ဟေရှာယ 39:2 - Common Language Bible2 ဟေဇကိသည်စေတမန်တို့ကိုလက်ခံပြီး လျှင် မိမိ၏ဘဏ္ဍာတော်များဖြစ်သည့် ရွှေ၊ ငွေ၊ နံ့သာမျိုး၊ နံ့သာဆီနှင့်လက်နက်ကိရိယာ ရှိသမျှတို့ကိုပြ၏။ ပစ္စည်းသိုလှောင်ခန်းများ နှင့်နိုင်ငံတော်အရပ်ရပ်တို့တွင်ထိုသူတို့ အားမင်းကြီးမပြသည့်အရာတစ်စုံ တစ်ခုမျှမရှိ။- အခန်းကိုကြည့်ပါ။Garrad Bible2 ဘ ဏ္ဍာ တိုက် တော် ရှိ ရွှေ ငွေ များ မှ စ၍ နံ သာ မျိုး၊ အ ဖိုး ထိုက် နံ့ သာ ဆီ၊ လက် နက် တိုက် အ ဆောင် အ ရွက် တော် ဟူ သ မျှ ကို ဖွင့် ပြ လေ၏။ နန်း တော် မှ စ သော နိုင် ငံ တော် တစ် ဝှမ်း လုံး တွင်၊ မ ဖွင့် မ ပြ သော အ ရာ တစ် စုံ တစ် ခု မျှ မ ရှိ ချေ။ အခန်းကိုကြည့်ပါ။Judson Bible2 ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက်၍၊ ရွှေတိုက်မှစသော ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဖိုးထိုက်သော နံ့သာဆီ၊ လက်နက်တိုက်နှင့် ဘဏ္ဍာတော်အလုံးစုံတို့ကိုပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော်အရပ်ရပ်၌ မပြသောအရာ တစ်စုံတစ်ခုမျှမရှိ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ဟေဇကိမင်းကြီးသည် သူတို့ကို ဝမ်းမြောက်ဝမ်းသာကြိုဆို၍ မိမိဘဏ္ဍာတိုက်ထဲမှ ရွှေငွေ၊ အမွှေးနံ့သာ၊ အဖိုးတန်ဆီမှစ၍ လက်နက်တိုက်အားလုံးနှင့် တွေ့သမျှအဖိုးတန်ရတနာတို့ကို သူတို့အား ပြလေ၏။ နန်းတွင်းနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ထိုသူတို့အား ဟေဇကိမင်းကြီး မပြပေးသောအရာတစ်စုံတစ်ခုမျှမရှိ။ အခန်းကိုကြည့်ပါ။ |
ရှေဘပြည်ဘုရင်မသည်ရှောလမုန်၏ဂုဏ် သတင်းကိုကြားသိရသဖြင့် ခက်ခဲသောပုစ္ဆာ များဖြင့်မင်းကြီးအားပညာစမ်းရန်ယေရု ရှလင်မြို့သို့ကြွလာတော်မူ၏။ ဘုရင်မ သည်များစွာသောအခြွေအရံလိုက်ပါ လျက်နံ့သာမျိုးများ၊ ကျောက်မျက်ရတနာ များ၊ ရွှေအမြောက်အမြားတင်ဆောင်သည့် ကုလားအုတ်များနှင့်ရောက်ရှိလာလေသည်။ သူသည်မင်းကြီး၏ရှေ့တော်သို့ရောက်ရှိ လာသောအခါမိမိစဉ်းစားရသမျှသော ပုစ္ဆာတို့ကိုမေးတော်မူ၏။-
ထိုနောက်ရှေဘဘုရင်မသည်ရှောလမုန်အား ရွှေချိန်ငါးတန်နီးပါးကိုလည်းကောင်း၊ နံ့သာ မျိုးအမြောက်အမြားနှင့်ကျောက်မျက်ရတနာ တို့ကိုလည်းကောင်းပေးဆက်တော်မူ၏။ ရှောလမုန် ရရှိဖူးသမျှသောနံ့သာမျိုးတို့အနက်ဘုရင် မပေးဆက်သည့်နံ့သာမျိုး၏ပမာဏမှာ အများဆုံးဖြစ်သတည်း။