၂ ရာချုပ် 6:17 - Common Language Bible17 အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏အစေခံ၊ အကျွန်ုပ် ၏ခမည်းတော်ဒါဝိဒ်အားကတိထားတော်မူ သမျှတို့ကိုယခုဖြစ်ပွားစေတော်မူပါ။'' အခန်းကိုကြည့်ပါ။Garrad Bible17 အို ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ကျွန် တော် ရင်း ဒါ ဝိဒ် မင်း အား မိန့် ဘူး သော ဗျာ ဒိတ် တော် ကို ယ ခု တည် မြဲ စေ တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible17 အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ကျွန် အကျွန်ုပ်အဘဒါဝိဒ်အား မိန့်တော်မူသော စကားတော်ကို ယခုပြည့်စုံစေတော်မူပါ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 အို အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အစေအပါး ဒါဝိဒ်မင်းကြီးအား မိန့်ဆိုခဲ့သည့်ကတိတော်ကို ယခု အမှန်ဖြစ်လာစေတော်မူပါ။ အခန်းကိုကြည့်ပါ။ |
မှောင်မိုက်သည့်ဘဏ္ဍာတိုက်များနှင့်လျှို့ဝှက် သည့် အရပ်တွင် သိမ်းဆည်းထားသည့်ပစ္စည်းဥစ္စာရတနာ များကို သင့်အားငါပေးမည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်း၊ ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် သင့်ကိုရွေးချယ်၍ခန့်ထားတော်မူပြီ ဖြစ်ကြောင်းကိုသင်သိရှိရလိမ့်မည်။
ငါ၏လူမျိုးတော်သည်ရေကိုလို၍ ရှာသောအခါ၌လည်းကောင်း၊ သူတို့သည်ရေငတ်သဖြင့်လည်ချောင်း ခြောက်သည့်အခါ၌လည်းကောင်း ငါထာဝရဘုရားသည်သူတို့၏ဆုတောင်း ပတ္ထနာကို နားညောင်းတော်မူမည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင် တည်းဟူသောငါသည်သူတို့အားအဘယ် အခါ၌မျှ စွန့်ပစ်လိမ့်မည်မဟုတ်။
``အို ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်နှင့်တူသော ဘုရားမိုးမြေ၌မရှိပါ။ ကိုယ်တော်၏လူမျိုး တော်သည်စကားတော်ကိုတစ်သဝေမတိမ်း နာယူကျင့်သုံးကြသောအခါကိုယ်တော် သည်သူတို့နှင့်ထားရှိသည့်ပဋိညာဉ်တော် ကိုစောင့်ထိန်းတော်မူလျက်သူတို့အား မေတ္တာတော်ကိုပြတော်မူပါ၏။-
အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်၏ ခမည်းတော်ဒါဝိဒ်အား`သင်၏သားမြေးတို့ သည်သင်နည်းတူပညတ်တော်ကိုဂရုပြု၍ လိုက်လျှောက်ကြလျှင် ဣသရေလပြည်တွင် အဘယ်အခါ၌မျှသင်၏အမျိုးမင်းရိုး ပြတ်မည်မဟုတ်' ဟုပေးတော်မူခဲ့သည့် ကတိတော်ကိုလည်းတည်စေတော်မူ ပါ။-