မြည်တမ်းစကား 4:4 - Common Language Bible4 သူတို့သည်မိမိတို့၏နို့စို့ကလေးများအား အစာငတ်ရေငတ်ထား၍သေစေကြ၏။ ကလေးသူငယ်တို့သည်အစားအစာ တောင်းခံလျက်နေသော်လည်း သူတို့အားအဘယ်သူမျှမပေးကြ။ အခန်းကိုကြည့်ပါ။Garrad Bible4 နို့ စို့ သူ ငယ် တို့ သည်၊ အာ ခေါင်၌ လျှာ ကပ် သည့် တိုင် အောင် နို့ ငတ် လျက်၊ ထ မင်း တောင်း သော နို့ ညှာ တို့ လည်း၊ ကျွေး မွေး သူ ကင်း လျက်၊ အခန်းကိုကြည့်ပါ။Judson Bible4 နို့စို့ကလေးသည် နို့ငတ်သောကြောင့်၊ လျှာသည် အာခေါင်၌ ကပ်လျက်ရှိ၏။ သူငယ်တို့သည် မုန့်ကိုတောင်း၍ အဘယ်သူမျှမပေး။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 နို့စို့ကလေးငယ်သည် နို့ဆာသောကြောင့် သူ၏လျှာသည် အာခေါင်၌ ကပ်နေ၏။ ကလေးသူငယ်တို့သည် မုန့်ကိုတောင်းသော်လည်း ပေးမည့်သူတစ်ယောက်မျှမရှိ။ အခန်းကိုကြည့်ပါ။ |
သူ၏မြို့သူမြို့သားတို့သည်အစားအစာ ရှာဖွေလျက် နေစဉ်ညည်းတွားကြ၏။ သူတို့သည်အသက်ဆက်လက်ရှင်နိုင်ရေးအတွက် မိမိတို့ဥစ္စာဘဏ္ဍာများကိုအစားအစာနှင့် လဲလှယ်ရကြ၏။ ထိုမြို့က``အို ထာဝရဘုရားကျွန်တော်မျိုးကို ကြည့်ရှုတော်မူပါ။ ကျွန်တော်မျိုးစိတ်ဆင်းရဲခြင်းခံနေရသည်ကို ကြည့်ရှုတော်မူပါ'' ဟုအော်ဟစ်တောင်းပန်၏။
သို့ဖြစ်၍သင်တို့ကိုတိုက်ခိုက်ရန် ထာဝရ ဘုရားစေလွှတ်သောရန်သူ၏အမှုကိုသင် တို့ထမ်းရလိမ့်မည်။ သင်တို့သည်စားရေး၊ သောက်ရေး၊ ဝတ်ရေးမှစ၍အရာရာ၌ချို့ တဲ့လျက်ရှိကြလိမ့်မည်။ သင်တို့သေကြေ ပျက်စီးသည့်တိုင်အောင် ရန်သူများသည် သင်တို့အားညှင်းဆဲနှိပ်စက်လိမ့်မည်။-
ချမ်းသာကြွယ်ဝသူများသည်မိမိတို့ အစေခံများကိုလွှတ်၍ ရေအခပ်ခိုင်းသည့်အတိုင်းအစေခံတို့သည် ရေကန်များသို့သွားရောက်ကြသော်လည်း ရေကိုမတွေ့ရကြ။ သူတို့သည်အိုးဟောင်းလောင်းနှင့်ပြန်လာရ ကြ၏။ သူတို့သည်စိတ်ပျက်အားလျော့ကာဝေခွဲမရ ဖြစ်လျက် ဦးခေါင်းခြုံ၍နေကြ၏။
ထိုသူက``ဧကရာဇ်ဘုရင်သည်သင်တို့နှင့်သင်တို့ ဘုရင်အား ဤစကားများကိုပြောကြားရန်ငါ့ အားစေလွှတ်တော်မူလိုက်သည်ဟုမထင်ကြနှင့်။ ငါသည်မြို့ရိုးပေါ်တွင်ထိုင်နေကြသူတို့အားလည်း ပြောကြားပါ၏။ သင်တို့နည်းတူသူတို့သည်လည်း မိမိတို့၏ကျင်ကြီးကျင်ငယ်ကိုပြန်၍စားသောက် ကြရလိမ့်မည်'' ဟုပြန်ပြော၏။