတို့နားထောင်ခြင်းရှိ၊ မရှိကိုစစ်ဆေးတော်မူ၏။-