တရားဟော 28:49 - Common Language Bible49 ထာဝရဘုရားသည်သင်တို့ကိုတိုက်ခိုက် စေရန် သင်တို့နှင့်ဘာသာစကားချင်းမတူ သောကမ္ဘာတစ်စွန်းမှ လူမျိုးတစ်မျိုးကိုခေါ် ဆောင်ခဲ့တော်မူလိမ့်မည်။ ထိုသူတို့သည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင်တို့ကို တိုက်ခိုက်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible49-50 ထာ ဝ ရ ဘု ရား သည် သင် တို့ နား မ လည် သည့် ဘာ သာ စ ကား သုံး သော လူ မျိုး၊ အို သူ ပျို သူ တို့ ကို ညှာ တာ စာ နာ ခြင်း ကင်း လျက် ရက် စက် စွာ မျက် နှာ ထား သော လူ မျိုး ကို ဝေး ကွာ ရာ မြေ ကြီး စွန်း မှ၊ လင်း ယုန် သုတ် သည့် နည်း တူ၊ ချီ လာ စေ တော် မူ မည့် အ လျောက် သင် တို့ ကို ပယ် ရှား ဖျက် ဆီး သည့် တိုင် အောင်၊ အခန်းကိုကြည့်ပါ။Judson Bible49-50 ရွှေလင်းတပျံတတ်သကဲ့သို့ လျင်မြန်သောလူမျိုး၊ ကြမ်းတမ်းသောမျက်နှာနှင့် ပြည့်စုံလျက်၊ အသက်ကြီးသူကို မရိုသေ၊ အသက်ငယ်သူကို မသနားတတ်သောလူမျိုးကို၊ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ထာဝရဘုရားသည်ခေါ်၍ သင့်ကို တိုက်စေတော်မူမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း49 ထာဝရဘုရားသည် မြေကြီးစွန်းဝေးသောအရပ်မှ လူမျိုးတစ်မျိုးကို သင့်ထံသို့ခေါ်ဆောင်လာမည်။ ထိုလူမျိုးသည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင့်ကို ထိုးသုတ်လိမ့်မည်။ သူတို့၏ဘာသာစကားကို သင်နားမလည်။ အခန်းကိုကြည့်ပါ။ |
``ထိုအချိန်ကျရောက်လာသောအခါထာဝရ ဘုရားသည် အီဂျစ်အမျိုးသားတို့အားယင် ကောင်များသဖွယ်နိုင်းမြစ်လက်တက်များ၏ အစွန်အဖျားမှလည်းကောင်း၊ အာရှုရိအမျိုး သားတို့အားပျားများသဖွယ်မိမိတို့ပြည် မှလည်းကောင်းလာရောက်ကြရန်လေချွန်သံ ဖြင့်အချက်ပေးတော်မူလိမ့်မည်။-
ထိုကာလသီတင်းနှစ်ခြောက်ဆယ့်နှစ်နှစ် ကုန်ဆုံးချိန်၌ ဘုရားသခင်ရွေးချယ်တော် မူသောခေါင်းဆောင်သည် မတရားလုပ်ကြံ သတ်ဖြတ်ခြင်းကိုခံရလိမ့်မည်။ အခြား အရပ်မှချင်းနင်းဝင်ရောက်လာသူ တန်ခိုး ကြီးမင်းတစ်ပါး၏စစ်သည်ဗိုလ်ခြေတို့ သည် ယေရုရှလင်မြို့နှင့်ဗိမာန်တော်ကို ဖြိုဖျက်ကြလိမ့်မည်။ နောက်ဆုံး၌ဘုရားသခင်ပြင်ဆင်စီရင်တော်မူသည်အတိုင်း စစ်မှုနှင့်ပျက်စီးမှုတို့သည်ရေလွှမ်းမိုး သကဲ့သို့ဖြစ်ပွားရလိမ့်မည်။-