ယောရှု 17:18 - Common Language Bible18 တောင်ကုန်းဒေသကိုသင်တို့အားပေးမည်။ ထိုဒေသသည်သစ်တောဖြစ်သော်လည်း သင် တို့သည်တောကိုခုတ်ထွင်၍တစ်စွန်းမှတစ် စွန်းအထိနေထိုင်လော့။ ခါနာန်အမျိုးသား တို့တွင်သံစစ်ရထားများရှိ၍အင်အား ကောင်းသော်လည်းသင်တို့သည်သူတို့ကို နှင်ထုတ်နိုင်ကြလိမ့်မည်'' ဟုပြောဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible18 တော ကြီး ဖြစ် သော ခင် တန်း ကို ခုတ် ထွင်၍ အ ပိုင် ရ ကြ မည်။ သံ ရ ထား တပ် နှင့် ခွန် အား ကြီး သော ခါ နာန် လူ မျိုး လူ တို့ ကို နှင် ထုတ် ပြီး မှ တော ခင် တန်း၊ အ ဆင်း ချိုင့် ကို လည်း ပိုင် ရ ကြ လိမ့် မည် ဟု ဧ ဖ ရိမ်၊ မ နာ ရှေ တည်း ဟူ သော ယော သပ် အ နွယ် သား တို့ အား ပြော ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible18 တောင်သည်လည်း သင်တို့အဖို့ ဖြစ်လိမ့်မည်။ သစ်ပင်များလျှင် ခုတ်လှဲရမည်။ ထွက်ရာလမ်းတို့သည်လည်း သင်တို့အဖို့ ဖြစ်လိမ့်မည်။ ခါနနိလူတို့သည် ခွန်အားကြီး၍ သံရထားနှင့် ပြည့်စုံသော်လည်း၊ သူတို့ကို နှင်ထုတ်ကြလိမ့်မည်ဟု ဧဖရိမ်အမျိုး၊ မနာရှေအမျိုးတည်းဟူသော ယောသပ်အမျိုးသားတို့အား ပြောဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 တောင်ပေါ်ဒေသကိုလည်း သင်တို့အပိုင်ဖြစ်စေမည်။ ထိုဒေသသည် တောဖြစ်သောကြောင့် သင်တို့ခုတ်ထွင်ရှင်းလင်းရမည်။ သင်တို့ခုတ်ထွင်နိုင်သမျှ သင်တို့အပိုင်ဖြစ်မည်။ ခါနာန်လူမျိုးတို့သည် သံရထားများပိုင်ဆိုင်ပြီး အင်အားကြီးသော်လည်း သူတို့ကို သင်တို့နှင်ထုတ်နိုင်လိမ့်မည်”ဟု ပြန်ပြော၏။ အခန်းကိုကြည့်ပါ။ |
ယောသပ်သည်နွားလားဥသဖကဲ့သို့လည်း ကောင်း၊ နွားရိုင်းဦးချိုကဲ့သို့လည်းကောင်းခွန်အား ကြီး၏။ သူ၏ဦးချိုများသည်ကားမနာရှေအနွယ်ဝင်နှင့် ဧဖရိမ်အနွယ်ဝင်ထောင်သောင်းများစွာတို့ ဖြစ်သတည်း။ သူသည်ထိုဦးချိုများဖြင့်လူအမျိုးမျိုးတို့ကို မြေကြီးအစွန်းသို့တိုင်အောင်ခတ်ထုတ်လိမ့်မည်။''
သိမ်းယူရန်ကျန်ရှိနေသေးသောနယ်မြေ များတွင် လေဗနုန်တောင်နှင့်မိသရဖောသ မိမ်မြို့စပ်ကြားတောင်ကုန်းဒေသတွင် နေ ထိုင်သောဇိဒုန်အမျိုးသားတို့၏နယ်မြေ အားလုံးလည်းပါဝင်သည်။ ဣသရေလ အမျိုးသားတို့သည်ဤပြည်များကိုသိမ်း ယူရန်ချီတက်လာသည့်အခါ သူတို့အား လုံးကိုငါနှင်ထုတ်မည်။ ငါသည်သင့်အား မိန့်မှာထားသည့်အတိုင်းဣသရေလ အမျိုးသားတို့အတွက်နယ်မြေအားလုံး ကိုခွဲဝေပေးရမည်။-