ဟေရှာယ 41:15 - Common Language Bible ငါသည်သင်တို့အားထက်မြက်သည့် အသွားများရှိသောစပါးနယ်စက်အသစ် ကဲ့သို့ ဖြစ်စေတော်မူမည်။ သင်တို့သည်တောင်ကြီးများကိုနယ်၍ ညက်ညက်ကြေစေလိမ့်မည်။ တောင်ငယ်များသည်လည်းမြေမှုန့်ဖြစ်၍ သွားကြလိမ့်မည်။ Garrad Bible သင့် ကို ထက် သော အ သွား နှင့် ပြည် သည့် နယ် စက် သစ်၊ ငါ ဖြစ် စေ သည့် အ လျောက် တောင် များ ကို ကြိတ်၍ ချေ မွ ခြင်း၊ ကုန်း များ ကို ဝါး၍ ဖွဲ သ ဖွယ် လှေ့ ခြင်း၊ သင် ပြု ပြီး လျှင်၊ လေ ပြင်း မုန် တိုင်း ဖြင့် တိုက် သွား၍ လွင့် ပြား လိမ့် မည်။ သင် မူ ကား၊ ထာ ဝ ရ ဘု ရား ကြောင့် ရွှင် လန်း ခွင့်၊ ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ကြောင့် ဂုဏ် ရောက် ခွင့် ရ လိမ့် မည်။ Judson Bible ငါသည် သင့်ကို အသွားရှိသော စပါးနယ်စရာ ယန္တရားစက်အသစ် ဖြစ်စေမည်။ သင်သည် တောင်ကြီးတို့ကိုနယ်၍ ညက်စေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ ဖြစ်စေမည်။ မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ငါသည် သင့်ကို အသွားထက်သည့် ကောက်နယ်တန်ဆာပလာအသစ်ဖြစ်စေမည်။ သင်သည် တောင်ကြီးတို့ကို နင်းနယ်၍ ညက်ညက်ကြေစေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ဖြစ်စေမည်။ |
လေတိုက်၍လွင့်ပါသွားသောမြေမှုန့်သဖွယ် ဖြစ်စေရန် သူတို့အားကျွန်တော်မျိုးချေမှုန်းပါ၏။ လမ်းများပေါ်မှရွှံ့သဖွယ်သူတို့အား ကျွန်တော်မျိုးကျော်နင်းပါ၏။
ထိုနိုင်ငံသားတို့သည်လှိုင်းလုံးများသဖွယ် တစ်ဟုန်တည်းရှေ့သို့ချီတက်လာကြ၏။ သို့ ရာတွင်ဘုရားသခင်ကသူတို့အားဖြင့် ပြင်း ပြင်းထန်ထန်မိန့်ကြားဆုံးမတော်မူသော အခါသူတို့သည်တောင်နံရံမှမြေမှုန့်များ ကဲ့သို့လည်းကောင်း၊ လေဗွေတွင်လွင့်ပါသွား သည့်ဖွဲကဲ့သို့လည်းကောင်းဆုတ်ပြေးကြ ကုန်၏။-
ငါ၏အမျိုးသားတို့၊ သင်တို့သည်ဂျုံနှံ သဖွယ်အနင်းအနယ်ခံခဲ့ရကြ၏။ သို့ရာ တွင်ငါသည်ဣသရေလအမျိုးသားတို့၏ ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရ ဘုရားထံတော်မှကြားရသည့်သတင်းကို ယခုသင်တို့အားကြေညာပြီးလေပြီ။
စမုန်နက်နှင့်ဇီယာနှံများကိုတင်းပုတ်နှင့် ရိုက်၍မနယ်တတ်။ ယင်းသို့ပြုမည့်အစား ထိုက်လျောက်ရာတုတ်ငယ်ဖြင့်သာလျှင် ရိုက်နယ်တတ်၏။-
အို ယေရုရှလင်မြို့၊ သင့်ကိုတိုက်ခိုက်ကြ သည့်လူမျိုးခြားအပေါင်းတို့သည် မြေမှုန့် ကဲ့သို့လည်းကောင်း၊ သူတို့၏ကြောက်မက် ဖွယ်ကောင်းသည့်စစ်တပ်များသည် ဖွဲကဲ့ သို့လည်းကောင်းချက်ခြင်းလွင့်စင်သွား ကြလိမ့်မည်။-
ငါသည်တောင်ကြီးတောင်ငယ်တို့ကိုဖြိုဖျက်၍ မြက်နှင့်သစ်ပင်များကိုခြောက်သွေ့စေမည်။ ငါသည်မြစ်ဝှမ်းတို့ကိုသဲကန္တာရများ အဖြစ်သို့ ပြောင်းလဲစေ၍ရေကန်များကိုခန်းခြောက်စေမည်။
ကိုယ်တော်ရှင်သည်အဘယ်ကြောင့်မိုးကောင်းကင် ကိုဖွင့်လှစ်၍ ဆင်းသက်ကြွလာတော်မမူပါ သနည်း။ တောင်များသည်ကိုယ်တော်ရှင်ကို မြင်၍ကြောက်လန့်တုန်လှုပ်ကြပါလိမ့်မည်။-
ထာဝရဘုရားက``အို ဗာဗုလုန်မြို့၊ သင်သည်ငါ၏သံတူ၊စစ်တိုက်ရာတွင် ငါအသုံးပြုသည့်လက်နက်ဖြစ်၏။ ငါသည်သင့်ကိုအသုံးပြု၍လူမျိုးတကာကို ချေမှုန်းခဲ့၏။ တိုင်းနိုင်ငံတို့ကိုပြိုကွဲစေခဲ့၏။
မကြာမီပင်ရန်သူသည်သူတို့အားခုတ်ထစ် ပြီးလျှင် ကောက်နယ်တလင်းမှစပါးများကဲ့ သို့နင်းနယ်ကြလိမ့်မည်။ ဤကားဣသရေလ အမျိုးသားတို့၏ဘုရားသခင်အနန္တတန် ခိုးရှင်ထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
ယေရမိက``တောင်ရိုးများအတွက်ငါမြည် တမ်းမည်။ မြက်ခင်းများအတွက်ငါငိုကြွေးမည်။ အဘယ်ကြောင့်ဆိုသော်စားကျက်တို့သည် ခြောက်သွေ့သွား၍ ဖြတ်သန်းသွားလာမည့်သူကင်းမဲ့လျက် နေသောကြောင့်ဖြစ်၏။ သိုးနွားမြည်သံကိုမကြားရကြတော့ပေ။ ငှက်များ၊တောတိရစ္ဆာန်များသည်လည်း ထွက်ပြေးကြလေပြီ'' ဟုဆို၏။
ငါသည်ထိုပြည်ကိုလူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေမည်။ ပြည်သူတို့ဂုဏ်ယူဝါ ကြွားရာဖြစ်သည့်တန်ခိုးအာဏာသည် လည်းဆိတ်သုဉ်းသွားလိမ့်မည်။ မည်သူမျှ ဖြတ်သန်းသွားလာမှုမပြုနိုင်လောက်အောင် ဣသရေလတောင်တို့သည်တောရိုင်းဖြစ် လိမ့်မည်။-
ချက်ချင်းပင်သံ၊ ရွှံ့စေးသရွတ်၊ ကြေးဝါ၊ ငွေနှင့်ရွှေတို့သည်ကြေမွ၍သွားပါ၏။ ယင်းတို့သည်နွေရာသီကောက်နယ်တလင်း က မြေမှုန့်များသဖွယ်လေတိုက်ရာသို့ လွင့်ပါသွားလေသည်။ အစအနတစ်စုံ တစ်ရာမျှပင်မကျန်ခဲ့ပါ။ သို့ရာတွင် ကျောက်ခဲကြီးမူကားကမ္ဘာမြေတစ်ပြင် လုံးကိုလွှမ်းမိုးသည့်တောင်ကြီးဖြစ်လာ ပါ၏။
ထာဝရဘုရားက``ယေရုရှလင်မြို့သားတို့၊ ရန်သူများကိုချေမှုန်းရန်ချီတက်ကြလော့၊ ငါသည်သင်တို့အားသံဦးချိုနှင့်ကြေးဝါ ခွာများရှိသော နွားသိုးကဲ့သို့ခွန်အားပြည့် စေမည်။ သင်တို့သည်နိုင်ငံများစွာကိုချေမှုန်း နိုင်သဖြင့်အဋ္ဌမ္မနည်းဖြင့် သူတို့ရရှိထား သောဥစ္စာဘဏ္ဍာများကိုသိမ်းယူ၍ ကမ္ဘာကို အစိုးရသောငါထာဝရဘုရားအား ဆက်သလော့'' ဟုမိန့်တော်မူ၏။
တောသားရဲများထဲသို့ရောက်ရှိနေသော ခြင်္သေ့ကဲ့သို့လည်းကောင်း၊ သိုးအုပ်ထဲသို့ရောက် ရှိနေသောခြင်္သေ့ပျိုကဲ့သို့လည်းကောင်း အသက် မသေဘဲကျန်ရစ်ခဲ့သောဣသရေလအမျိုး သားတို့သည်အခြားလူမျိုးများထဲတွင် ရောက်ရှိနေလိမ့်မည်။ ခြင်္သေ့သည်သိုးအုပ်ထဲ သို့ဝင်၍ သိုးများကိုအုပ်ဖမ်းလျက်အပိုင်း ပိုင်းကိုက်ဖြတ်မည်ဖြစ်ရာ၊ မည်သူကမျှ ကယ်နိုင်မည်မဟုတ်။-
တောင်များသဖွယ်ကြီးမားသည့်အခက် အခဲတို့သည်သင်၏ရှေ့မှကွယ်ပျောက်သွား လိမ့်မည်။ သင်သည်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ရလိမ့်မည်။ တိုက်ထောင့်အထွတ် ကျောက်ကိုအပြီးသတ်တပ်ဆင်လိုက်သော အခါ ပြည်သူတို့က`တင့်တယ်လှပါပေသည်၊ တင့်တယ်လှပါပေသည်' ဟုကြွေးကြော် ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။''
တောင်ကုန်းဒေသကိုသင်တို့အားပေးမည်။ ထိုဒေသသည်သစ်တောဖြစ်သော်လည်း သင် တို့သည်တောကိုခုတ်ထွင်၍တစ်စွန်းမှတစ် စွန်းအထိနေထိုင်လော့။ ခါနာန်အမျိုးသား တို့တွင်သံစစ်ရထားများရှိ၍အင်အား ကောင်းသော်လည်းသင်တို့သည်သူတို့ကို နှင်ထုတ်နိုင်ကြလိမ့်မည်'' ဟုပြောဆို၏။
ထာဝရဘုရားက``ငါသည်သင့်ကိုကူမမည် ဖြစ်၍ ထိုအမှုကိုသင်ပြုနိုင်လိမ့်မည်။ သင်သည် လူတစ်ယောက်တည်းကိုလုပ်ကြံရဘိသကဲ့ သို့ မိဒျန်အမျိုးသားများအားအလွယ် တကူနှိမ်နင်းနိုင်လိမ့်မည်'' ဟုမိန့်တော် မူ၏။