ထာဝရဘုရားသည်ပရောဖက်နာသန်အား ဒါဝိဒ်ထံသို့စေလွှတ်တော်မူသဖြင့် နာသန်သည် သွား၍မင်းကြီးအား``အခါတစ်ပါးကတစ်မြို့ တည်းနေလူနှစ်ယောက်ရှိ၏။ တစ်ယောက်သည်ချမ်း သာကြွယ်ဝ၍တစ်ယောက်ကဆင်းရဲ၏။-
ဟေရှာယ 39:3 - Common Language Bible ထိုနောက်ဟေရှာယသည်ဟေဇကိမင်းထံ သွား၍``ထိုသူတို့သည်အဘယ်အရပ်မှလာ ပါသနည်း။ သူတို့ကအရှင့်အားအဘယ် သို့ပြောဆိုကြပါသနည်း'' ဟုမေး၏။ ဟေဇကိက``သူတို့သည်အလွန်ဝေးသော ဗာဗုလုန်ပြည်မှလာပါသည်'' ဟုဆိုလျှင်၊ Garrad Bible ထို နောက် ဟေ ဇ ကိ မင်း ထံ ပ ရော ဖက် ဟေ ရှာ ယ ဝင် ရောက်၍ ထို သူ တို့ သည် မည် သို့ တင် လျှောက် ကြ သ နည်း။ မည် သည့် ပြည် မှ လာ ကြ သ နည်း ဟု မေး သော်၊ ဟေ ဇ ကိ မင်း က၊ ဝေး ကွာ သော ပြည်၊ ဗာ ဗု လုန် မြို့ မှ အ ကျွန်ုပ် ထံ လာ ရောက် ကြ ပါ ပြီ ဟု ပြန် ဆို လျှင်၊ Judson Bible ထိုအခါ ပရောဖက် ဟေရှာယသည် ဟေဇကိမင်းကြီးထံတော်သို့ သွား၍၊ ထိုသူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့ လာကြပါသနည်းဟု မေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ်၊ ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပရောဖက်ဟေရှာယသည် ဟေဇကိမင်းကြီးထံသို့လာပြီး “ထိုသူတို့သည် မည်သည့်အကြောင်းကို ပြောဆိုကြသနည်း။ မည်သည့်အရပ်မှ လာကြသနည်း”ဟု မေးလျှင် ဟေဇကိမင်းကြီးက “သူတို့သည် ဝေးလံသောအရပ် ဘေဘီလုံမြို့မှ လာကြပါ၏”ဟု ဆိုလေ၏။ |
ထာဝရဘုရားသည်ပရောဖက်နာသန်အား ဒါဝိဒ်ထံသို့စေလွှတ်တော်မူသဖြင့် နာသန်သည် သွား၍မင်းကြီးအား``အခါတစ်ပါးကတစ်မြို့ တည်းနေလူနှစ်ယောက်ရှိ၏။ တစ်ယောက်သည်ချမ်း သာကြွယ်ဝ၍တစ်ယောက်ကဆင်းရဲ၏။-
ထိုအချိန်၌ပရောဖက်ဟာနန်သည်အာသ မင်းထံသို့သွား၍``ဘုရင်မင်းသည်မိမိ၏ ဘုရားသခင်ကိုအားကိုးမည့်အစားရှုရိ မင်းကိုအားကိုးသည်ဖြစ်၍ဣသရေလ ၏တပ်မတော်သည်ဘုရင်မင်း၏လက်မှလွတ် မြောက်သွားလေပြီ။-
ဟာနန်၏သားပရောဖက်ယေဟုသည်မင်းကြီး ထံသို့သွား၍``ဘုရင်မင်းသည်သူယုတ်မာတို့ကို ကူညီမစအပ်ပါသလော။ ထာဝရဘုရားကို မုန်းသူတို့နှင့်မိတ်ဆွေဖွဲ့အပ်ပါသလော။ ယင်း အမှုတို့ကြောင့်ထာဝရဘုရား၏အမျက်တော် သည် ဘုရင်မင်း၏အပေါ်သို့သက်ရောက်လေ ပြီ။-
သို့ဖြစ်၍ထာဝရဘုရားသည်အမျက်ထွက် တော်မူ၍ ပရောဖက်ကိုအာမဇိထံစေလွှတ် တော်မူ၏။ ပရောဖက်က``မင်းကြီး၏လက်မှ မိမိလူတို့ကိုမကယ်နိုင်သောလူမျိုးခြား ဘုရားတို့ကို မင်းကြီးသည်အဘယ်ကြောင့် ဝတ်ပြုရှိခိုးပါသနည်း'' ဟုမေး၏။
ထိုအချိန်ကာလလောက်၌ပင် ဟေဇကိမင်း သည်သေလုမတတ်ဖျားနာ၍လာ၏။ အာမုတ် ၏သားပရောဖက်ဟေရှာယသည်မင်းကြီး အားလာရောက်ကြည့်ရှုပြီးနောက်``အရှင်သည် ပြန်လည်ကျန်းမာလာတော့မည်မဟုတ်သ ဖြင့် အရှင်နောက်ဆုံးမှာကြားရန်ရှိသည်တို့ ကိုမှာကြားခဲ့ရန်ထာဝရဘုရားမိန့်တော် မူပါ၏။ သို့ဖြစ်၍နတ်ရွာစံရန်အသင့်ပြင် ပါလော့'' ဟုဆို၏။
ဟေဇကိထံသို့ပြန်လည်စေလွှတ်တော်မူ ကာ``သင်၏ဘိုးတော်ဒါဝိဒ်၏ဘုရားသခင်၊ ငါထာဝရဘုရားသည်သင့်၏ဆုတောင်း ပတ္ထနာကိုကြားတော်မူ၍ သင်၏မျက်ရည် များကိုမြင်တော်မူပြီ။ ငါသည်သင့်အား နောက်ထပ်တစ်ဆယ့်ငါးနှစ်အသက်ရှင်စေ မည်။-
``သူတို့သည်နန်းတော်တွင်း၌အဘယ်အရာ များကိုတွေ့မြင်သွားကြပါသနည်း'' ဟု မေးမြန်း၏။ ဟေဇကိက``သူတို့သည်နန်းတော်တွင်း၌ရှိ သမျှသောအရာတို့ကိုတွေ့မြင်ကြပါ၏။ ပစ္စည်းသိုလှောင်ခန်းများတွင်သူတို့အားငါ မပြသောအရာတစ်စုံတစ်ခုမျှမရှိ'' ဟု မိန့်တော်မူ၏။
သူတို့သည်ရပ်ဝေးဒေသမှရန်သူများချီ တက်လာနေကြောင်းလူမျိုးတကာတို့အား သတိပေး၍ ယေရုရှလင်မြို့ကိုကြားပြော ကြလေသည်။ ရန်သူတို့သည်ယုဒမြို့များ အားကြိမ်းမောင်းသံပြုကြလိမ့်မည်။-
ဣသရေလပြည်သားတို့၊ ထာဝရဘုရားက``ငါသည်သင်တို့အားတိုက်ခိုက်စေရန် ဝေးလံရပ်ခြားမှလူမျိုးစုတစ်စုကိုခေါ်ဆောင်ခဲ့လိမ့်မည်။ သူတို့သည်အင်အားကြီး၍အလွန်ရှေးကျသောလူမျိုး၊ သင်တို့မသိနားမလည်သောဘာသာစကားကိုပြောဆိုသောလူမျိုးဖြစ်၏။-
နားထောင်ကြလော့။ အလွန်ဝေးသော တစ်တိုင်းတစ်ပြည်တွင်ငါ၏အမျိုးသား များ ဟစ်အော်နေသံကိုငါကြားရ၏။ ``ထာဝရဘုရားသည်ဇိအုန်မြို့တွင် ရှိတော်မမူတော့ပြီလော။ ဇိအုန်မြို့၏ဘုရင်သည်ထိုမြို့တွင်မရှိတော့ ပြီလော'' သူတို့၏ဘုရင်ထာဝရဘုရားက``သင်တို့သည် အဘယ်ကြောင့်ရုပ်တုများနှင့်၊ ငါ၏အမျက်တော်ကိုလှုံ့ဆော်ပေးကြသနည်း'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်သင်တို့ကိုတိုက်ခိုက် စေရန် သင်တို့နှင့်ဘာသာစကားချင်းမတူ သောကမ္ဘာတစ်စွန်းမှ လူမျိုးတစ်မျိုးကိုခေါ် ဆောင်ခဲ့တော်မူလိမ့်မည်။ ထိုသူတို့သည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင်တို့ကို တိုက်ခိုက်လိမ့်မည်။-
ထိုနောက်သူတို့သည်ဂိလဂါလအရပ်တွင် စခန်းချလျက်ရှိသော ယောရှုနှင့်ဣသရေလ အမျိုးသားတို့ထံသို့လာရောက်ကြ၍``အကျွန်ုပ် တို့သည်သင်တို့နှင့်ငြိမ်းချမ်းရေးစာချုပ်ချုပ် ဆိုရန်အဝေးအရပ်မှလာခဲ့ကြပါသည်'' ဟုဆိုလေသည်။
ထိုအခါသူတို့က``အကျွန်ုပ်တို့သည်ကိုယ် တော်၏ဘုရားသခင်ထာဝရဘုရား၏ တန်ခိုးတော်အကြောင်းကို ကြားသိရသဖြင့် အလွန်ဝေးသောပြည်မှလာခဲ့ကြပါသည်။ အီဂျစ်ပြည်တွင်ပြုတော်မူခဲ့သမျှကို လည်းကောင်း၊-